ရှင်မွေးလွန်းတို့ အန္တရာယ်
ရှင်မွေးလွန်းဆိုလို့ ရာဇဝင်ထဲက မင်းသမီးကို သွားမမြင်လိုက်ပါနဲ့ဦး။ကျွန်မတို့ ဆရာဝန်တွေက ကလေးမွေးလွန်းတဲ့ မေမေတွေကို ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်လေးပါ။ဆေးပညာအရတော့ ကလေး ” ၅ယောက်”ထက် ပိုပြီးမွေးထားတဲ့ မိခင်တွေကို ကလေးများတဲ့ ( Multipara) မိခင်
တွေလို့ သတ်မှတ်ပြီး သူတို့ကိုယ်ဝန်ထပ်ဆောင်တဲ့ အခါ အန္တရာယ်များတဲ့ ကိုယ်ဝန်( High Risk Pregnancy )လို့သတ်မှတ်ပါတယ်။
ရှင်မွေးလွန်းတွေ ကိုယ်ဝန်ထပ်ဆောင်တဲ့အခါ ဘာတွေဖြစ်နိုင်ပါသလဲ?
ကိုယ်ဝန်လနုတဲ့အချိန်မှာ
၁) ကိုယ်ဝန်ဆောင်စဉ် သွေးတိုးနိုင်ပါတယ်။ပုံမှန်ကိုယ်ဝန်ဆောင်တွေထက် ၂ဆပိုဖြစ်ပါတယ်။
၂) ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။
၂) ကလေးတစ်ယောက်နဲ့တစ်ယောက် အချိန်သိပ်မခြားဘဲ ယူတာမို့ ကိုယ်ဝန်ဆောင်ချိန်သွေးအားနည်းနိုင်ပါတယ်။
၃) အချင်းတွယ်ကပ်စရာနေရာ သိပ်မရှိတော့တာမို့ အချင်းရှေ့ရောက်တာ ဖြစ်နိုင်ပါတယ်။မွေးလွန်းတဲ့ သားအိမ်ဟာ ပျော့ပြီး ဆွဲအားနးနေတာကြောင့်
_ ကလေးအနေအထားမမှန်တာ
_ ကလေးမွေးဖို့ခက်တာ
_ မွေးနေချိန်မှာ သားအိမ် ကွဲထွက်တာ
_ မွေးဖွားချိန်မှာ သွေးသွန်တာ
_မွေးဖွားပြီး သွေးဆင်းတာမရပ်ဘဲ သားအိမ်ထုတ်ပစ်ရတာ
_ကလေးမွေးချိန်မတိုင်ဘဲ အချင်းစောကွာတာဖြစ်နိုင်ပါတယ်။ကလေးအများကြီးမွေးတာကြောင့် နောက်ပိုင်းမှာ ပျော့သွားတဲ့ ဗိုက်ကြွက်သားတွေကြောင့်
_ အူကျွံတာ
_ သားအိမ်ကျတာ
_ ဆီးမထိန်းနိုင်တာတွေဖြစ်နိုင်ပါသေးတယ်ဒါဆို ကလေး အများကြီးမွေးတာလည်း မကောင်းဘူးပေါ့နော်။ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားဘယ်လောက်ခြားပြီးယူသင့်တယ်ဆိုတာ နောက်ဆောင်းပါးမှာဖော်ပြပါဦးမယ်။
မယ်တင်( ဆေး ၁)
ရွင္ေမြးလြန္းတို႔ အနၱရာယ္
ရွင္ေမြးလြန္းဆိုလို႔ ရာဇဝင္ထဲက မင္းသမီးကို သြားမျမင္လိုက္ပါနဲ႔ဦး။ကၽြန္မတို႔ ဆရာဝန္ေတြက ကေလးေမြးလြန္းတဲ့ ေမေမေတြကို ခ်စ္စႏိုးနဲ႔ ေခၚတဲ့နာမည္ေလးပါ။ေဆးပညာအရေတာ့ ကေလး ” ၅ေယာက္”ထက္ ပိုၿပီးေမြးထားတဲ့ မိခင္ေတြကို ကေလးမ်ားတဲ့ ( Multipara) မိခင္
ေတြလို႔ သတ္မွတ္ၿပီး သူတို႔ကိုယ္ဝန္ထပ္ေဆာင္တဲ့ အခါ အနၱရာယ္မ်ားတဲ့ ကိုယ္ဝန္( High Risk Pregnancy )လို႔သတ္မွတ္ပါတယ္။
ရွင္ေမြးလြန္းေတြ ကိုယ္ဝန္ထပ္ေဆာင္တဲ့အခါ ဘာေတြျဖစ္ႏိုင္ပါသလဲ?
ကိုယ္ဝန္လႏုတဲ့အခ်ိန္မွာ
၁) ကိုယ္ဝန္ေဆာင္စဥ္ ေသြးတိုးႏိုင္ပါတယ္။ပံုမွန္ကိုယ္ဝန္ေဆာင္ေတြထက္ ၂ဆပိုျဖစ္ပါတယ္။
၂) ကိုယ္ဝန္ပ်က္က်တတ္ပါတယ္။
၂) ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္သိပ္မျခားဘဲ ယူတာမို႔ ကိုယ္ဝန္ေဆာင္ခ်ိန္ေသြးအားနည္းႏိုင္ပါတယ္။
၃) အခ်င္းတြယ္ကပ္စရာေနရာ သိပ္မရွိေတာ့တာမို႔ အခ်င္းေရွ႕ေရာက္တာ ျဖစ္ႏိုင္ပါတယ္။ေမြးလြန္းတဲ့ သားအိမ္ဟာ ေပ်ာ့ၿပီး ဆြဲအားနးေနတာေၾကာင့္
_ ကေလးအေနအထားမမွန္တာ
_ ကေလးေမြးဖို႔ခက္တာ
_ ေမြးေနခ်ိန္မွာ သားအိမ္ ကြဲထြက္တာ
_ ေမြးဖြားခ်ိန္မွာ ေသြးသြန္တာ
_ေမြးဖြားၿပီး ေသြးဆင္းတာမရပ္ဘဲ သားအိမ္ထုတ္ပစ္ရတာ
_ကေလးေမြးခ်ိန္မတိုင္ဘဲ အခ်င္းေစာကြာတာျဖစ္ႏိုင္ပါတယ္။ကေလးအမ်ားႀကီးေမြးတာေၾကာင့္ ေနာက္ပိုင္းမွာ ေပ်ာ့သြားတဲ့ ဗိုက္ႂကြက္သားေတြေၾကာင့္
_ အူကၽြံတာ
_ သားအိမ္က်တာ
_ ဆီးမထိန္းႏိုင္တာေတြျဖစ္ႏိုင္ပါေသးတယ္ဒါဆို ကေလး အမ်ားႀကီးေမြးတာလည္း မေကာင္းဘူးေပါ့ေနာ္။ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ၾကားဘယ္ေလာက္ျခားၿပီးယူသင့္တယ္ဆိုတာ ေနာက္ေဆာင္းပါးမွာေဖာ္ျပပါဦးမယ္။
မယ္တင္( ေဆး ၁)