ကလေးများအတွက် ရွှေဖယုံသီးအာဟာရ

ရွှေဖယုံသီးဟာ အာဟာရတန်ဖိုး မြင့်မားတဲ့ အစားအစာဖြစ်ပါတယ်။ သဘာ၀ ချိုတဲ့ အရသာကြောင့် ကလေးရော လူကြီးပါ နှစ်သက်ကြပါတယ်။ ရွှေဖယုံသီးနှပ်၊ ရွှေဖယုံသီးဟင်းရည်၊ ရွှေဖယုံသီး ပူတင်း၊ ရွှေဖယုံသီး ဆနွင်းမကင်း၊ ရွှေဖယုံသီး ပိုင်မုန့်စတာတွေ အမျိုးစုံ လုပ်စားနိုင်ပါတယ်။ အရောင်ရော အရသာ ပါ ကောင်းမွန်တာကြောင့် ကလေးတွေ ကြိုက်တာများပါတယ်။ ကလေးအသက် ၆ လအထက် ဖြည့်စွက်စာ ကျွေးတဲ့ အချိန်မှာ ကစပြီး ကျွေးလို့ရပါပြီ။ ရွှေဖယုံသီးရဲ့ သဘာ၀ အချိုအရသာကို အစာချေးများတဲ့ ကလေးတွေတောင် လက်ခံနိုင်တာ တွေ့ရပါတယ်။ မေမေတို့လွယ်လွယ်ကူကူ ကျွေးနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်ခုပါ။

ရွှေဖယုံသီး ဟာ ဗီတာမင် A ကြွယ်ဝတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အခွံမပါ ရွှေဖယုံသီး ၁၀၀ ဂရမ် (၆ကျပ်သားခန့်) မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ အင်အားဓာတ်- ၂၆ ကယ်လိုရီ၊ အဆီ ဝ.၁ ဂရမ်၊ ကစီဓာတ် ၆.၅ ဂရမ်၊ အမျှင်ဓာတ် ဝ.၅ ဂရမ်၊ သကြား ၂.၈ ဂရမ်၊ အသားဓာတ် ၁ ဂရမ်၊ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် K၊ ဗီတာမင် B3၊ သံဓာတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ ဖောစဖောရပ်စ်၊ ဆိုဒီယမ်၊ မဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဇင့်၊ သွပ်ဓာတ်၊ ကော်ပါး စသဖြင့် ဗီတာမင်သက်စောင့်ဓာတ် မျိုးစုံပါဝင်ပါတယ်။ အားဆေးတွေမှာ ပါသလိုပဲ ဗီတာမင် A to Z ပါပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အတွက် ကလေးငယ် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပါတယ်။ ဗီတာမင် A ပမာဏ များတာကြောင့် နေ့တိုင်းကျွေးစရာ မလိုပါဘူး။ တစ်ပတ် ၃-၄ ကြိမ် ၅ ကျပ်သားခန့်စီ ကျွေးရင် ကလေးငယ်တွေ အတွက် လုံလောက်ပါတယ်။

ရွှေဖယုံသီး နေ့တိုင်းစားရင် ဝါ လာတယ်ဆိုပြီးပြောကြပါတယ်။ ရွှေဖယုံသီးမှ မဟုတ်ပါဘူး။ ဗီတာမင် A ကြွယ်ဝတဲ့ အဝါ နဲ့လိမ်မော်ရောင် အသီးအနှံများအားလုံး ဖြစ်နိုင်ပါတယ်။ တလှည့်စီ အရောင်စုံအောင် ကျွေးတဲ့ အကျင့်လုပ်ပါ။ နေ့စဉ် အစိမ်းရောင်၊ ခရမ်းရောင်၊ အဝါရောင် ၊ အဖြူရောင် စသဖြင့်စုံလင်အောင် ကျွေးပါ။ ၆ လ အထက် ကလေးများကို ဆန်ပြုတ်ထဲ ထည့်ပြီး ဖြစ်စေ၊ ဆီရီယယ် ၊ အုတ် နှင့် ဖြစ်စေ ရောကျွေးပါ။ ရွှေဖယုံသီးကို အတုံးလေးများ တုံးပြီးမီးဖုတ် ပြီးဖြစ်ဖြစ်၊ ပြုတ်တာဖြစ်ဖြစ်၊ Bake လုပ်တာဖြစ်ဖြစ် ကျွေးလို့ရပါတယ်။ Finger foods လုပ်မယ်ဆို ၂ လက်မ အရှည် အတုံးလေးတွေ တုံးပါ။ Pureed လုပ်ကျွေးလို့လည်း ရပါတယ်။ အသားနဲ့ရောကျိုပြီးလည်း ကျွေးနိုင်ပါတယ်။ ၁ နှစ်အောက် ကလေးများအတွက် အစားအစာ ပြင်ဆင်ရင် ဆား လုံး၀ မသုံးရပါဘူး။

