” Fast food များကို စားသုံးမှု နှင့် ကိုယ်ဝန်ရနိုင်သည့် အခွင့်အလမ်း “

ကျန်းမာတဲ့ အစားအသောက်စားသုံးဖို့ဆိုတာက ကိုယ်ဝန်မရှိခင်ကာလမှာကို အရေးကြီးပါတယ်။ Fast Food လို့ ခေါ်တဲ့ အသင့်စား အစားအစာတွေကို စားသုံးတာများတဲ့ အမျိုးသမီးတွေဟာ သစ်သီးဝလံစားတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်လွယ်နိုင်ဖို့ အချိန်ပိုကြာတယ် လို့ Human Production journal က ပြောပါတယ်။ အသီးတွေကို တစ်နေ့ ၃ ကြိမ်အောက် စားတဲ့ အမျိုးသမီးတွေဟာ တစ်နေ့ကို ၃ ကြိမ် အထက် အသီးစားတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ရနိုင်ဖို့ အချိန် ပိုကြာပါတယ်။ ထိုနည်းတူစွာ တစ်နေ့ကို fast food တွေ လေးငါးကြိမ်ထက်ပိုစားတဲ့ အမျိုးသမီးတွေက သစ်သီးစားသုံးတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ရနိုင်ဖို့ ပိုအချိန်ကြာမြင့်ပါတယ်။

အဲဒီအတွက် စားသောက်မှု ပုံစံတွေကိုပြောင်းလဲလိုက်ခြင်းက ကိုယ့်ရဲ့ ကလေးရနိုင်မယ့် အခွင့်အလမ်းကို ပိုမို များပြားလာစေပါတယ် လို့ University of Adelaide က လေ့လာသူတစ်ဦးက ပြောကြားပါတယ်။သူ့တို့လေ့လာချက်မှာ Fast food ခေါ် အသင့်စားစားစရာတွေကို မကြာခဏ စားသုံးခြင်းက ကိုယ်ဝန်လွယ်နိုင်ဖို့ကို နှောင့်နှေးစေတယ်လို့ တွေ့ရှိရပါတယ်။

Grieger နဲ့ လေ့လာသူတစ်ချို့ဟာ သတင်းအချက်အလက်တွေကို Australia, New Zealand, the UK နဲ့ Ireland နိုင်ငံတို့မှ ကလေးပထမဆုံးရတဲ့ ကိုယ်ဝန်ဆောင် 5,598 ယောက် ကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ သူတို့ရဲ့ လေ့လာမှုမှာ ကိုယ်ဝန်မတိုင်မီအချိန်ကနေ ကိုယ်ဝန်ရတဲ့အထိ ဘယ်လောက်အချိန်ယူခဲ့ရသလဲ၊အသီးအနှံ ဟင်းသီးဟင်းရွက်တွေ ဘယ်လောက်စားသလဲ ပြီးတော့ fast food တွေဖြစ်တဲ့ ပီဇာ ဘာဂါ ကြက်ကြော် အားလူးကြော်တွေရော ဘယ်လောက်စားသလဲဆိုတဲ့ စတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီး စစ်တမ်းကောက်ခဲ့ကြပါတယ်။

သစ်သီးစားသုံးမှုနည်းတဲ့ အမျိုးသမီးတွေမှာ ကလေးမရဘဲ မြုံတဲ့ အခွင့်အလမ်းက၈ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ တိုးမြင့်နေပါတယ်။ Fast food တွေစားတဲ့သူမှာတော့ ၁၆ ရာခိုင်နှုန်းအထိ တိုးမြင့်နေပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်မယ့် အချိန်ပေါ်ကိုတော့ သက်ရောက်မှု မရှိဘူးလို့ ပြောပါတယ်။သူတို့ အမျိုးသားတွေရဲ့ အစားအသောက်ကိုတော့ ထည့်သွင်း မလေ့လာခဲ့ပေမယ့် တခြားလေ့လာမှု တစ်ခုမှာ ” အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေစာပေးခြင်းဟာ သုတ်ပိုးရဲ့ရွေ့လျားနိုင်ခြင်းကို တိုးမြင့်စေနိုင်တယ် ၊ အဆီတွေ အချိုတွေ စားသုံးလွန်းရင်တော့ သုတ်ပိုးရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေတယ် ” ဆိုတာကတော့ တွေ့ရှိပြီး ဖြစ်ပါတယ်။

