မြင်းခွာရွက် အကြောင်း
မြင်းခွာရွက် ဟာ မြန်မာတွေကြားမှာ လူကြိုက်များတဲ့ အရွက်တစ်မျိုး ဖြစ်ပါတယ်။ မြင်းခွာရွက်သုပ်၊ မြင်းခွာရွက် ဟင်းရည် တို့ဟာနေ့စဉ် မြန်မာထမင်းဝိုင်းမှာ ပါတဲ့ ဟင်းလျာတွေ ဖြစ်ပါတယ်။ မြင်းခွာရွက် ကို ငါးပိရည် တို့စရာနဲ့လည်း စားကြပါသေးတယ်။ မြင်းခွာရွက် ကို မုန့်နှစ်နဲ့နှစ်ပြီး အကြော် အဖြစ်လည်း စားနိုင်ပါတယ်။ မြင်းခွာရွက်ဟာ ဆေးဖက်ဝင်မှန်း လူူတိုင်းသိကြပါတယ်။ မြန်မာ့ ဆေးနည်းလည်း ဖြစ်ပါတယ်။ မြင်းခွာရွက် သတ္တုရည်ဟာ နာမည်ကြီး မြန်မာ့တိုင်းရင်းဆေး တစ်ပါး ဖြစ်ပါတယ်။ ဒီလို နာမည်ကြီးတဲ့ မြင်းခွာရွက်ရဲ့ အကြောင်းကို သိပ္ပံနည်းကျ ဖော်ပြလိုပါတယ်။
မြင်းခွာရွက် တရုတ်ပန်းကန်လုံး တစ်လုံမှာ ကယ်လိုရီ ၂၅ ခန့်၊ အသားဓာတ် ၁ ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် သတ္တုဓာတ်များ ဖြစ်တဲ့ ပိုတက်ဆီယမ်၊ မဂနီဆီယမ်၊ ဆိုဒီယမ်၊ ကယ်လဆီယမ် နဲ့ ဇင့်ဓာတ်တို့ပါဝင်ပါတယ်။ ဗီတာမင် B1, B2, B3, B6 တို့ပါဝင်ပါသေးတယ်။ မြင်းခွာရွက် ရဲ့ အစွမ်းသတ္တိတွေကတော့ သဘာ၀ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ ရောင်ယမ်းတာကျစေခြင်း၊ မျက်စိအားကောင်းစေခြင်း၊ အဆစ်အမြစ်ကိုက်တာ သက်သာစေခြင်း စတာတွေ ဖြစ်ပါတယ်။ မှတ်ဉာဏ်ကို ပါ ကောင်းစေနိုင်တယ်လို့ တစ်ချို့ လေ့လာချက်တွေမှာ တွေ့ရှိရပါတယ်။ ဦးနှောက်နဲ့ အာရုံကြောကို ပါ သက်ရောက်မှု ရှိတာကြောင့် စိတ်ပူပန်မှု များနေတာတွေ၊ ညည အိပ်မပျော်တာတွေ၊ စိတ်ဖိစီးမှုများနေတာမျိုးတွေကို ပါ သက်သာစေနိုင်ကြောင်း တွေ့ရှိထားပါသေးတယ်။ ပင်ပန်းနွမ်းနယ်မှု နဲ့ နှုံးခြင်း ကိုလည်း အမြန်သက်သာစေပါတယ်။ အရေပြားဓာတ်မတည့်တာမျိုး ကိုလည်း မြင်းခွာရွက် အမှုန့်လိမ်းရင် သက်သာတာမျိုး ရှိပါတယ်။
မြင်းခွာရွက်မှာ သွေးကြဲစေတဲ့ သတ္တိလည်း ရှိပါတယ်။ ဒါကြောင့် သွေးကြဲဆေး သောက်နေရသူတွေ သတိထားရပါမယ်။ မြင်းခွာရွက်ကို နေ့စဉ် ကျိတ်သောက်တာမျိုးကတော့ မသင့်တော်ပါဘူး။ မြင်းခွာရွက်မှ မဟုတ်ပါဘူး။ တခြား ဘယ်အရွက် ဖြစ်ဖြစ် နေ့တိုင်း ကျိတ်သောက်တာမျိုးကတော့ ရှောင်သင့်ပါတယ်။ ကျမတို့ ခန္တာကိုယ်က အာဟာရ မျိုးစုံကို အသင့်အတင့်လိုပါတယ်။ တမျိုးတည်းကို အလွန်အကျွံစားသုံးတာ မျိုးဟာ ဘေးဖြစ်စေတတ်ပါတယ်။ ကောင်းကျိုး အများကြီး ရှိတဲ့ မြင်းခွာရွက်ကို တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း ဆေးဖြစ်အောင်ပဲ စားသုံးသင့်ပါတယ်။ မြင်းခွာရွက်ကို အလွန်အကျွံစားသုံးတာဟာ အသည်းကို ပါ ထိခိုက်စေနိုင်ကြောင်း လေ့လာချက်တွေလည်း တွေ့ရပါတယ်။ အရွက်စိမ်းတွေကို ကျိတ်သောက်တာမျိုးကို နေ့စဉ်လုပ်ပါက ပိုတက်ဆီယမ်ဓာတ် တွေ သွေးထဲမှာ များလာနိုင်ပါတယ်။ ကျောက်ကပ် အားနည်းတဲ့ သူမျိုး ဆိုရင် ပိုသတိထားရပါမယ်။ အဆိပ်သင့်တာမျိူး တွေ ရှိလာနိုင်ပါတယ်။ ]
ဒါကြောင့် မြင်းခွာရွက် ဖြစ်ဖြစ် တခြား ဘယ်အသီး အရွက် မဆို သင့်တင့်တဲ့ ပမာဏကိုသာ ချင့်ချိန်စားသုံး ဖြင့် ပိုမိုကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ အသီးအရွက်စားသုံးတာဟာ အလွန်ကောင်းမွန်တဲ့ အကျင့်ဖြစ်ပါတယ်။ ဆက်လက်ကျင့်သုံးကြဖို့တိုက်တွန်းလိုက်ပါတယ်။
Dr. Jasmine
ျမင္းခြာရြက္ အေၾကာင္း
ျမင္းခြာရြက္ ဟာ ျမန္မာေတြၾကားမွာ လူၾကိဳက္မ်ားတဲ့ အရြက္တစ္မ်ိဳး ျဖစ္ပါတယ္။ ျမင္းခြာရြက္သုပ္၊ ျမင္းခြာရြက္ ဟင္းရည္ တို ့ဟာေန ့စဥ္ ျမန္မာထမင္း၀ိုင္းမွာ ပါတဲ့ ဟင္းလ်ာေတြ ျဖစ္ပါတယ္။ ျမင္းခြာရြက္ ကို ငါးပိရည္ တို ့စရာနဲ ့လည္း စားၾကပါေသးတယ္။ ျမင္းခြာရြက္ ကို မုန္ ့နွစ္နဲ ့နွစ္ျပီး အေၾကာ္ အျဖစ္လည္း စားနိုင္ပါတယ္။ ျမင္းခြာရြက္ဟာ ေဆးဖက္၀င္မွန္း လူူတိုင္းသိၾကပါတယ္။ ျမန္မာ့ ေဆးနည္းလည္း ျဖစ္ပါတယ္။ ျမင္းခြာရြက္ သတၱဳရည္ဟာ နာမည္ၾကီး ျမန္မာ့တိုင္းရင္းေဆး တစ္ပါး ျဖစ္ပါတယ္။ ဒီလို နာမည္ၾကီးတဲ့ ျမင္းခြာရြက္ရဲ ့ အေၾကာင္းကို သိပၸံနည္းက် ေဖာ္ျပလိုပါတယ္။
ျမင္းခြာရြက္ တရုတ္ပန္းကန္လံုး တစ္လံုမွာ ကယ္လိုရီ ၂၅ ခန္ ့၊ အသားဓာတ္ ၁ ဂရမ္ ပါ၀င္ပါတယ္။ ဒါ့အျပင္ သတၱဳဓာတ္မ်ား ျဖစ္တဲ့ ပိုတက္ဆီယမ္၊ မဂနီဆီယမ္၊ ဆိုဒီယမ္၊ ကယ္လဆီယမ္ နဲ ့ ဇင့္ဓာတ္တို ့ပါ၀င္ပါတယ္။ ဗီတာမင္ B1, B2, B3, B6 တို ့ပါ၀င္ပါေသးတယ္။ ျမင္းခြာရြက္ ရဲ ့ အစြမ္းသတၱိေတြကေတာ့ သဘာ၀ ပိုးသတ္ေဆး အာနိသင္ရွိျခင္း၊ ေရာင္ယမ္းတာက်ေစျခင္း၊ မ်က္စိအားေကာင္းေစျခင္း၊ အဆစ္အျမစ္ကိုက္တာ သက္သာေစျခင္း စတာေတြ ျဖစ္ပါတယ္။ မွတ္ဥာဏ္ကို ပါ ေကာင္းေစနိုင္တယ္လို ့ တစ္ခ်ိဳ ့ ေလ့လာခ်က္ေတြမွာ ေတြ ့ရွိရပါတယ္။ ဦးေနွာက္နဲ ့ အာရုံေၾကာကို ပါ သက္ေရာက္မွု ရွိတာေၾကာင့္ စိတ္ပူပန္မွု မ်ားေနတာေတြ၊ ညည အိပ္မေပ်ာ္တာေတြ၊ စိတ္ဖိစီးမွုမ်ားေနတာမ်ိဳးေတြကို ပါ သက္သာေစနိုင္ေၾကာင္း ေတြ ့ရွိထားပါေသးတယ္။ ပင္ပန္းႏြမ္းနယ္မွု နဲ ့ နွုံုးျခင္း ကိုလည္း အျမန္သက္သာေစပါတယ္။ အေရျပားဓာတ္မတည့္တာမ်ိဳး ကိုလည္း ျမင္းခြာရြက္ အမွုန္ ့လိ္မ္းရင္ သက္သာတာမ်ိဳး ရွိပါတယ္။
ျမင္းခြာရြက္မွာ ေသြးၾကဲေစတဲ့ သတိၱလည္း ရွိပါတယ္။ ဒါေၾကာင့္ ေသြးၾကဲေဆး ေသာက္ေနရသူေတြ သတိထားရပါမယ္။ ျမင္းခြာရြက္ကို ေန ့စဥ္ က်ိတ္ေသာက္တာမ်ိဳးကေတာ့ မသင့္ေတာ္ပါဘူး။ ျမင္းခြာရြက္မွ မဟုတ္ပါဘူး။ တျခား ဘယ္အရြက္ ျဖစ္ျဖစ္ ေန ့တိုင္း က်ိတ္ေသာက္တာမ်ိဳးကေတာ့ ေရွာင္သင့္ပါတယ္။ က်မတို ့ ခႏၱာကိုယ္က အာဟာရ မ်ိ္ဳးစံုကို အသင့္အတင့္လိုပါတယ္။ တမ်ိဳးတည္းကို အလြန္အကၽြံစားသံုးတာ မ်ိဳးဟာ ေဘးျဖစ္ေစတတ္ပါတယ္။ ေကာင္းက်ိဳး အမ်ားၾကီး ရွိတဲ့ ျမင္းခြာရြက္ကို တန္ေဆးလြန္ေဘးဆိုတဲ့ အတိုင္း ေဆးျဖစ္ေအာင္ပဲ စားသံုးသင့္ပါတယ္။ ျမင္းခြာရြက္ကို အလြန္အကၽြံစားသံုးတာဟာ အသည္းကို ပါ ထိခိုက္ေစနိုင္ေၾကာင္း ေလ့လာခ်က္ေတြလည္း ေတြ ့ရပါတယ္။ အရြက္စိမ္းေတြကို က်ိတ္ေသာက္တာမ်ိဳးကို ေန ့စဥ္လုပ္ပါက ပိုတက္ဆီယမ္ဓာတ္ ေတြ ေသြးထဲမွာ မ်ားလာနိုင္ပါတယ္။ ေက်ာက္ကပ္ အားနည္းတဲ့ သူမ်ိဳး ဆိုရင္ ပိ္ုသတိထားရပါမယ္။ အဆိပ္သင့္တာမ်ိဴး ေတြ ရွိလာနိုင္ပါတယ္။ ]
ဒါေၾကာင့္ ျမင္းခြာရြက္ ျဖစ္ျဖစ္ တျခား ဘယ္အသီး အရြက္ မဆို သင့္တင့္တဲ့ ပမာဏကိုသာ ခ်င့္ခ်ိန္စားသံုး ျဖင့္ ပိုမိုက်န္းမာတဲ့ ဘ၀ကို ပိုင္ဆိုင္နိုင္ပါတယ္။ အသီးအရြက္စားသံုးတာဟာ အလြန္ေကာင္းမြန္တဲ့ အက်င့္ျဖစ္ပါတယ္။ ဆက္လက္က်င့္သံုးၾကဖို ့တိုက္တြန္းလိုက္ပါတယ္။
Dr. Jasmine