၁ နှစ်အထက် ကလေးများကို တော့ ထမင်းနဲ့ ဟင်း စကျွေးလို့ရပြီ ဖြစ်တဲ့ အတွက် လူကြီးတွ ချက်သလို ချက်လို့ရပါပြီ။ ကလေး ၁ယောက်နဲ့ ၁ယောက် ထမင်း စစားတဲ့ အချိန် မတူပါဘူး။ တစ်ချို့က ၁နှစ်ပြည့်တာနဲ့လူကြီးထမင်း စစားပေမယ့် တစ်ချို့ကလေးက ၁ နှစ်ခွဲမှ စားပါတယ်။ အာဟာရ စုံအောင် ကျွေးဖို့ အဓိက ကျပါတယ်။ ကလေးကို အတင်းဖိအား မပေးပါနဲ့။ နောက်ပြီး အစားအစာအသစ် စကျွေးရင် ကလေးတွေက ချက်ချင်း လက် မခံ တတ်ပါဘူး။ တခါငြင်းလည်း စိတ်ဓာတ် မကျပါနဲ့။ ၃-၄ ရက်ခြားပြီး နောက်ပုံစံ တစ်မျိုးလုပ်ပြီး ထပ်ကျွေးပါ။ ၁၃-၁၅ ကြိမ်ထိ ကြိုးစားကျွေးသင့်တယ်လို့သုတေသန စာတမ်းတွေက အကြံပြုထားပါတယ်။ ၃-၄ ကြိမ်နဲ့လက်လျှော့လိုက်ရင် မိမိကလေးက အစာမျိုးစုံကို မစားတတ်ဘဲဖြစ်သွားပါလိမ့်မယ်။ ဒီလောက်ဆိုရင်တော့ ရွှေဖယုံသီး အကြောင်းရော ကလေး အစာကျွေးနည်းပါ ရသွားပြီလို့ထင်ပါတယ်။ ကျန်းမာပျော်ရွှင်သော ကလေးများ ဖြစ်ပါစေ။

Dr. Jasmine

ကေလးမ်ားအတြက္ ေရႊဖယံုသီးအာဟာရ

ေရႊဖယံုသီးဟာ အာဟာရတန္ဖိုး ျမင့္မားတဲ့ အစားအစာျဖစ္ပါတယ္။ သဘာ၀ ခ်ိဳတဲ့ အရသာေၾကာင့္ ကေလးေရာ လူၾကီးပါ နွစ္သက္ၾကပါတယ္။ ေရႊဖယံုသီးနွပ္၊ ေရႊဖယံုသီးဟင္းရည္၊ ေရႊဖယံုသီး ပူတင္း၊ ေရႊဖယံုသီး ဆႏြင္းမကင္း၊ ေရႊဖယံုသီး ပိုင္မုန္ ့စတာေတြ အမ်ိဳးစံု လုပ္စားနိုင္ပါတယ္။ အေရာင္ေရာ အရသာ ပါ ေကာင္းမြန္တာေၾကာင့္ ကေလးေတြ ၾကိဳက္တာမ်ားပါတယ္။ ကေလးအသက္ ၆ လအထက္ ျဖည့္စြက္စာ ေကၽြးတဲ့ အခ်ိန္မွာ ကစျပီး ေကၽြးလို ့ရပါျပီ။ ေရႊဖယံုသီးရဲ ့ သဘာ၀ အခ်ိဳအရသာကို အစာေခ်းမ်ားတဲ့ ကေလးေတြေတာင္ လက္ခံနိုင္တာ ေတြ ့ရပါတယ္။ ေမေမတုိ ့လြယ္လြယ္ကူကူ ေကၽြးနိုင္တဲ့ ဟင္းသီးဟင္းရြက္ တစ္ခုပါ။

ေရႊဖယံုသီး ဟာ ဗီတာမင္ A ၾကြယ္၀တယ္ဆိုတာ လူတိုင္းသိၾကပါတယ္။ အခြံမပါ ေရႊဖယံုသီး ၁၀၀ ဂရမ္ (၆က်ပ္သားခန္ ့) မွာ ပါ၀င္တဲ့ အာဟာရဓာတ္ေတြကေတာ့ အင္အားဓာတ္- ၂၆ ကယ္လိုရီ၊ အဆီ ၀.၁ ဂရမ္၊ ကစီဓာတ္ ၆.၅ ဂရမ္၊ အမ်ွင္ဓာတ္္ ၀.၅ ဂရမ္၊ သၾကား ၂.၈ ဂရမ္၊ အသားဓာတ္ ၁ ဂရမ္၊ ဗီတာမင္ A ၊ ဗီတာမင္ C ၊ ဗီတာမင္ K၊ ဗီတာမင္ B3၊ သံဓာတ္၊ ေဖာလိတ္၊ ပိုတက္ဆီယမ္၊ ေဖာစေဖာရပ္စ္၊ ဆိုဒီယမ္၊ မဂနီဆီယမ္၊ ကယ္လ္ဆီယမ္၊ ဇင့္၊ သြပ္ဓာတ္၊ ေကာ္ပါး စသျဖင့္ ဗီတာမင္သက္ေစာင့္ဓာတ္ မ်ိဳးစံုပါ၀င္ပါတယ္။ အားေဆးေတြမွာ ပါသလိုပဲ ဗီတာမင္ A to Z ပါပါတယ္။ အမ်ွင္ဓာတ္ပါ၀င္တဲ့ အတြက္ ကေလးငယ္ ၀မ္းခ်ဳပ္ျခင္းမွ ကာကြယ္ပါတယ္။ ဗီတာမင္ A ပမာဏ မ်ားတာေၾကာင့္ ေန ့တိုင္းေကၽြးစရာ မလိုပါဘူး။ တစ္ပတ္ ၃-၄ ၾကိမ္ ၅ က်ပ္သားခန္ ့စီ ေကၽြးရင္ ကေလးငယ္ေတြ အတြက္ လံုေလာက္ပါတယ္။

ေရႊဖယံုသီး ေန ့တိုင္းစားရင္ ၀ါ လာတယ္ဆိုျပီးေျပာၾကပါတယ္။ ေရႊဖယံုသီးမွ မဟုတ္ပါဘူး။ ဗီတာမင္ A ၾကြယ္၀တဲ့ အ၀ါ နဲ ့လိမ္ေမာ္ေရာင္ အသီးအနွံမ်ားအားလံုး ျဖစ္နိုင္ပါတယ္။ တလွည့္စီ အေရာင္စံုေအာင္ ေကၽြးတဲ့ အက်င့္လုပ္ပါ။ ေန ့စဥ္ အစိမ္းေရာင္၊ ခရမ္းေရာင္၊ အ၀ါေရာင္ ၊ အျဖဴေရာင္ စသျဖင့္စံုလင္ေအာင္ ေကၽြးပါ။ ၆ လ အထက္ ကေလးမ်ားကို ဆန္ျပဳတ္ထဲ ထည့္ျပီး ျဖစ္ေစ၊ ဆီရီယယ္ ၊ အုတ္ နွင့္ ျဖစ္ေစ ေရာေကၽြးပါ။ ေရႊဖယံုသီးကို အတံုးေလးမ်ား တံုးျပီးမီးဖုတ္ ျပီးျဖစ္ျဖစ္၊ ျပဳတ္တာျဖစ္ျဖစ္၊ Bake လုပ္တာျဖစ္ျဖစ္ ေကၽြးလို ့ရပါတယ္။ Finger foods လုပ္မယ္ဆို ၂ လက္မ အရွည္ အတံုးေလးေတြ တံုးပါ။ Pureed လုပ္ေကၽြးလို ့လည္း ရပါတယ္။ အသားနဲ ့ေရာက်ိဳျပီးလည္း ေကၽြးနိုင္ပါတယ္။ ၁ နွွစ္ေအာက္ ကေလးမ်ားအတြက္ အစားအစာ ျပင္ဆင္ရင္ ဆား လံုး၀ မသံုးရပါဘူး။

၁ နွစ္အထက္ ကေလးမ်ားကို ေတာ့ ထမင္းနဲ ့ ဟင္း စေကၽြးလို ့ရျပီ ျဖစ္တဲ့ အတြက္ လူၾကီးတြ ခ်က္သလို ခ်က္လို ့ရပါျပီ။ ကေလး ၁ေယာက္နဲ ့ ၁ေယာက္ ထမင္း စစားတဲ့ အခ်ိန္ မတူပါဘူး။ တစ္ခ်ိဳ ့က ၁နွစ္ျပည့္တာနဲ ့လူၾကီးထမင္း စစားေပမယ့္ တစ္ခိ်ဳ ့ကေလးက ၁ နွစ္ခြဲမွ စားပါတယ္။ အာဟာရ စံုေအာင္ ေကၽြးဖို ့ အဓိက က်ပါတယ္။ ကေလးကို အတင္းဖိအား မေပးပါနဲ ့။ ေနာက္ျပီး အစားအစာအသစ္ စေကၽြးရင္ ကေလးေတြက ခ်က္ခ်င္း လက္ မခံ တတ္ပါဘူး။ တခါျငင္းလည္း စိတ္ဓာတ္ မက်ပါနဲ ့။ ၃-၄ ရက္ျခားျပီး ေနာက္ပံုစံ တစ္မ်ိဳးလုပ္ျပီး ထပ္ေကၽြးပါ။ ၁၃-၁၅ ၾကိမ္ထိ ၾကိဳးစားေကၽြးသင့္တယ္လို ့သုေတသန စာတမ္းေတြက အၾကံျပဳထားပါတယ္။ ၃-၄ ၾကိမ္နဲ ့လက္ေလ်ွာ့လိုက္ရင္ မိမိကေလးက အစာမ်ိဳးစံုကို မစားတတ္ဘဲျဖစ္သြားပါလိမ့္မယ္။ ဒီေလာက္ဆိုရင္ေတာ့ ေရႊဖယံုသီး အေၾကာင္းေရာ ကေလး အစာေကၽြးနည္းပါ ရသြားျပီလို ့ထင္ပါတယ္။ က်န္းမာေပ်ာ္ရႊင္ေသာ ကေလးမ်ား ျဖစ္ပါေစ။

Dr. Jasmine

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *