သားဦးကိုယ်ဝန်နှင့်သတိထားရမည့်အချက်များ

ဖူးဘဝတစ်လျှောက်တွင် သူမ၏ဗိုက်အတွင်းရှိ ဆယ်ပတ်သားကလေးလေး၏ နှလုံးခုန်သံကို ပထမဆုံးကြားရချိန်လောက် မပျော်ရွှင်ခဲ့ရဖူးပေ ။ ဗိုက်ထဲရှိ ကလေးလေးအား ကိရိယာများမှတဆင့် စမ်းသပ် နားထောင်ပြီး ကလေးငယ်သည် ကျန်းကျန်းမာမာရှိနေကြောင်း ဆရာဝန်ကြီးမှ ပြောကြားသည်ကို နားထောင်ရင်း လာမည့် လအနည်းငယ်သည် ဖူး၏ အတွေးထဲ မိမိနှင့်ရင်သွေးငယ်လေး တို့ကျန်းမာဖွံဖြိုးမှု ပုံမှန်အတိုင်းရှိစေရန် ရင်သွေးငယ်၏အနာဂတ်အစီအစဉ်များ ဖန်တီးနိုင်ရန် အစီအစဉ်များ ပြည့်နှက်နေပေတော့မည် ။ သည်အချိန်သည်က ကိုယ်ဝန်ဆောင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ အလှပဆုံးအချိန်ပင် ဖြစ်တော့သည် ။

ဖူးကဲ့သို့ သားဦးကိုယ်ဝန်ဆောင် မိခင်များအတွက် ကိုယ်ဝန်ဆောင် ကာလအတွင်း ဆောင်ရန် ရှောင်ရန်များ အံ့အားသင့်ဖွယ်များ အတွေ့အကြုံများက ဆီးကြိုနေပေသည် ။ သို့အတွက် ကိုယ်ဝန်ဆောင်စဉ် အထူးဂရုပြုလိုက်နာရမည့် အချက်များကို တင်ပြလိုက်ပါတယ် ။

၁။ ကိုယ်ဝန်ကို စနစ်တကျ အပ်နှံပါ ။

ကိုယ်ဝန်ရှိကြောင်း သေချာစမ်းသပ်၍ သိရှိပြီးပါက သက်ဆိုင်ရာ ဆေးရုံ ဆရာဝန် တို့ဖြင့် အပ်နှံ၍ ပုံမှန် ပြသရန် လိုအပ်ပါသည် ။ သို့မှသာ မိခင်နှင့်ရင်သွေးတို့၏ ကျန်းမာရေးကို ပုံမှန်သိရှိနိုင်ပြီး ကိုယ်ဝန်အစောပိုင်း ကာလအတွင်း မူမမှန်သော ဖွံ့ဖြိုးမှုကဲ့သို့သော ဖြစ်စဉ်များကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ် ။

၂။ကာကွယ်ဆေးများ ပုံမှန် ထိုးနှံပါ ။

လစဉ် ကိုယ်ဝန်ပြသတိုင်း သက်ဆိုင်ရာ ဆရာဝန်များမှ အချိန် အလိုက် ကာကွယ်ဆေးများထိုးရန် ညွှန်ကြားသောအခါ ပျက်ကွက်မှု မရှိဘဲ ထိုးနှံရန် လိုအပ်ပါတယ် ။

၃။မိမိကိုယ်ဝန် အနုအရင့်ကို သိရှိနားလည်ခြင်း ။

ကိုယ်ဝန်ဆောင်ကာလကို အကြမ်းဖျဉ်း သုံးပိုင်းခွဲထားပြီး တစ်ပိုင်းတွင် သုံးလပါရှိသည် ။ အပိုင်းအလိုက် ဖွံ့ဖြိုးလာသည့် အလျောက် မိခင်၏ ခန္ဓာကိုယ်အတွင်းတွင်လဲ သွေးပေါင်ချိန်များ ဟော်မုန်း အပြောင်းအလဲများ ခန္ဓာကိုယ်တွင်းဖြစ်စဉ်များ ဖြစ်ပေါ်လာပါသည် ။ သို့အတွက် မိမိကိုယ်ဝန်၏ အနုအရင့်ကို မွေးဖွားမည့်ရက် အစရှိသည်တို့ကို သိရှိရန် လိုအပ်ပါသည် ။

၄။မည်သည့်အစားအသောက်များကို ဆောင်ရန် ရှောင်ရန် လိုအပ်သနည်း ။

ကိုယ်ဝန်အတွက် လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်များ အပြင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အနေဖြင့် အာဟာရဓာတ် ကြွယ်ဝပြီး ညီညွတ်မျှတသော စားသောက်မှုလိုအပ်ပါသည် ။ သို့အတွက် သက်ဆိုင်ရာ ဆရာဝန်များထံတွင် နေထိုင်စားသောက်မှုပုံစံ မိမိနှင့် သင့်တော်သော် အစားအသောက်များအား အထူးအလေးပေး မေးမြန်းသင့်ပါတယ် ။ ထို့အတူ အရက်သေစာများ ကဖိန်းဓာတ်များပါသည့် ထုတ်ကုန်များကို ကိုယ်ဝန်ဆောင်ကာလအတွင်း ရှောင်ရှားသင့်ပါတယ် ။

၅။ပုံမှန်လှုပ်ရှားမှု လိုအပ်ခြင်း ။

နေ့စဉ်ပုံမှန်လှုပ်ရှားမှု လုပ်ပေးခြင်းဟာ မီးဖွားစဉ်ကာလအတွင်း ရှောရှောရှူရှူမွေးဖွားရန် အများကြီး အထောက်အကူဖြစ်စေပါတယ် ။ မပြင်းထန်သည့် ပုံမှန် နေစဉ်လှုပ်ရှားမှုဟာ မီးဖွားရာတွင် သက်တောင့်သက်သာရှိစေပြီး မီးဖွားစဉ် ကြွက်သားများ နာကျဉ်မှုကို လျော့ပါးစေပါတယ် ။

၆။မီးဖွားစဉ် ခရီးသွားခြင်း ။

ကိုယ်ဝန်အစောပိုင်းကာလတွင် ခရီးသွားနိုင်သော်လည်း မွေးဖွားရန် နီးလာသောအခါ အန္တရာယ်ရှိလာနိုင်ပါတယ် ။ မဖြစ်မနေ ခရီးသွားလာရန် လိုအပ်လာမည်ဆိုပါကလည်း သက်ဆိုင်ရာ ဆရာဝန်နှင့် ဦးစွာ တိုင်ပင်ရန် လိုအပ်ပြီး အထူးသတိထားရန် အရေးကြီးပါသည် ။

၇။အချိန်ပေးခြင်း ။

လေ့လာတွေ့ရှိမှုတစ်ရပ်အရ ကိုယ်ဝန်ရှစ်လကျော်သည်အထိ အလုပ်လုပ်သော အမျိုးသမီးများတွင်မွေးဖွားသော ကလေးငယ်များသည် ထိုထက်စော၍ အလုပ်မလုပ်တော့သော အမျိုးသမီးများ၏ ကလေးငယ်များထက် ပေါင်ဝက်ခန့် လျော့၍ မွေးဖွားသည်ဟုဆိုပါသည် ။ ကိုယ်ဝန်ဆောင်ကာလသည် မိခင်အပေါ် စိတ်ဖိစီးမှုအများဆုံးပေးနေသည့်အတွက် တခြားအလုပ်အများဖြင့် စိတ်ဖိစီးမှုများအား တတ်အားသရွေ့ ရှောင်ကြဉ်ရန် လိုအပ်ပါတယ် ။

၈။မွေးဖွားမည့် နေရာအား သေချာရွေးချယ်ခြင်း ။

ကိုယ်ဝန်အစောပိုင်းကာလအတွင်းကတည်းကပင် မွေးဖွားရန် ဆေးရုံ သားဖွားခန်း အစရှိသည်တို့ကို စီစဉ်သင့်ပါတယ် ။ သက်ဆိုင်ရာ ဆေးရုံ သားဖွားခန်းတို့၏ သန့်ရှင်း သပ်ရပ်မှု သွားလာရန် လွယ်ကူမှု အရေးပေါ် စီစဉ်ထားမှု အစရှိသည်တို့ကို သိရှိပြီး ကြိုတင်ပြင်မှုများ လုပ်ထားရန် လိုအပ်ပါတယ် ။

၉။မိမိကလေးအတွက် လိုအပ်သည်များ ကြိုတင်ဝယ်ယူထားခြင်း ။

ကိုယ်ဝန်ဆောင် ကာလအတွင်း အထူးဂရုပြုရန်မှာ မီးဖွားခါနီးတွင် အဆင်သင့်ဖြစ်နေစေရေးလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ ကလေးအနှီး စောင် အဝတ်အစားများကို ကြိုတင်ဝယ်ယူပြင်ဆင်ထားသင့်ပါတယ် ။

၁၀။မိမိကလေးပြုစုစောင့်ရှောက်မှုအတွက် သင်ယူလေ့လာထားခြင်း

မွေးဖွားပြီးသည်နှင့် ရင်သွေးအား ပြုစုစောင့်ရှောက်ရာတွင် အများစုမှာ အခက်တွေ့လေ့ရှိကြသည် ။ ထို့အတွက် ဆရာဝန်များ ကျွမ်းကျင်သူများ မိဘဆွေမျိုးများအားမေးမြန်းခြင်း ကလေးပြုစုစောင့်ရှောက်မှုဆိုင်ရာ စာအုပ်များ ဖတ်ရှုလေ့လာထားခြင်းတို့ လိုအပ်ပါတယ် ။

Dr. ရှိန်းသူဟန်

သားဦးကိုယ္၀န္နွင့္သတိထားရမည့္အခ်က္မ်ား

ဖူးဘဝတစ္ေလွ်ာက္တြင္ သူမ၏ဗိုက္အတြင္းရွိ ဆယ္ပတ္သားကေလးေလး၏ ႏွလံုးခုန္သံကို ပထမဆံုးၾကားရခ်ိန္ေလာက္ မေပ်ာ္ရႊင္ခ့ဲရဖူးေပ ။ ဗိုက္ထဲရွိ ကေလးေလးအား ကိရိယာမ်ားမွတဆင့္ စမ္းသပ္ နားေထာင္ၿပီး ကေလးငယ္သည္ က်န္းက်န္းမာမာရွိေနေၾကာင္း ဆရာဝန္ႀကီိးမွ ေျပာၾကားသည္ကို နားေထာင္ရင္း လာမည့္ လအနည္းငယ္သည္ ဖူး၏ အေတြးထဲ မိမိႏွင့္ရင္ေသြးငယ္ေလး တို႔က်န္းမာဖြံၿဖိဳးမႈ ပံုမွန္အတိုင္းရွိေစရန္ ရင္ေသြးငယ္၏အနာဂတ္အစီအစဥ္မ်ား ဖန္တီးႏိုင္ရန္ အစီအစဥ္မ်ား ျပည့္ႏွက္ေနေပေတာ့မည္ ။ သည္အခ်ိန္သည္က ကိုယ္ဝန္ေဆာင္ ကိုယ္ဝန္ေဆာင္မိခင္တစ္ဦး၏ အလွပဆံုးအခ်ိန္ပင္ ျဖစ္ေတာ့သည္ ။

ဖူးက့ဲသို႔ သားဦးကိုယ္ဝန္ေဆာင္ မိခင္မ်ားအတြက္ ကိုယ္ဝန္ေဆာင္ ကာလအတြင္း ေဆာင္ရန္ ေရွာင္ရန္မ်ား အံ႔အားသင့္ဖြယ္မ်ား အေတြ႕အၾကံဳမ်ားက ဆီးႀကိဳေနေပသည္ ။ သို႔အတြက္ ကိုယ္ဝန္ေဆာင္စဥ္ အထူးဂ႐ုျပဳလိုက္နာရမည့္ အခ်က္မ်ားကို တင္ျပလိုက္ပါတယ္ ။

၁။ ကိုယ္ဝန္ကို စနစ္တက် အပ္ႏွံပါ ။

ကိုယ္ဝန္ရွိေၾကာင္း ေသခ်ာစမ္းသပ္၍ သိရွိၿပီးပါက သက္ဆိုင္ရာ ေဆးရံု ဆရာဝန္ တို႔ျဖင့္ အပ္ႏွံ၍ ပံုမွန္ ျပသရန္ လိုအပ္ပါသည္ ။ သို႔မွသာ မိခင္ႏွင့္ရင္ေသြးတို႔၏ က်န္းမာေရးကို ပံုမွန္သိရွိႏိုင္ၿပီိး ကိုယ္ဝန္အေစာပိုင္း ကာလအတြင္း မူမမွန္ေသာ ဖြံ႕ၿဖိဳးမႈက့ဲသို႔ေသာ ျဖစ္စဥ္မ်ားကို သိရွိႏိုင္မွာပဲ ျဖစ္ပါတယ္ ။

၂။ကာကြယ္ေဆးမ်ား ပံုမွန္ ထိုးႏွံပါ ။

လစဥ္ ကိုယ္ဝန္ျပသတိုင္း သက္ဆိုင္ရာ ဆရာဝန္မ်ားမွ အခ်ိန္ အလိုက္ ကာကြယ္ေဆးမ်ားထိုးရန္ ၫႊန္ၾကားေသာအခါ ပ်က္ကြက္မႈ မရွိဘဲ ထိုးႏွံရန္ လိုအပ္ပါတယ္ ။

၃။မိမိကိုယ္ဝန္ အႏုအရင့္ကို သိရွိနားလည္ျခင္း ။

ကိုယ္ဝန္ေဆာင္ကာလကို အၾကမ္းဖ်ဥ္း သံုးပိုင္းခြဲထားၿပီး တစ္ပိုင္းတြင္ သံုးလပါရွိသည္ ။ အပိုင္းအလိုက္ ဖြံ႕ၿဖိဳးလာသည့္ အေလ်ာက္ မိခင္၏ ခႏၶာကိုယ္အတြင္းတြင္လဲ ေသြးေပါင္ခ်ိန္မ်ား ေဟာ္မုန္း အေျပာင္းအလဲမ်ား ခႏၶာကိုယ္တြင္းျဖစ္စဥ္မ်ား ျဖစ္ေပၚလာပါသည္ ။ သို႔အတြက္ မိမိကိုယ္ဝန္၏ အႏုအရင့္ကို ေမြးဖြားမည့္ရက္ အစရွိသည္တို႔ကို သိရွိရန္ လိုအပ္ပါသည္ ။

၄။မည္သည့္အစားအေသာက္မ်ားကို ေဆာင္ရန္ ေရွာင္ရန္ လိုအပ္သနည္း ။

ကိုယ္ဝန္အတြက္ လိုအပ္ေသာ ဗီတာမင္ႏွင့္သတၱဳဓာတ္မ်ား အျပင္ ကိုယ္ဝန္ေဆာင္မိခင္တစ္ဦး အေနျဖင့္ အာဟာရဓာတ္ ႂကြယ္ဝၿပီး ညီၫြတ္မွ်တေသာ စားေသာက္မႈလိုအပ္ပါသည္ ။ သို႔အတြက္ သက္ဆိုင္ရာ ဆရာဝန္မ်ားထံတြင္ ေနထိုင္စားေသာက္မႈပံုစံ မိမိႏွင့္ သင့္ေတာ္ေသာ္ အစားအေသာက္မ်ားအား အထူးအေလးေပး ေမးျမန္းသင့္ပါတယ္ ။ ထို႔အတူ အရက္ေသစာမ်ား ကဖိန္းဓာတ္မ်ားပါသည့္ ထုတ္ကုန္မ်ားကို ကိုယ္ဝန္ေဆာင္ကာလအတြင္း ေရွာင္ရွားသင့္ပါတယ္ ။

၅။ပံုမွန္လႈပ္ရွားမႈ လိုအပ္ျခင္း ။

ေန႔စဥ္ပံုမွန္လႈပ္ရွားမႈ လုပ္ေပးျခင္းဟာ မီးဖြားစဥ္ကာလအတြင္း ေရွာေရွာ႐ွဴ႐ွဴေမြးဖြားရန္ အမ်ားႀကီး အေထာက္အကူျဖစ္ေစပါတယ္ ။ မျပင္းထန္သည့္ ပံုမွန္ ေနစဥ္လႈပ္ရွားမႈဟာ မီးဖြားရာတြင္ သက္ေတာင့္သက္သာရွိေစၿပီး မီးဖြားစဥ္ ႂကြက္သားမ်ား နာက်ဥ္မႈကို ေလ်ာ့ပါးေစပါတယ္ ။

