အထာကျကျ ကလေးပြုစုပျိုးထောင်တတ်ဖို့
ကလေးငယ်ကို ပြုစုပြိုးထောင်တယ်ဆိုတဲ့ ကိစ္စဟာ နက်နဲတယ်အနုပညာဆန်တယ်လို့ပြောလို့ရပါတယ်။ဒါကို ကလေးရှိနေတဲ့မိဘတိုင်းလက်ခံမယ်ထင်ပါတယ်နော်။ကလေးတွေကြီးလာရင် လိမ္မာရေးခြားရှိဖို့ကလည်း မိဘတိုင်းတာဝန်ဆိုတော့ကလေးငယ်လေးတွေကို ဘယ်လို အထာကျကျ ပြူစုပျိုးထောင်မလဲပြောပြပေးချင်ပါတယ်။
အရင်ဆုံးကတော့ဆိုဆုံးမမှုပါ။
– ကလေးငယ်လေးတွေကို အလေးထားဆက်ဆံပေးပါ။ ကလေးငယ်တွေဟာလည်း လူကြီးတွေလို သူတို့ကို စကားပြောပုံလေးကအစ အလေးထားတာကို ခံချင်ကြပါတယ်။ စကားပြောသံကအစ အလေးထားပြောဆိုဆက်ဆံခံရတဲ့ ကလေးငယ်တွေက ပိုပြီး စိတ်ကျေနပ်မှု ရကြပါတယ်။
– ကလေးငယ်လေးတွေကို ချီးမွမ်းပေးပါ။ မိမိရဲ့ကလေးငယ်လေး သူလုပ်နေကြအလုပ်တစ်ခုကိုလုပ်ဆောင်ပြီးတာပဲဖြစ်ဖြစ် ကိုယ်ခိုင်းလိုက်တာကိုလုပ်တာပဲဖြစ်ဖြစ် မဖြစ်မနေ “သားသားက တော်လိုက်တာ” ဆိုတာမျိုး ချီးကျူးပေးပြီး သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်ပေးပါ။
– ကလေးငယ်ရဲ့ အသက်အရွယ်အရ ပြောင်းလဲလာတဲ့ အပြုအမူတွေကိုနားလည် လက်ခံပေးပါ။ ၁နှစ်ကျော် ကလေးနဲ့ ၃နှစ်ကျော်ကလေးမှာ ၁နှစ်ကလေးအရွယ်က မိဘပြောတာပို နားထောင်ပါလိမ့်မယ်။ ၃နှစ်ကျော်လာတဲ့အခါမျိုးမှာ ကလေးအများစုက အရင်ကလောက်ပြောရမလွယ်တာကို နားလည်ပေးပြီး ဖြည်းဖြည်းချော့ပြောပေးပါ။
နောက်အရေးကြီးတာတစ်ခုက ကလေးအတွက်အာဟာရ ရွေးချယ်ကျွေးဖို့ပါ။
– အာဟာရမပြည့်ဝဘူးဆိုရင် ကလေးက ရွယ်တူတွေနဲ့မတူဘဲ ညှက်နေမှာ၊ ကျန်းမာရေးချူချာမှာလည်း စိတ်ပူရပါသေးတယ်။ ကလေးတွေအတွက် အကောင်းဆုံးအာဟာရပြည့်စုံဖို့ကို “သက်တံ့ရောင် ဝါ၊ စိမ်း၊ နီ အစားအစာ” ပါရမယ်လို့အလွယ်မှတ်လို့ရပါတယ်။
အဝါရောင်ရှိတဲ့ ရွှေဖရုံသီး၊ နံနတ်သီးစတာတွေက ကလေးငယ်ကို ကင်ဆာရောဂါကာကွယ်ပြီး အရေပြားလှစေပါတယ်။
အစိမ်းရောင်ရှိတဲ့ ပဲသီး၊ ကန်စွန်းရွက်စတာတွေက ကိုယ်တွင်းအဆိပ်အတောက်ကင်းစေပြီး ကိုယ်ခံအားကောင်းစေပါတယ်။
အနီရောင်ရှိတဲ့ စတော်ဘယ်ရီ၊ ဖရဲသီး စတာတွေက ကလေးငယ်ရဲ့ နှလုံး၊ အရိုးအဆစ်ကောင်းစေပါတယ်။
ကျန်တာကတော့ နေ့စဉ်စားနေကြ ထမင်း၊ အသားငါး၊ ကြက်ဥတို့ကို ကိုယ်ခန္ဓာကြီးထွားစေဖို့ ပုံမှန်လေးကျွေးပေးဖို့လိုပါမယ်။
ကျန်းမာရေးအတွက်ကြတော့
ကလေးငယ်လေးတွေနေမကောင်းဖြစ်ရင် မိဘတွေမှာအတော် သောကရောက်ရပါတယ်။ ဒီတော့ အစထဲကလိုအပ်တဲ့ကာကွယ်ဆေးတွေထိုးထားဖို့ အာဟာရရှိအောင်ကျွေးဖို့လိုသလို နေမကောင်း ဖြစ်လာရင် အရေးပေါ်တိုက်လို့ရမယ့်ဆေးတွေလည်း အိမ်မှာဆောင်ထားသင့်ပါတယ်။ ကလေးဒဏ်ရာရရင် ထည့်ပေးဖို့ အနာကျက်ဆေးလိုမျိုး ကလေးဖျားနာ လာရင်တိုက်ဖို့ Biogesic အဖျားပျောက်ဆေးရည်လိုမျိုး ၊ ဆေးသောက်ကြောက်တဲ့ ရေဘက်တိုက်ဖို့ခက်တဲ့ကလေးတွေအတွက် Biogesis Cool Feel လိုမျိုး ကိုယ်ကူကျကပ်ခွာကို အိမ်မှာအမြဲဆောင်ထားဖို့ိလိုပါလိမ့်မယ်နော်။
မယ်တင် (ဆေး ၁)
အထာက်က် ကေလးျပဳစုပ်ိဳးေထာင္တတ္ဖို႔
ကေလးငယ္ကို ျပဳစုၿပိဳးေထာင္တယ္ဆိုတဲ့ ကိစၥဟာ နက္နဲတယ္အႏုပညာဆန္တယ္လို႔ေျပာလို႔ရပါတယ္။ဒါကို ကေလးရွိေနတဲ့မိဘတိုင္းလက္ခံမယ္ထင္ပါတယ္ေနာ္။ကေလးေတြႀကီးလာရင္ လိမၼာေရးျခားရွိဖို႔ကလည္း မိဘတိုင္းတာဝန္ဆိုေတာ့ကေလးငယ္ေလးေတြကို ဘယ္လို အထာက်က် ျပဴစုပ်ိဳးေထာင္မလဲေျပာျပေပးခ်င္ပါတယ္။
အရင္ဆံုးကေတာ့ဆိုဆံုးမမႈပါ။
– ကေလးငယ္ေလးေတြကို အေလးထားဆက္ဆံေပးပါ။ ကေလးငယ္ေတြဟာလည္း လူႀကီးေတြလို သူတို႔ကို စကားေျပာပံုေလးကအစ အေလးထားတာကို ခံခ်င္ၾကပါတယ္။ စကားေျပာသံကအစ အေလးထားေျပာဆိုဆက္ဆံခံရတဲ့ ကေလးငယ္ေတြက ပိုၿပီး စိတ္ေက်နပ္မႈ ရၾကပါတယ္။
– ကေလးငယ္ေလးေတြကို ခ်ီးမြမ္းေပးပါ။ မိမိရဲ႕ကေလးငယ္ေလး သူလုပ္ေနၾကအလုပ္တစ္ခုကိုလုပ္ေဆာင္ၿပီးတာပဲျဖစ္ျဖစ္ ကိုယ္ခိုင္းလိုက္တာကိုလုပ္တာပဲျဖစ္ျဖစ္ မျဖစ္မေန “သားသားက ေတာ္လိုက္တာ” ဆိုတာမ်ိဳး ခ်ီးက်ဴးေပးၿပီး သူ႔ကိုယ္သူ ယံုၾကည္မႈတည္ေဆာက္ေပးပါ။
– ကေလးငယ္ရဲ႕ အသက္အရြယ္အရ ေျပာင္းလဲလာတဲ့ အျပဳအမူေတြကိုနားလည္ လက္ခံေပးပါ။ ၁ႏွစ္ေက်ာ္ ကေလးနဲ႔ ၃ႏွစ္ေက်ာ္ကေလးမွာ ၁ႏွစ္ကေလးအရြယ္က မိဘေျပာတာပို နားေထာင္ပါလိမ့္မယ္။ ၃ႏွစ္ေက်ာ္လာတဲ့အခါမ်ိဳးမွာ ကေလးအမ်ားစုက အရင္ကေလာက္ေျပာရမလြယ္တာကို နားလည္ေပးၿပီး ျဖည္းျဖည္းေခ်ာ့ေျပာေပးပါ။
ေနာက္အေရးႀကီးတာတစ္ခုက ကေလးအတြက္အာဟာရ ေရြးခ်ယ္ေကၽြးဖို႔ပါ။
– အာဟာရမျပည့္ဝဘူးဆိုရင္ ကေလးက ရြယ္တူေတြနဲ႔မတူဘဲ ညႇက္ေနမွာ၊ က်န္းမာေရးခ်ဴခ်ာမွာလည္း စိတ္ပူရပါေသးတယ္။ ကေလးေတြအတြက္ အေကာင္းဆံုးအာဟာရျပည့္စံုဖို႔ကို “သက္တံ့ေရာင္ ဝါ၊ စိမ္း၊ နီ အစားအစာ” ပါရမယ္လို႔အလြယ္မွတ္လို႔ရပါတယ္။
အဝါေရာင္ရွိတဲ့ ေရႊဖရံုသီး၊ နံနတ္သီးစတာေတြက ကေလးငယ္ကို ကင္ဆာေရာဂါကာကြယ္ၿပီး အေရျပားလွေစပါတယ္။
အစိမ္းေရာင္ရွိတဲ့ ပဲသီး၊ ကန္စြန္းရြက္စတာေတြက ကိုယ္တြင္းအဆိပ္အေတာက္ကင္းေစၿပီး ကိုယ္ခံအားေကာင္းေစပါတယ္။
အနီေရာင္ရွိတဲ့ စေတာ္ဘယ္ရီ၊ ဖရဲသီး စတာေတြက ကေလးငယ္ရဲ႕ ႏွလံုး၊ အရိုးအဆစ္ေကာင္းေစပါတယ္။
က်န္တာကေတာ့ ေန႔စဥ္စားေနၾက ထမင္း၊ အသားငါး၊ ၾကက္ဥတို႔ကို ကိုယ္ခႏၶာႀကီးထြားေစဖို႔ ပံုမွန္ေလးေကၽြးေပးဖို႔လိုပါမယ္။
က်န္းမာေရးအတြက္ၾကေတာ့
ကေလးငယ္ေလးေတြေနမေကာင္းျဖစ္ရင္ မိဘေတြမွာအေတာ္ ေသာကေရာက္ရပါတယ္။ ဒီေတာ့ အစထဲကလိုအပ္တဲ့ကာကြယ္ေဆးေတြထိုးထားဖို႔ အာဟာရရွိေအာင္ေကၽြးဖို႔လိုသလို ေနမေကာင္း ျဖစ္လာရင္ အေရးေပၚတိုက္လို႔ရမယ့္ေဆးေတြလည္း အိမ္မွာေဆာင္ထားသင့္ပါတယ္။ ကေလးဒဏ္ရာရရင္ ထည့္ေပးဖို႔ အနာက်က္ေဆးလိုမ်ိဳး ကေလးဖ်ားနာ လာရင္တိုက္ဖို႔ Biogesic အဖ်ားေပ်ာက္ေဆးရည္လိုမ်ိဳး ၊ ေဆးေသာက္ေၾကာက္တဲ့ ေရဘက္တိုက္ဖို႔ခက္တဲ့ကေလးေတြအတြက္ Biogesis Cool Feel လိုမ်ိဳး ကိုယ္ကူက်ကပ္ခြာကို အိမ္မွာအျမဲေဆာင္ထားဖို႔ိလုိပါလိမ့္မယ္ေနာ္။
မယ္တင္ (ေဆး ၁)