ကလေးတစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ခြားပြီးယူသင့်လဲ?

ကလေးတစ်ယောက်မွေးပြီးတဲ့အမေတွေကို ပတ်ဝန်းကျင်ကမေးလေ့ရှိပါတယ်။နောက်တစ်ယောက်ကော မယူသေးဘူးလား ? အဲ့လောက်ကြီးတစ်ယောက်နဲ့တစ်ယောက်မခြားနဲ့လေ ” ဆိုတော့ကာကျွန်မတို့ အမျိုးသမီးတွေမှာမေးစရာမေးခွန်းတစ်ခုပေါ်လာပါတယ်။” ကလေးတစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ခြားဖို့သင့်လဲ” ဆိုတာပေါ့။ဆေးပညာဘက်ကပြောရရင်တော့ ကလေးတစ်ယောက်နဲ့တစ်ယောက်နီးလွန်းရင်မကောင်းပါဘူး။ခန္တာကိုယ်မှာရှိတဲ့သွေးအား ပုံမှန်ပြန်ဖြစ်ဖို့၊ သားအိမ် ပုံမှန်အရွယ်အစားရဖို့ကို ၁၈လ ကနေ ၂၄လ ( ၁နှစ်ခွဲမှ ၂နှစ်အထိ ကြာမြင့်နိုင် ပါတယ်။ဒီတော့ ၂နှစ်ကျေ်ာ ၃ နှစ်ကြာမှ ကလေးယူဖို့ ခန္တာကိုယ်ကအဆင်သင့်ဖြစ်တယ်ဆိုတယ့်သဘောပါပဲ။တကယ်လို့ ဒီလိုမစောင့်ဘဲ ယူမယ်ဆိုရင်

_ ကလေးပျက်ကျတာ

_ သွေးအားနည်းလို့ နှလုံးမခံနိုင်တာ၊

_ကလေးကြီးထွားမှုရပ်ပြီး ကလေးသားအိမ်ထဲမှာဆက်ပြီးမထွားတာ၊

_လမစေ့ဘဲကလေးမွေးတာတွေ တွေကြုံရတတ်ပါတယ်။

ကလေးတစ်ယောက်နဲ့ တစ်ယောက်ဝေးလွန်းတဲ့အခါကျတော့လဲ…..

ကလေးအမေ အသက်ကြီးသွားလို့ နောက်ကလေးရဲ့ ဉာဏ်ရည်အတွက် စိတ်ပူရမှာဖြစ်သလို ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းပိုဖြစ်ပွားန်ုင်ပါတယ်။

ဒီတော့ ကလေးတစ်ယောက်နဲ့တစ်ယောက် ၂နှစ်အောက်လည်း မခြားဘဲ ၅နှစ်ထက်ကျော်အောင်လည်း မခြားဘဲယူရင် အသင့်တော်ဆုံးပါဘဲလို့အကြံပေးခြင်ပါတယ်။မိဘနေရာက ဝင်စဉ်းစားပြီးပြောရမယ်ဆိုရင်တော့_ ကလေးကို ၃ နှစ်လောက်စီခြားပြီးယူမယ်ဆိုရင်…ကလေး၂ယောက်ဟာအရွယ်သိပ်မကွာတာမို့ တစ်ယောက်သုံးပြီး ပုခက်၊ တွန်းလှည်း စတာတွေ နောက်တစ်ယောက်မှာပြန်သုံးလို့ရပါတယ်။အမေအနေနဲ့လည်း ကလေးငယ်င်း ၂ယောက်ကို တစ်ခါထဲစောင့်ရှောက်လိုက်ရသလိုဆိုတော့ အချိန်ပေးရတာတန်သလိုရှိပါတယ်။ကလေး ၂ယောက် ကစားဖော်ရသလို၊ အထီးကျန်သလို ခံစားရနိုင်ခြေ နည်းပါးတယ်။မကောင်းတဲ့ဘက်ကတော့ မေမေတို့အနေနဲ့…ကလေးအချင်းချင်း မနာလိုစိတ်လေးတွေရှ်တတ်တာ ကို သတိပြုစေလိုပါတယ်။

_ ကလေးကို ၅နှစ် မှ ၁၀ နှစ်အထိ ခြားပြီးယူမယ်ဆိုရင်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်…ကလေးတစ်ယောက်ဆီကိုသေချာအချိန်ပေးနိုင်မယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ကိုယ့်ကိုယ်ကို အပန်းဖြေအနားပေးသလိုအချိနွရနိုင်မယ်။နောက်ကလေးမွေးတဲ့အချိန်မှာ ပထမကလေးက အနည်းငယ်ကြီးနေပြီမို့ မေမေတို့အတွက် တစ်ဖက်တစ်လမ်းကူဖော်လောင်ဖက်တောင်ဖြစ်နိုင်ပါသေးတယ်လေကလေး နှစ်ယောက်လည်း အသက်ကွာတာမို့ အချင်းချင်း မနာလိုတာ၊ ကစားစရာလုလို့ရန်ဖြစ်တာတွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးပေါ့နော်။
မကောင်းတဲ့ဘက်ကဆိုရင်တော့…အရာရာအသစ်လိုပြန်ဖြစ်သွားပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပျို့အန်တာကအစကလေး ၂ယောက် နှစ်တွေခြားသွားတဲ့အခါ သားဦးလို အရမ်းပျို့အန်တာဖြစ်နိုင်ပါတယ်။ကလေးငယ်လေးပြုစုထိန်းကျောင်းတဲ့အခါ ကလေးအကြီးကျောင်းသွားဖို့လုပ်ရတာနဲ့ဆိုတော့ အလုပ် နှစ်ခုပြင်ဆင်ရတာမတူသလို ပိုပင်ပန်းရတတ်ပါတယ်။ကလေးတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ခြားပြီးယူမယ်ဆိုတာ
မိသားစုအိမ်မက်အနေနဲ့ ဘယ်နယောက်ယူမယ်ဆိုတာရယ်၊ မေမေ့ရဲ့အသက်အရွယ်ပေါ်မှာအဓိကမူတည်တာမို့ ဒီဆောင်းပါးဖတ်ရင်းအတွေးလေးတစ်ခုရပါစေ မျှော်လင့်ရင်း

မယ်တင်( ဆေး၁ )

ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ဘယ္ေလာက္ျခားၿပီးယူသင့္လဲ?

ကေလးတစ္ေယာက္ေမြးၿပီးတဲ့အေမေတြကို ပတ္ဝန္းက်င္ကေမးေလ့ရွိပါတယ္။ေနာက္တစ္ေယာက္ေကာ မယူေသးဘူးလား ? အဲ့ေလာက္ႀကီးတစ္ေယာက္နဲ႔တစ္ေယာက္မျခားနဲ႔ေလ ” ဆိုေတာ့ကာကၽြန္မတို႔ အမ်ိဳးသမီးေတြမွာေမးစရာေမးခြန္းတစ္ခုေပၚလာပါတယ္။” ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ဘယ္ေလာက္ျခားဖို႔သင့္လဲ” ဆိုတာေပါ့။ေဆးပညာဘက္ကေျပာရရင္ေတာ့ ကေလးတစ္ေယာက္နဲ႔တစ္ေယာက္နီးလြန္းရင္မေကာင္းပါဘူး။ခနၱာကုိယ္မွာရွိတဲ့ေသြးအား ပံုမွန္ျပန္ျဖစ္ဖို႔၊ သားအိမ္ ပံုမွန္အရြယ္အစားရဖို႔ကို ၁၈လ ကေန ၂၄လ ( ၁ႏွစ္ခြဲမွ ၂ႏွစ္အထိ ၾကာျမင့္ႏိုင္ ပါတယ္။ဒီေတာ့ ၂ႏွစ္ေက်္ာ ၃ ႏွစ္ၾကာမွ ကေလးယူဖို႔ ခနၱာကိုယ္ကအဆင္သင့္ျဖစ္တယ္ဆိုတယ့္သေဘာပါပဲ။တကယ္လို႔ ဒီလိုမေစာင့္ဘဲ ယူမယ္ဆိုရင္

_ ကေလးပ်က္က်တာ

_ ေသြးအားနည္းလို႔ ႏွလံုးမခံႏိုင္တာ၊

_ကေလးႀကီးထြားမႈရပ္ၿပီး ကေလးသားအိမ္ထဲမွာဆက္ၿပီးမထြားတာ၊

_လမေစ့ဘဲကေလးေမြးတာေတြ ေတြၾကံဳရတတ္ပါတယ္။

ကေလးတစ္ေယာက္နဲ႔ တစ္ေယာက္ေဝးလြန္းတဲ့အခါက်ေတာ့လဲ…..

ကေလးအေမ အသက္ႀကီးသြားလို႔ ေနာက္ကေလးရဲ႕ ဥာဏ္ရည္အတြက္ စိတ္ပူရမွာျဖစ္သလို ကိုယ္ဝန္ေဆာင္ခ်ိန္ေသြးတိုးျခင္းပိုျဖစ္ပြားႏ္ုင္ပါတယ္။

ဒီေတာ့ ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ ၂ႏွစ္ေအာက္လည္း မျခားဘဲ ၅ႏွစ္ထက္ေက်ာ္ေအာင္လည္း မျခားဘဲယူရင္ အသင့္ေတာ္ဆံုးပါဘဲလို႔အၾကံေပးျခင္ပါတယ္။မိဘေနရာက ဝင္စဥ္းစားၿပီးေျပာရမယ္ဆိုရင္ေတာ့_ ကေလးကို ၃ ႏွစ္ေလာက္စီျခားၿပီးယူမယ္ဆိုရင္…ကေလး၂ေယာက္ဟာအရြယ္သိပ္မကြာတာမို႔ တစ္ေယာက္သံုးၿပီး ပုခက္၊ တြန္းလွည္း စတာေတြ ေနာက္တစ္ေယာက္မွာျပန္သံုးလို႔ရပါတယ္။အေမအေနနဲ႔လည္း ကေလးငယ္ငး္ ၂ေယာက္ကို တစ္ခါထဲေစာင့္ေရွာက္လိုက္ရသလိုဆိုေတာ့ အခ်ိန္ေပးရတာတန္သလိုရွိပါတယ္။ကေလး ၂ေယာက္ ကစားေဖာ္ရသလို၊ အထီးက်န္သလို ခံစားရႏိုင္ေျခ နည္းပါးတယ္။မေကာင္းတဲ့ဘက္ကေတာ့ ေမေမတို႔အေနနဲ႔…ကေလးအခ်င္းခ်င္း မနာလိုစိတ္ေလးေတြရွ္တတ္တာ ကို သတိျပဳေစလိုပါတယ္။

_ ကေလးကို ၅ႏွစ္ မွ ၁၀ ႏွစ္အထိ ျခားၿပီးယူမယ္ဆိုရင္ေကာင္းတဲ့ဘက္ကၾကည့္မယ္ဆိုရင္…ကေလးတစ္ေယာက္ဆီကိုေသခ်ာအခ်ိန္ေပးႏိုင္မယ္။ ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ ကိုယ့္ကိုယ္ကို အပန္းေျဖအနားေပးသလိုအခ်ိႏြရႏိုင္မယ္။ေနာက္ကေလးေမြးတဲ့အခ်ိန္မွာ ပထမကေလးက အနည္းငယ္ႀကီးေနၿပီမို႔ ေမေမတို႔အတြက္ တစ္ဖက္တစ္လမ္းကူေဖာ္ေလာင္ဖက္ေတာင္ျဖစ္ႏိုင္ပါေသးတယ္ေလကေလး ႏွစ္ေယာက္လည္း အသက္ကြာတာမို႔ အခ်င္းခ်င္း မနာလိုတာ၊ ကစားစရာလုလို႔ရန္ျဖစ္တာေတြအတြက္လည္း စိတ္ပူစရာမလိုေတာ့ဘူးေပါ့ေနာ္။
မေကာင္းတဲ့ဘက္ကဆိုရင္ေတာ့…အရာရာအသစ္လိုျပန္ျဖစ္သြားပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ ပ်ိဳ႕အန္တာကအစကေလး ၂ေယာက္ ႏွစ္ေတြျခားသြားတဲ့အခါ သားဦးလို အရမ္းပ်ိဳ႕အန္တာျဖစ္ႏိုင္ပါတယ္။ကေလးငယ္ေလးျပဳစုထိန္းေက်ာင္းတဲ့အခါ ကေလးအႀကီးေက်ာင္းသြားဖို႔လုပ္ရတာနဲ႔ဆိုေတာ့ အလုပ္ ႏွစ္ခုျပင္ဆင္ရတာမတူသလို ပိုပင္ပန္းရတတ္ပါတယ္။ကေလးတစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္ေလာက္ျခားၿပီးယူမယ္ဆိုတာ
မိသားစုအိမ္မက္အေနနဲ႔ ဘယ္နေယာက္ယူမယ္ဆိုတာရယ္၊ ေမေမ့ရဲ႕အသက္အရြယ္ေပၚမွာအဓိကမူတည္တာမို႔ ဒီေဆာင္းပါးဖတ္ရင္းအေတြးေလးတစ္ခုရပါေစ ေမၽွာ္လင့္ရင္း

မယ္တင္( ေဆး၁ )

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *