သားအိမ်ခေါင်းမလုံလို့ကလေးပျက်ကျတာလား?
တစ်ချို့သော ကိုယ်ဝန်ဆောင်မေမေတွေမှာ ကလေးပျက်ကျတယ်ဆိုတဲ့ ဝမ်းနည်းဖွယ်ရာအဖြစ်ကို မကြာမကြာ ကြုံတွေ့ရလေ့ရှိပါတယ်။ ပျက်ကျရတဲ့အကြောင်းရင်းတွေအများကြီးရှိပေမယ့် သားအိမ်ခေါင်းမလုံလို့ ပျက်ကျရခြင်းကလည်း အကြောင်းရင်းများစွာထဲက အရေးကြီးအကြောင်းရင်းတစ်ခုပါပဲ။ သားအိမ်ခေါင်းဆိုတာ မိန်းကလေးတွေမှာ မိန်းမကိုယ်ပြီး မွေးလမ်းကြောင်းထဲမှာ ရှိနေပါတယ်။ သားအိမ်ရဲ့အဝလေးမှာ ရှုံ့ကြိုးအိတ်လေးစည်းထားသလို သားအိမ်ခေါင်းလေးက သားအိမ်အဝကိုပိတ်စည်းပေးထားပါတယ်။ ကျွန်မတို့ မိန်းမသားတွေရာသီသွေးဆင်းတဲ့အခါမှာလဲ သားအိမ်ခေါင်းကိုပဲ ဖြတ်ပြီးဆင်းလာရပါတယ်။
* အလွယ်ပြောရရင် သားအိမ်ထဲက ပစ္စည်းတွေအပြင်ကိုမထွက်စေတဲ့ အထိန်းလေးပေါ့*
သားအိမ်ခေါင်းဟာ သဘာဝအားဖြင့် ရှည်ပြီး မာနေတတ်ပါတယ်။ ဒီလို မာနေမှလည်း သားအိမ်အဝကို ထိန်းပေးထားနိုင်လို့ပါကိုယိဝန်ဆောင်တွေနေ့စေ့လစေ့မွေးခါနီးအချိန်ရောက်မှ သားအိမ်ခေါင်းကပျော့ပြောင်းပြီး ကျယ်လာတော့တာပါ။ အဲ့အချိန်က သားအိမ်အဝလေးကျယ်လာပြီး ကလေးခေါင်းလေးတိုးထွက် ကလေးမွေးတာကိုး။ ခု “သားအိမ်ခေါင်းမလုံပါဘူး”ဆိုတဲ့ မိခင်တွေမှာကျတော့ သားအိမ်ခေါင်းကစောပြီး ကျယ်နေတယ်။ကျယ်နေတဲ့အခါ ကလေးမွေးချိန်မတိုင်ဘဲ ၁၆ပတ်မှ ၂၄ပတ်ကြားကလေးမွေးတာတွေဖြစ်တတ်ပါတယ်။လမစေ့ဘဲမွေးတော့ ကလေးအသေမွေးတာတွေတွေ့ရတတ်ပါတယ်။ဖြစ်နိုင်ခြေများတဲ့အနေအထားတွေက
_ အရင်ကိုယ်ဝန်ပျက်ကျလို့ သားအိမ်ခြစ်ဘူးသူတွေ
_ ယခင် ကိုယ်ဝန် ၅လ၊ ၆လ မှာ ထူးခြားအကြောင်းမရှိဘဲ ပျက်ကျတတ်သူတွေ
_ ယခင်ကိုယ်ဝန်မှာသားအိမ်ခေါင်းမလုံတဲ့သူတွေ
_ ယခင်ကိုယ်ဝန် လမစေ့ဘဲစောမွေးဘူးသူတွေ
_မွေးရာပါသားအိမ်ခေါင်းတိုပြီး မလုံတဲ့သူတွေ
_သားအိမ်အနေအထားမမှန်သူတွေမှာအတွေ့များပါတယ်။သားအိမ်ခေါင်းမလုံတာဟာ တစ်ခါတစ်လေမှာ ဘာလက္ခဏာမှမပြတတ်ဘဲလည်းရှိပါတယ်။
လက္ခဏာပြမယ်ဆိုရင်သိသာနိုင်တဲ့လက္ခဏာနွေကတော့
_ ရာသီဆင်းသလို ဗိုက်အောင့်တာ
_ခါးကိုက်တာ
_ သွေးနည်းနည်းချင်းဆငိးတာ
_ မိန်းမကိုယ်က အဖြူဆင်းတာ များလာတာ၊ ပြစ်လာတာတွေခံစားရလေ့ရှိပါလိမ့်မယ်။သားအိမ်ခေါင်းမလုံတာကို စစ်ဆေးဖို့ အတွက်ဆရာဝန်က မိန်းမကိုယ်ကရိုက်တဲ့Transvaginal Ultrasound ကို ၁၆ပတ်မကျော်ခင်အထိ ရိုက်ခိုင်းလေ့ရှိပါတယ်။
သားအိမ်ခေါင်းမလုံတဲ့မိခင်တွေကို ကုသမှုအနေနဲ့ကတော့ မလုံတဲ့သားအိမ်ခေါင်းကို ချုပ်ကြိုးနဲ့ဆွဲပြီးတင်းအောင်လုံအောင်လုပ်တာမျိုးလုပ်လို့ရပါတယ်။ဒီလိုလုပ်တာကို သားအိမ်ခေါင်းမလုံတာသေချာပြီဆိုရင်ကိုယ်ဝန် ၁၂ပတ်နဲ့ ၁၄ပတ်ကြားမှာ ခါးဆစ်ရိုးထုံဆေးပေးပြီးလုပ်လေ့ရှိပါတယ်။
မယ်တင်( ဆေး ၁)
သားအိမ္ေခါင္းမလံုလို႔ကေလးပ်က္က်တာလား?
တစ္ခ်ိဳ႕ေသာ ကိုယ္ဝန္ေဆာင္ေမေမေတြမွာ ကေလးပ်က္က်တယ္ဆိုတဲ့ ဝမ္းနည္းဖြယ္ရာအျဖစ္ကို မၾကာမၾကာ ၾကံဳေတြ႕ရေလ့ရွိပါတယ္။ ပ်က္က်ရတဲ့အေၾကာင္းရင္းေတြအမ်ားႀကီးရွိေပမယ့္ သားအိမ္ေခါင္းမလံုလို႔ ပ်က္က်ရျခင္းကလည္း အေၾကာင္းရင္းမ်ားစြာထဲက အေရးႀကီးအေၾကာင္းရင္းတစ္ခုပါပဲ။ သားအိမ္ေခါင္းဆိုတာ မိန္းကေလးေတြမွာ မိန္းမကိုယ္ၿပီး ေမြးလမ္းေၾကာင္းထဲမွာ ရွိေနပါတယ္။ သားအိမ္ရဲ႕အဝေလးမွာ ရႈံ့ႀကိဳးအိတ္ေလးစည္းထားသလို သားအိမ္ေခါင္းေလးက သားအိမ္အဝကိုပိတ္စည္းေပးထားပါတယ္။ ကၽြန္မတို႔ မိန္းမသားေတြရာသီေသြးဆင္းတဲ့အခါမွာလဲ သားအိမ္ေခါင္းကိုပဲ ျဖတ္ၿပီးဆင္းလာရပါတယ္။
* အလြယ္ေျပာရရင္ သားအိမ္ထဲက ပစၥည္းေတြအျပင္ကိုမထြက္ေစတဲ့ အထိန္းေလးေပါ့*
