နာကျင်ခြင်းကို ကြင်နာခြင်းထက် ပိုမိုခုံမင်သူတွေ

လိင်ဆက်ဆံခြင်းဟာ လူသားတို့အဖို့မကင်းနိုင်တဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက် လိင်ပညာပေးအကြောင်းအရာတွေကို ကျန်းမာရေးရှုထောင့်အရ တင်ပြပေးလျက်ရှိပါတယ်။ဒီတစ်ခါမှာလဲ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဖောက်ပြန်မှုနဲ့ဆက်နွယ်တဲ့ Sadism(ဆက်ဒစ်ဇင်) ဆိုတဲ့ လိင်ဆက်ဆံမှုအကြောင်းကိုတင်ပြလိုက်ပါတယ်။

လိင်ဆက်ဆံတဲ့အခါ သာမန်အားဖြင့်ဆိုရင် လက်တွဲဖော်တို့ဟာ နှစ်ဦးနှစ်ဖက်လုံး စိတ်ပျော်ရွှင်မှုရရှိအောင် အတူတူနေကြပါတယ်။
Sadismစိတ်ခံစားမှုဆိုတာဟာ ကိုယ့်ရဲ့လိင်ဆက်ဆံဖော်ဟာ လိင်ဆက်ဆံနေရင်း နာကျင်မှုဝေဒနာခံစားရမှ၊ သို့မဟုတ် ကိုယ့်ရဲ့လိင်ဆက်ဆံဖော်ကို အနိုင်ကျင့်ပြီးအရှက်ရဖွယ် နှိမ့်ချပြီးလိင်ဆံဆက်ရမှ လိင်စိတ်ဆန္ဒကျေနပ်မှုရရှိတဲ့ စိတ်ခံစားချက်ဖောက်ပြန်မှုကို ခေါ်တာပဲဖြစ်ပါတယ်။ အချို့မှာတော့ ထိုခံစားချက်နဲ့ပြောင်းပြန် နှိပ်စက်ခံရ၊ နာကျင်မှုဒဏ်ခံရမှ လိင်စိတ်ဆန္ဒပြည့်ဝခြင်းကိုရရှိပါတယ်။ ဒါကိုတော့ Masochism (မာဆိုခစ်ဇင်)လို့ခေါ်ပါတယ်။

Sadism (ဆက်ဒစ်ဇင်) ဆိုတဲ့အခေါ်အဝေါ်ဟာ ၁၈ရာစုနှစ် ပြင်သစ်စာရေးဆရာကြီး မာကီဒယ်ဆာ့ဒ် (Marquis de Sade) ရဲ့ နောက်ဆုံးစာလုံး (Sade) ကနေဆင်းသက်လာတာဖြစ်ပါတယ်။ ဒီစာရေးဆရာကြီးဟာ သူ့ရဲ့ဝတ္ထုတွေထဲမှာ ဆက်ဒစ်ဇင်အပြုအမူတွေကိုထည့်သွင်းရေးသားခဲ့ပါတယ်။

ဆက်ဒစ်ဇင်ကိုကြိုက်နှစ်သက်သူတွေဟာ သူ့ရဲ့လက်တွဲဖော်မှာ နာကျင်မှုအနည်းငယ်ရရှိရုံနဲ့ကျေနပ်သူတွေရှိသလို ဆိုးဆိုးဝါးဝါးခံစားရတဲ့အထိဖြစ်သွားမှကျေနပ်သူတွေလည်းရှိပါတယ်။ အချို့ရဲ့အပြုအမူတွေမှာ မိမိလက်တွဲဖော် ရက်ရက်စက်စက်ထိခိုက်တဲ့အထိ၊ အဆိုးဆုံးသေဆုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ သူတို့ရဲ့ကျေနပ်မှုဟာ ခန္ဓာကိုယ်ထက် ဆက်ဆံဖော်ရဲ့ စိတ်ထဲမှာပါ နာကျင်နေတယ်၊ အနိုင်ကျင့်ခံနေရတယ်ဆိုတာကိုခံစားရပြီဆိုရင် စိတ်ဆန္ဒပြည့်ဝလာတတ်ကြပါတယ်။ ဆက်ဒစ်ဇင်ကို များသောအားဖြင့် မုဒိန်းမှုနှင့် လူသတ်မှုနွယ်နေတဲ့ အမှုအခင်းတွေအနေနဲ့ အများဆုံးတွေ့ရတန်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ





မေတ္တာဖြင့်

စိုင်းမြတ်သူ

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *