” အရေးပေါ်ဖုန်း “
ဖုန်းမြည်သံကြောင့် ဒေါက်တာစိုးတစ်ယောက် လန့်နိုးသွားသည်။အချိန်ကြည့်လိုက်တော့ မနက် ၂နာရီ၊ ဖုန်းခေါ်နေသူက ညီမဝမ်းကွဲဖြစ်သူ မီ်းငယ်…..။ ရုတ်တရက်စိတ်ပူသွား..မျက်လုံးပင်ကျယ်သွားသည်။ ဟုတ်တယ်လေ…ဒီအချိန်ကြီး ဖုန်းခေါ်တယ်ဆိုတော့..ဘယ်သူများ ဘာများဖြစ်လဲပေါ့…။
” ဟဲလို “…
” ဟယ်လို ကိုကြီးရေ…ကယ်ပါဦး… ”
” မီးငယ်…သမီး…ဘယ်သူဘာဖြစ်လို့လဲ ?”
” ကိုကြီး…သမီးရင်ခေါင်းထဲက တအားပူနေလို့….လေပွသလိုကြီးလည်းဖြစ်နေတယ်…ညနေတည်းကရင် ဖြစ်နေတာ…ခုပိုဆိုးလာပြီး အိပ်မရဖြစ်နေလို့ ”
” ဆေးခန်းပြထားသေးလား?ဘာဆေးတွေသောက်ထားသေးလဲ?”
” မေကြီးနဲ့ဖေကြီးက ခရီးသွားနေလို့…လူကြီးမရှိတာနဲ့ ဆေးခနိးလည်းမသွားပြဖြစ်ဘူး…ဆေးကတော့ လျက်ဆားပဲစားထားတယ်..အစာမကျေဘူးထင်လို့…အဲ့ဒါလည်းမသက်သာပါဘူး ”
” အခြားရော..အန်တာ..ဝမ်းသွားတာ…ဖျားတာ…အခြားဘာဖြစ်သေးလဲ? ဘာတွေစားလဲ ဒီရက်ပိုင်း? အချဉ်အစပ် လမ်းဘေးစာတွေစားသေးလား?အစားမမှန်တာမျိုးရော ”
” အဲ့လိုတွေတော့မဖြစ်ဘူးကိုကြီး….ဒီရက်ပိုင်း အပြင်စာတွေတော့မစားဘူး။စာမေးပွဲရှိလို့ စာကျက်ရင်း အိပ်ချင်ပြေအောင် သရက်သီးနဲ့အစပ်တွေတော့စားလိုက်မိတယ်…ထမင်းတော့သိပ်မစားဖြစ်ဘူး”
” အင်း…ကြည့်ရတာ အစာအိမ်ရောင်တာဖြစ်နိုင်လိမ့်မယ်…ကိုကြီး အဘွားအတွက်လုပ်ပေးထားတဲ့ ဆေးသေတ္တာလေး သိတယ်မလား? အဲ့ထဲမှာ Kremil – S ပန်းရောင်ရှိတယ်။ အဲ့ဒါလေး ၂လုံးလောက်ဝါးစားလိုက်…”
” ဝါးစားရမှာလား? ”
” ဝါးစားတာပိုကောင်းတယ်…မခါးဘူး…ချိုချိုလေးပဲ…။အဲ့ဒါသောက်ပြီး ခဏနေရင် သက်သာသွားလိမ့်မယ်…မသက်သာရင် ဖုန်းပြန်ဆက်လာ…. ကိုကြီးလာခဲ့မယ်…ဟုတ်ပြီလား? ”
” ဟုတ်….ဟုတ်..”
ဖုန်းချသွားပြီးတည်းက မနက်ထိ ဖုန်းထပ်မခေါ်လာပုံထောက်ရင်..သက်သာသွားပြီထင့် ။ဖုန်းတော့ ဆက်ကြည့်ဦးမှ…
“ဟဲလို ကိုကြီး ”
“ဟဲလို…သမီး…ညက ဗိုက်အောင့်တာသက်သာသွားလား?”
“ဟုတ် ကိုကြီး…ကိုကြီးပြောသလို Kremil-S ပန်းရောင် ၂လုံးဝါးစားလိုက်တယ်..အဲ့ဒါပြီး ခနနေတော့ အတော်လေးသက်သာသွားပြီး အိပ်ပျော်သွားတာ…အဲ့ဆေးက ဘာတွေပါတာလဲကိုကြီး…တော်တော်ကောင်းတယ်နော်…ခါးလည်းမခါးဘူး….ချိုချိုလေးရယ်…”
” ဟုတ်ပ…အဲ့ Kremil S ပန်းရောင်က အတော်လေးကောင်းတယ်…ကိုကြီးကိုယ်တိုင်လည်း သောက်ဖူးတယ်..လူနာအတော်များများလည်းပေးဖူးတယ်…သူက….ပြောရရင် antacid and antiflatulent ပေါ့..antacid ဆိုတာက အစာအိမ်ထဲမှာ အက်ဆစ်တွေအရမ်းများပြီးရင်ပူ ၊အစာအိမ်ရောင် ၊ဗိုက်အောင့်ဗိုက်နာတွေဖြစ်တဲ့အခါ ခုနကပြောတဲ့ အစာအိမ်ထဲက acid တွေကို ချေဖျက်ပေးတာ…antiflatulent ဆိုတာကတော့…လေပွတာကို သက်သာစေတာ….ညက သမီးဖြစ်နေတာနဲ့ဆို ကွက်တိပဲလေ….ရင်ပူတာရော လေအောင့်တာရော.. နှစ်ခုလုံးတစ်ခါတည်းသက်သာသွားတယ်မလား? ”
” ဟုတ်တယ်ကိုကြီး…ကောင်းတော့ကောင်းသွားပြီ…ဆေးဆက်သောက်ဖို့လိုသေးလား?”