အဲဒီအတွက် ခြုံငုံ သုံးသပ်ရမယ်ဆိုရင်တော့ ကောင်းမွန်မျှတတဲ့ အာဟာရစားသုံးမှုဟာ ကလေး ရရှိနိုင်ဖို့ အတွက် အထောက်အကူ ပြုတယ်ဆိုတာပါပဲ။အဲဒီလိုပဲ fast food စားသူံးခြင်းက လည်း ကလေးရနိုင်မယ့် အခွင့်အလမ်းပေါ် အတိုင်းအတာတစ်ခုထိသက်ရောက်နေပါတယ်။

ဒါ့အပြင် Fast food တွေကို တစ်နေ့ ၄ကြိမ်ထက်ပိုပြီးစားတဲ့ အမျိုးသမီးတစ်ယောက်ဟာ အဝလွန်ဖို့လည်း ပိုပြီး ဖြစ်နိုင်ပါတယ်။

လတ်ဆတ်တဲ့ သစ်သီးကို စားသုံးပေးခြင်းကလည်း ကောင်းမွန်တဲ့ အာဟာရကို ရရှိစေပါတယ်။

ကိုယ်ဝန်မရခင်မှာရော ကိုယ်ဝန်ရလာပြီဆိုတာနဲ့ တစ်ပြိုင်တည်း သင့်တင့်တဲ့ ကိုယ်အလေးချိန်မှာ ရှိနေစေဖို့ ၊junk food fast food တွေကို မစားဖို့ alcohol ကိုလည်းရှောင်ကြဉ်ဖို့ ကို လေ့လာသူတွေက အကြံပြုကြပါတယ်။

ဒီလေ့လာချက်မှာ အဓိကတွေ့နိုင်တာကတော့ သစ်သီးစားသုံးခြင်းတွေရဲ့ ကောင်းကျိုးကို ဖော်ပြထားပါတယ်။သစ်သီးဝလံတွေ ဟင်းသီးဟင်းရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေနဲ့ phytochemical တွေပါတဲ့အတွက် သန္ဓေအောင်ခြင်းကို အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။

Fast food တွေမှာက ပြည့်ဝဆီsaturated fats တွေ sodium ဓာတ်နဲ့ သကြားဓာတ်တွေ မြင့်မားစွာ ပါဝင်ပါတယ်။Fast food တွေမှာ မြင့်မားစွာပါဝင်နေတဲ့ တစ်ချို့သောအဆီအက်ဆစ် Fatty acids တွေက အမျိုးသမီးတွေရဲ့ သားဥဆဲလ် egg cells မှာပါတဲ့ အဆီပမာဏတွေကို အပြောင်းအလဲ ဖြစ်စေတာကြောင့် သန္ဓေအောင်ခြင်းကို နှောင့်နှေးစေတာလို့ ယူဆကြတာပဲ ဖြစ်ပါတယ်။

Centers of disease control and prevention (CDC ) ရဲ့ ဆွေးနွေးချက်တွေအရ အသက်အရွယ်ကလည်း အဓိကပြသနာနေရာမှာ ပါဝင်နေပါသေးတယ်။အသက်၃၅နှစ်ထက်ကျော်တဲ့ အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံမှာ မျိုးပွားခြင်း ပြသနာ (fertility problems) တွေ ရှိတယ်လို့ဆိုပါတယ်။

ဆေးလိပ်သောက်ခြင်း ၊ အရက်ကို အလွန်အမင်းသောက်သုံးခြင်း၊ ကိုယ်အလေးချိန်ကို အလွန်အမင်းတက်အောင် ဒါမှမဟုတ် ကိုယ်အလေးချိန်ကျအောင် ပြုလုပ်ခြင်း၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းများ၊ စိတ်ဖိအား stress များကလည်း သန္ဓေအောင်မယ့် အခွင့်အလမ်းကို လျော့ကျစေပါတယ်။

Healthy Lifestyles တွေဖြစ်တဲ့ ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိန်းသိမ်းခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအာဟာရကို စားသုံးခြင်း၊ ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ခြင်း ဒါမှမဟုတ် ကန့်သတ်ခြင်း တွေကလည်း ကလေးရနိုင်မယ့်အခွင့်လမ်းကို ပိုမိုတိုးမြင့်စေနိုင်ကြောင်း အကြံပြုလိုပါတယ်။

ခွန်းညိုသွေး

” Fast food မ်ားကို စားသံုးမႈ ႏွင့္ ကိုယ္ဝန္ရႏိုင္သည့္ အခြင့္အလမ္း “

က်န္းမာတဲ့ အစားအေသာက္စားသံုးဖို႔ဆိုတာက ကိုယ္ဝန္မရွိခင္ကာလမွာကို အေရးႀကီးပါတယ္။ Fast Food လို႔ ေခၚတဲ့ အသင့္စား အစားအစာေတြကို စားသံုးတာမ်ားတဲ့ အမ်ိဳးသမီးေတြဟာ သစ္သီးဝလံစားတဲ့ အမ်ိဳးသမီးေတြထက္ ကိုယ္ဝန္လြယ္ႏိုင္ဖို႔ အခ်ိန္ပိုၾကာတယ္ လို႔ Human Production journal က ေျပာပါတယ္။ အသီးေတြကို တစ္ေန႔ ၃ ႀကိမ္ေအာက္ စားတဲ့ အမ်ိဳးသမီးေတြဟာ တစ္ေန႔ကို ၃ ႀကိမ္ အထက္ အသီးစားတဲ့ အမ်ိဳးသမီးေတြထက္ ကိုယ္ဝန္ရႏိုင္ဖို႔ အခ်ိန္ ပိုၾကာပါတယ္။ ထိုနည္းတူစြာ တစ္ေန႔ကို fast food ေတြ ေလးငါးႀကိမ္ထက္ပိုစားတဲ့ အမ်ိဳးသမီးေတြက သစ္သီးစားသံုးတဲ့ အမ်ိဳးသမီးေတြထက္ ကိုယ္ဝန္ရႏိုင္ဖို႔ ပိုအခ်ိန္ၾကာျမင့္ပါတယ္။

အဲဒီအတြက္ စားေသာက္မႈ ပံုစံေတြကိုေျပာင္းလဲလိုက္ျခင္းက ကိုယ့္ရဲ႕ ကေလးရႏိုင္မယ့္ အခြင့္အလမ္းကို ပိုမို မ်ားျပားလာေစပါတယ္ လို႔ University of Adelaide က ေလ့လာသူတစ္ဦးက ေျပာၾကားပါတယ္။သူ႔တို႔ေလ့လာခ်က္မွာ Fast food ေခၚ အသင့္စားစားစရာေတြကို မၾကာခဏ စားသံုးျခင္းက ကိုယ္ဝန္လြယ္ႏိုင္ဖို႔ကို ေႏွာင့္ေႏွးေစတယ္လို႔ ေတြ႕ရွိရပါတယ္။

Grieger နဲ႔ ေလ့လာသူတစ္ခ်ိဳ႕ဟာ သတင္းအခ်က္အလက္ေတြကို Australia, New Zealand, the UK နဲ႔ Ireland ႏိုင္ငံတို႔မွ ကေလးပထမဆံုးရတဲ့ ကိုယ္ဝန္ေဆာင္ 5,598 ေယာက္ ကို စစ္တမ္းေကာက္ယူခဲ့တာျဖစ္ပါတယ္။

သူတို႔ဟာ သူတို႔ရဲ႕ ေလ့လာမႈမွာ ကိုယ္ဝန္မတိုင္မီအခ်ိန္ကေန ကိုယ္ဝန္ရတဲ့အထိ ဘယ္ေလာက္အခ်ိန္ယူခဲ့ရသလဲ၊အသီးအႏွံ ဟင္းသီးဟင္းရြက္ေတြ ဘယ္ေလာက္စားသလဲ ၿပီးေတာ့ fast food ေတြျဖစ္တဲ့ ပီဇာ ဘာဂါ ၾကက္ေၾကာ္ အားလူးေၾကာ္ေတြေရာ ဘယ္ေလာက္စားသလဲဆိုတဲ့ စတဲ့ အခ်က္အလက္ေတြေပၚမွာ မူတည္ၿပီး စစ္တမ္းေကာက္ခဲ့ၾကပါတယ္။

သစ္သီးစားသံုးမႈနည္းတဲ့ အမ်ိဳးသမီးေတြမွာ ကေလးမရဘဲ ျမံဳတဲ့ အခြင့္အလမ္းက၈ ရာခိုင္ႏႈန္းကေန ၁၂ ရာခိုင္ႏွဳန္းအထိ တိုးျမင့္ေနပါတယ္။ Fast food ေတြစားတဲ့သူမွာေတာ့ ၁၆ ရာခိုင္ႏႈန္းအထိ တိုးျမင့္ေနပါတယ္။

ဒါေပမယ့္ ကိုယ္ဝန္ေဆာင္မယ့္ အခ်ိန္ေပၚကိုေတာ့ သက္ေရာက္မႈ မရွိဘူးလို႔ ေျပာပါတယ္။သူတို႔ အမ်ိဳးသားေတြရဲ႕ အစားအေသာက္ကိုေတာ့ ထည့္သြင္း မေလ့လာခဲ့ေပမယ့္ တျခားေလ့လာမႈ တစ္ခုမွာ ” အသီးအႏွံေတြ ဟင္းသီးဟင္းရြက္ေတြစာေပးျခင္းဟာ သုတ္ပိုးရဲ႕ေရြ႕လ်ားႏိုင္ျခင္းကို တိုးျမင့္ေစႏိုင္တယ္ ၊ အဆီေတြ အခ်ိဳေတြ စားသံုးလြန္းရင္ေတာ့ သုတ္ပိုးရဲ႕ စြမ္းေဆာင္ရည္ကို ေလ်ာ့က်ေစတယ္ ” ဆိုတာကေတာ့ ေတြ႕ရွိၿပီး ျဖစ္ပါတယ္။

အဲဒီအတြက္ ျခံဳငံု သံုးသပ္ရမယ္ဆိုရင္ေတာ့ ေကာင္းမြန္မွ်တတဲ့ အာဟာရစားသံုးမႈဟာ ကေလး ရရွိႏိုင္ဖို႔ အတြက္ အေထာက္အကူ ျပဳတယ္ဆိုတာပါပဲ။အဲဒီလိုပဲ fast food စားသံူးျခင္းက လည္း ကေလးရႏိုင္မယ့္ အခြင့္အလမ္းေပၚ အတိုင္းအတာတစ္ခုထိသက္ေရာက္ေနပါတယ္။

ဒါ့အျပင္ Fast food ေတြကို တစ္ေန႔ ၄ႀကိမ္ထက္ပိုၿပီးစားတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ အဝလြန္ဖို႔လည္း ပိုၿပီး ျဖစ္ႏိုင္ပါတယ္။

လတ္ဆတ္တဲ့ သစ္သီးကို စားသံုးေပးျခင္းကလည္း ေကာင္းမြန္တဲ့ အာဟာရကို ရရွိေစပါတယ္။

ကိုယ္ဝန္မရခင္မွာေရာ ကိုယ္ဝန္ရလာၿပီဆိုတာနဲ႔ တစ္ၿပိဳင္တည္း သင့္တင့္တဲ့ ကိုယ္အေလးခ်ိန္မွာ ရွိေနေစဖို႔ ၊junk food fast food ေတြကို မစားဖို႔ alcohol ကိုလည္းေရွာင္ၾကဥ္ဖို႔ ကို ေလ့လာသူေတြက အၾကံျပဳၾကပါတယ္။

ဒီေလ့လာခ်က္မွာ အဓိကေတြ႕ႏိုင္တာကေတာ့ သစ္သီးစားသံုးျခင္းေတြရဲ႕ ေကာင္းက်ိဳးကို ေဖာ္ျပထားပါတယ္။သစ္သီးဝလံေတြ ဟင္းသီးဟင္းရြက္ေတြမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္း antioxidants ေတြနဲ႔ phytochemical ေတြပါတဲ့အတြက္ သေႏၶေအာင္ျခင္းကို အက်ိဳးသက္ေရာက္မႈျဖစ္ေစပါတယ္။

Fast food ေတြမွာက ျပည့္ဝဆီsaturated fats ေတြ sodium ဓာတ္နဲ႔ သၾကားဓာတ္ေတြ ျမင့္မားစြာ ပါဝင္ပါတယ္။Fast food ေတြမွာ ျမင့္မားစြာပါဝင္ေနတဲ့ တစ္ခ်ိဳ႕ေသာအဆီအက္ဆစ္ Fatty acids ေတြက အမ်ိဳးသမီးေတြရဲ႕ သားဥဆဲလ္ egg cells မွာပါတဲ့ အဆီပမာဏေတြကို အေျပာင္းအလဲ ျဖစ္ေစတာေၾကာင့္ သေႏၶေအာင္ျခင္းကို ေႏွာင့္ေႏွးေစတာလို႔ ယူဆၾကတာပဲ ျဖစ္ပါတယ္။

Centers of disease control and prevention (CDC ) ရဲ႕ ေဆြးေႏြးခ်က္ေတြအရ အသက္အရြယ္ကလည္း အဓိကျပသနာေနရာမွာ ပါဝင္ေနပါေသးတယ္။အသက္၃၅ႏွစ္ထက္ေက်ာ္တဲ့ အမ်ိဳးသမီးေတြရဲ႕ သံုးပံုတစ္ပံုမွာ မ်ိဳးပြားျခင္း ျပသနာ (fertility problems) ေတြ ရွိတယ္လို႔ဆိုပါတယ္။

ေဆးလိပ္ေသာက္ျခင္း ၊ အရက္ကို အလြန္အမင္းေသာက္သံုးျခင္း၊ ကိုယ္အေလးခ်ိန္ကို အလြန္အမင္းတက္ေအာင္ ဒါမွမဟုတ္ ကိုယ္အေလးခ်ိန္က်ေအာင္ ျပဳလုပ္ျခင္း၊ ျပင္းထန္တဲ့ ေလ့က်င့္ခန္းမ်ား၊ စိတ္ဖိအား stress မ်ားကလည္း သေႏၶေအာင္မယ့္ အခြင့္အလမ္းကို ေလ်ာ့က်ေစပါတယ္။

Healthy Lifestyles ေတြျဖစ္တဲ့ ကိုယ္အေလးခ်ိန္ပံုမွန္ျဖစ္ေအာင္ထိန္းသိမ္းျခင္း၊ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစာအာဟာရကို စားသံုးျခင္း၊ ေဆးလိပ္နဲ႔ အရက္ကို ေရွာင္ၾကဥ္ျခင္း ဒါမွမဟုတ္ ကန္႔သတ္ျခင္း ေတြကလည္း ကေလးရႏိုင္မယ့္အခြင့္လမ္းကို ပိုမိုတိုးျမင့္ေစႏိုင္ေၾကာင္း အၾကံျပဳလိုပါတယ္။

ခြန္းညိဳေသြး

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…

Leave a Reply

Your email address will not be published. Required fields are marked *