သားအိမ္ေခါင္းဟာ သဘာဝအားျဖင့္ ရွည္ၿပီး မာေနတတ္ပါတယ္။ ဒီလို မာေနမွလည္း သားအိမ္အဝကို ထိန္းေပးထားႏိုင္လို႔ပါကိုယိဝန္ေဆာင္ေတြေန႔ေစ့လေစ့ေမြးခါနီးအခ်ိန္ေရာက္မွ သားအိမ္ေခါင္းကေပ်ာ့ေျပာင္းၿပီး က်ယ္လာေတာ့တာပါ။ အဲ့အခ်ိန္က သားအိမ္အဝေလးက်ယ္လာၿပီး ကေလးေခါင္းေလးတိုးထြက္ ကေလးေမြးတာကိုး။ ခု "သားအိမ္ေခါင္းမလံုပါဘူး"ဆိုတဲ့ မိခင္ေတြမွာက်ေတာ့ သားအိမ္ေခါင္းကေစာၿပီး က်ယ္ေနတယ္။က်ယ္ေနတဲ့အခါ ကေလးေမြးခ်ိန္မတိုင္ဘဲ ၁၆ပတ္မွ ၂၄ပတ္ၾကားကေလးေမြးတာေတြျဖစ္တတ္ပါတယ္။လမေစ့ဘဲေမြးေတာ့ ကေလးအေသေမြးတာေတြေတြ႕ရတတ္ပါတယ္။ျဖစ္ႏိုင္ေျခမ်ားတဲ့အေနအထားေတြက
_ အရင္ကိုယ္ဝန္ပ်က္က်လို႔ သားအိမ္ျခစ္ဘူးသူေတြ
_ ယခင္ ကိုယ္ဝန္ ၅လ၊ ၆လ မွာ ထူးျခားအေၾကာင္းမရွိဘဲ ပ်က္က်တတ္သူေတြ
_ ယခင္ကိုယ္ဝန္မွာသားအိမ္ေခါင္းမလံုတဲ့သူေတြ
_ ယခင္ကိုယ္ဝန္ လမေစ့ဘဲေစာေမြးဘူးသူေတြ
_ေမြးရာပါသားအိမ္ေခါင္းတိုၿပီး မလံုတဲ့သူေတြ
_သားအိမ္အေနအထားမမွန္သူေတြမွာအေတြ႕မ်ားပါတယ္။သားအိမ္ေခါင္းမလံုတာဟာ တစ္ခါတစ္ေလမွာ ဘာလကၡဏာမွမျပတတ္ဘဲလည္းရွိပါတယ္။
လကၡဏာျပမယ္ဆိုရင္သိသာႏိုင္တဲ့လကၡဏာေႏြကေတာ့
_ ရာသီဆင္းသလို ဗိုက္ေအာင့္တာ
_ခါးကိုက္တာ
_ ေသြးနည္းနည္းခ်င္းဆငိးတာ
_ မိန္းမကိုယ္က အျဖဴဆင္းတာ မ်ားလာတာ၊ ျပစ္လာတာေတြခံစားရေလ့ရွိပါလိမ့္မယ္။သားအိမ္ေခါင္းမလံုတာကို စစ္ေဆးဖို႔ အတြက္ဆရာဝန္က မိန္းမကုိယ္ကရိုက္တဲ့Transvaginal Ultrasound ကို ၁၆ပတ္မေက်ာ္ခင္အထိ ရိုက္ခိုင္းေလ့ရွိပါတယ္။
သားအိမ္ေခါင္းမလံုတဲ့မိခင္ေတြကို ကုသမႈအေနနဲ႔ကေတာ့ မလံုတဲ့သားအိမ္ေခါင္းကုိ ခ်ဳပ္ႀကိဳးနဲ႔ဆြဲၿပီးတင္းေအာင္လံုေအာင္လုပ္တာမ်ိဳးလုပ္လို႔ရပါတယ္။ဒီလိုလုပ္တာကို သားအိမ္ေခါင္းမလံုတာေသခ်ာၿပီဆိုရင္ကိုယ္ဝန္ ၁၂ပတ္နဲ႔ ၁၄ပတ္ၾကားမွာ ခါးဆစ္ရိုးထံုေဆးေပးၿပီးလုပ္ေလ့ရွိပါတယ္။
မယ္တင္( ေဆး ၁)