” မနက်၁လုံး နေ့လည်၁လုံး ည၁လုံးနဲ့ ၃ရက်လောက်ဆက်သောက်ထား….နှစ်ပတ်လောက်အချဉ်အစပ်တွေမစားနဲ့ဦး…အစားလည်း အချိန်မှန်မှန်လေးစား..လောလောဆယ်တော့ အစာအရမ်းမာတာတွေမစားနဲ့…အစားကို နည်းနည်း နည်းနည်းစီ ခဏခဏခွဲစား…..”
“ဟုတ်ကဲ့ ကိုကြီး ”
” ကောင်းသွားမှာပါ…ဗိုက်ခဏခဏပြန်အောင့်ရင်…ဒါမှမဟုတ် ဗိုက်အောင့်တာ ကြာနေရင်တော့ ဆေးခန်းပြရမယ်….တစ်ခုခုဆိုကိုကြီးကိုဖုန်းဆက်လိုက်…ကိုကြီးဆေးခန်းချိန်မဟုတ်ရင် အိမ်လာကြည့်ပေးမယ်….ဆေးခန်းချိန်နဲ့တိုက်နေရင်တော့ သမီးပဲလာခဲ့လိုက်လေနော့် ”
“ဟုတ်ကဲ့ပါ ကိုကြီး….ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ”
“ရပါတယ်ဗျာ ….”
ပိုင်နီမေ (ဆေး ၂)
” အေရးေပၚဖုန္း “
ဖုန္းျမည္သံေၾကာင့္ ေဒါက္တာစိုးတစ္ေယာက္ လန္႔ႏိုးသြားသည္။အခ်ိန္ျကည့္လိုက္ေတာ့ မနက္ ၂နာရီ၊ ဖုန္းေခၚေနသူက ညီမဝမ္းကြဲျဖစ္သူ မီ္းငယ္…..။ ႐ုတ္တရက္စိတ္ပူသြား..မ်က္လံုးပင္က်ယ္သြားသည္။ ဟုတ္တယ္ေလ…ဒီအခ်ိန္ႀကီး ဖုန္းေခၚတယ္ဆိုေတာ့..ဘယ္သူမ်ား ဘာမ်ားျဖစ္လဲေပါ့…။
” ဟဲလို “…
” ဟယ္လို ကိုႀကီးေရ…ကယ္ပါဦး… ”
” မီးငယ္…သမီး…ဘယ္သူဘာျဖစ္လို႔လဲ ?”
” ကိုႀကီး…သမီးရင္ေခါင္းထဲက တအားပူေနလို႔….ေလပြသလိုႀကီးလည္းျဖစ္ေနတယ္…ညေနတည္းကရင္ ျဖစ္ေနတာ…ခုပိုဆိုးလာၿပီး အိပ္မရျဖစ္ေနလို႔ ”
” ေဆးခန္းျပထားေသးလား?ဘာေဆးေတြေသာက္ထားေသးလဲ?”
” ေမႀကီးနဲ႔ေဖႀကီးက ခရီးသြားေနလို႔…လူႀကီးမ႐ွိတာနဲ႔ ေဆးခနိးလည္းမသြားျပျဖစ္ဘူး…ေဆးကေတာ့ လ်က္ဆားပဲစားထားတယ္..အစာမေက်ဘူးထင္လို႔…အဲ့ဒါလည္းမသက္သာပါဘူး ”
” အျခားေရာ..အန္တာ..ဝမ္းသြားတာ…ဖ်ားတာ…အျခားဘာျဖစ္ေသးလဲ? ဘာေတြစားလဲ ဒီရက္ပိုင္း? အခ်ဥ္အစပ္ လမ္းေဘးစာေတြစားေသးလား?အစားမမွန္တာမ်ိဳးေရာ ”
” အဲ့လိုေတြေတာ့မျဖစ္ဘူးကိုႀကီး….ဒီရက္ပိုင္း အျပင္စာေတြေတာ့မစားဘူး။စာေမးပြဲ႐ွိလို႔ စာက်က္ရင္း အိပ္ခ်င္ေျပေအာင္ သရက္သီးနဲ႔အစပ္ေတြေတာ့စားလိုက္မိတယ္…ထမင္းေတာ့သိပ္မစားျဖစ္ဘူး”
” အင္း…ၾကည့္ရတာ အစာအိမ္ေရာင္တာျဖစ္ႏိုင္လိမ့္မယ္…ကိုႀကီး အဘြားအတြက္လုပ္ေပးထားတဲ့ ေဆးေသတၱာေလး သိတယ္မလား? အဲ့ထဲမွာ Kremil – S ပန္းေရာင္႐ွိတယ္။ အဲ့ဒါေလး ၂လံုးေလာက္ဝါးစားလိုက္…”
” ဝါးစားရမွာလား? ”
” ဝါးစားတာပိုေကာင္းတယ္…မခါးဘူး…ခ်ိဳခ်ိဳေလးပဲ…။အဲ့ဒါေသာက္ၿပီး ခဏေနရင္ သက္သာသြားလိမ့္မယ္…မသက္သာရင္ ဖုန္းျပန္ဆက္လာ…. ကိုႀကီးလာခဲ့မယ္…ဟုတ္ၿပီလား? ”
” ဟုတ္….ဟုတ္..”
ဖုန္းခ်သြားၿပီးတည္းက မနက္ထိ ဖုန္းထပ္မေခၚလာပံုေထာက္ရင္..သက္သာသြားၿပီထင့္ ။ဖုန္းေတာ့ ဆက္ၾကည့္ဦးမွ…
“ဟဲလို ကိုႀကီး ”
“ဟဲလို…သမီး…ညက ဗိုက္ေအာင့္တာသက္သာသြားလား?”
“ဟုတ္ ကိုႀကီး…ကိုႀကီးေျပာသလို Kremil-S ပန္းေရာင္ ၂လံုးဝါးစားလိုက္တယ္..အဲ့ဒါၿပီး ခနေနေတာ့ အေတာ္ေလးသက္သာသြားၿပီး အိပ္ေပ်ာ္သြားတာ…အဲ့ေဆးက ဘာေတြပါတာလဲကိုႀကီး…ေတာ္ေတာ္ေကာင္းတယ္ေနာ္…ခါးလည္းမခါးဘူး….ခ်ိဳခ်ိဳေလးရယ္…”
” ဟုတ္ပ…အဲ့ Kremil S ပန္းေရာင္က အေတာ္ေလးေကာင္းတယ္…ကိုႀကီးကိုယ္တိုင္လည္း ေသာက္ဖူးတယ္..လူနာအေတာ္မ်ားမ်ားလည္းေပးဖူးတယ္…သူက….ေျပာရရင္ antacid and antiflatulent ေပါ့..antacid ဆိုတာက အစာအိမ္ထဲမွာ အက္ဆစ္ေတြအရမ္းမ်ားၿပီးရင္ပူ ၊အစာအိမ္ေရာင္ ၊ဗိုက္ေအာင့္ဗိုက္နာေတြျဖစ္တဲ့အခါ ခုနကေျပာတဲ့ အစာအိမ္ထဲက acid ေတြကို ေခ်ဖ်က္ေပးတာ…antiflatulent ဆိုတာကေတာ့…ေလပြတာကို သက္သာေစတာ….ညက သမီးျဖစ္ေနတာနဲ႔ဆို ကြက္တိပဲေလ….ရင္ပူတာေရာ ေလေအာင့္တာေရာ.. ႏွစ္ခုလံုးတစ္ခါတည္းသက္သာသြားတယ္မလား? ”
” ဟုတ္တယ္ကိုႀကီး…ေကာင္းေတာ့ေကာင္းသြားျပီ…ေဆးဆက္ေသာက္ဖို့လိုေသးလား?”
” မနက္၁လံုး ေန႔လည္၁လံုး ည၁လံုးနဲ႔ ၃ရက္ေလာက္ဆက္ေသာက္ထား….နွစ္ပတ္ေလာက္အခ်ဥ္အစပ္ေတြမစားနဲ႔ဦး…အစားလည္း အခ်ိန္မွန္မွန္ေလးစား..ေလာေလာဆယ္ေတာ့ အစာအရမ္းမာတာေတြမစားနဲ႔…အစားကို နည္းနည္း နည္းနည္းစီ ခဏခဏခြဲစား…..”
“ဟုတ္ကဲ့ ကိုႀကီး ”
” ေကာင္းသြားမွာပါ…ဗိုက္ခဏခဏျပန္ေအာင့္ရင္…ဒါမွမဟုတ္ ဗိုက္ေအာင့္တာ ၾကာေနရင္ေတာ့ ေဆးခန္းျပရမယ္….တစ္ခုခုဆိုကိုႀကီးကိုဖုန္းဆက္လိုက္…ကိုႀကီးေဆးခန္းခ်ိန္မဟုတ္ရင္ အိမ္လာၾကည့္ေပးမယ္….ေဆးခန္းခ်ိန္နဲ႔တိုက္ေနရင္ေတာ့ သမီးပဲလာခဲ့လိုက္ေလေနာ့္ ”
“ဟုတ္ကဲ့ပါ ကိုႀကီး….ေက်းဇူးအမ်ားႀကီးတင္ပါတယ္႐ွင့္ ”
“ရပါတယ္ဗ်ာ ….”
ပိုင္နီေမ (ေဆး ၂)