၆။မီးဖြားစဥ္ ခရီးသြားျခင္း ။

ကိုယ္ဝန္အေစာပိုင္းကာလတြင္ ခရီးသြားႏိုင္ေသာ္လည္း ေမြးဖြားရန္ နီးလာေသာအခါ အႏၲရာယ္ရွိလာႏိုင္ပါတယ္ ။ မျဖစ္မေန ခရီးသြားလာရန္ လိုအပ္လာမည္ဆိုပါကလည္း သက္ဆိုင္ရာ ဆရာဝန္ႏွင့္ ဦးစြာ တိုင္ပင္ရန္ လိုအပ္ၿပီး အထူးသတိထားရန္ အေရးႀကီးပါသည္ ။

၇။အခ်ိန္ေပးျခင္း ။

ေလ့လာေတြ႕ရွိမႈတစ္ရပ္အရ ကိုယ္ဝန္ရွစ္လေက်ာ္သည္အထိ အလုပ္လုပ္ေသာ အမ်ဳိးသမီးမ်ားတြင္ေမြးဖြားေသာ ကေလးငယ္မ်ားသည္ ထိုထက္ေစာ၍ အလုပ္မလုပ္ေတာ့ေသာ အမ်ဳိးသမီးမ်ား၏ ကေလးငယ္မ်ားထက္ ေပါင္ဝက္ခန္႔ ေလ်ာ့၍ ေမြးဖြားသည္ဟုဆိုပါသည္ ။ ကိုယ္ဝန္ေဆာင္ကာလသည္ မိခင္အေပၚ စိတ္ဖိစီးမႈအမ်ားဆံုးေပးေနသည့္အတြက္ တျခားအလုပ္အမ်ားျဖင့္ စိတ္ဖိစီးမႈမ်ားအား တတ္အားသေရြ႕ ေရွာင္ၾကဥ္ရန္ လိုအပ္ပါတယ္ ။

၈။ေမြးဖြားမည့္ ေနရာအား ေသခ်ာေရြးခ်ယ္ျခင္း ။

ကိုယ္ဝန္အေစာပိုင္းကာလအတြင္းကတည္းကပင္ ေမြးဖြားရန္ ေဆးရံု သားဖြားခန္း အစရွိသည္တို႔ကို စီစဥ္သင့္ပါတယ္ ။ သက္ဆိုင္ရာ ေဆးရံု သားဖြားခန္းတို႔၏ သန္႔ရွင္း သပ္ရပ္မႈ သြားလာရန္ လြယ္ကူမႈ အေရးေပၚ စီစဥ္ထားမႈ အစရွိသည္တို႔ကို သိရွိၿပီး ႀကိဳတင္ျပင္မႈမ်ား လုပ္ထားရန္ လိုအပ္ပါတယ္ ။

၉။မိမိကေလးအတြက္ လိုအပ္သည္မ်ား ႀကိဳတင္ဝယ္ယူထားျခင္း ။

ကိုယ္ဝန္ေဆာင္ ကာလအတြင္း အထူးဂ႐ုျပဳရန္မွာ မီးဖြားခါနီးတြင္ အဆင္သင့္ျဖစ္ေနေစေရးလဲ တစ္ခုအပါအဝင္ျဖစ္ပါတယ္ ။ ကေလးအႏွီး ေစာင္ အဝတ္အစားမ်ားကို ႀကိဳတင္ဝယ္ယူျပင္ဆင္ထားသင့္ပါတယ္ ။

၁၀။မိမိကေလးျပဳစုေစာင့္ေရွာက္မႈအတြက္ သင္ယူေလ့လာထားျခင္း

ေမြးဖြားၿပီးသည္ႏွင့္ ရင္ေသြးအား ျပဳစုေစာင့္ေရွာက္ရာတြင္ အမ်ားစုမွာ အခက္ေတြ႕ေလ့ရွိၾကသည္ ။ ထို႔အတြက္ ဆရာဝန္မ်ား ကြ်မ္းက်င္သူမ်ား မိဘေဆြမ်ဳိးမ်ားအားေမးျမန္းျခင္း ကေလးျပဳစုေစာင့္ေရွာက္မႈဆိုင္ရာ စာအုပ္မ်ား ဖတ္႐ွဳေလ့လာထားျခင္းတို႔ လိုအပ္ပါတယ္ ။

Dr. ရွိန္းသူဟန္

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *