ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ်တားဆေး သောက်ဆေးများ
အီစထရိုဂျင် နဲ့ ပရိုဂျပ်စတိုဂျင်တို့ပါတဲ့ Combined Oral Contraceptives
ဒီဆောင်းပါးမှာတော့ လုံမငယ်တို့ အသုံးများတဲ့ တားဆေး သောက်ဆေးများထဲမှ ဟိုမုန်းဓာတ်နှစ်မျိုးပါတဲ့ တားဆေးသောက်ဆေး ဖြစ်တဲ့ Combined Oral Contraceptives (COC) အကြောင်း ပြောပြပါ့မယ် ။
လုံမငယ်တို့ ကိုယ်ထဲမှာ ပင်ကိုယ် သဘာဝအရ ထွက်တဲ့ ဟိုမုန်းဓာတ်တွေဖြစ်တဲ့ အီစထရိုဂျင် (Estrogen) နဲ့ ပရိုဂျပ်စတိုဂျင် (Progestogen) တို့နည်း တူ ပြင်ပမှ ဖော်စပ်ထားတဲ့ အလားတူ ဟိုမုန်းတွေ ပါဝင်တဲ့ တားဆေးသောက်ဆေးကို Combined Oral Contraceptives (COC) ၊ OC pills ကွန်ဘိုင်း အော်ရယ်ကွန်ထရာ ဆပ်တစ် / အိုစီ ပင်လ် လို့ခေါ်တယ် ။ တို့ မြန်မာနိုင်ငံမှာတော့ အိုကေဆေးကတ်ရယ်လို့ လူသိများတယ် ။တခြား ဆေးနာမည် အမျိုးမျိုးနဲ့လည်း ဝယ်လို့ရပါတယ် ။ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ ။
တားဆေး ဟိုမုန်းဆေး တွေသည် လုံမငယ်တို့ ခန္ဓာကိုယ်ထဲရောက်တာနဲ့ လုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) မထွက်အောင် တားပေးပါတယ် ။ဒီလိုနဲ့ ပဋိသန္ဓေကို တားပါတယ်ကွယ် ။ဘယ်လောက် အာနိသင် ရှိသလဲ ။
အာနိသင် ဘယ်လောက်ရှိသလဲ ဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ် ။အဓိက ကတော့ သုံးစွဲသူ အပေါ် များစွာ မူတည်ပါတယ် ။ဘယ်အချိန်တွေမှာ အာနိသင် လျော့တတ်လဲ ဆိုရင် ဆေးသောက်ပုံမမှန်ရင်( ဆေးသောက်နေစဉ် ဆေး၃လုံးနဲ့ အထက် မေ့ပြီးမသောက်မိရင် ၊ဆေးကတ် အသစ်သောက်ဖို့၃ရက်လောက် နောက်ကျခဲ့ရင်) ၊တားဆေး အာနိသင်ကျစေတဲ့ တခြားဆေးဝါးများနဲ့အတူ တွဲသောက်မိရင် ဖြစ်တတ်တယ် ။ ပုံမှန်အားဖြင့် ဆေးပုံမှန် စနစ်တကျသောက်ရင် တားဆေးသောက်တဲ့ ၁၀၀ သော လုံမပျိုတွေထဲမှာ ကိုယ်ဝန်ရနိုင်ခြေက ၈ယောက်လောက်တော့ရှိပါတယ် ။ကျန်တဲ့ ၉၂ ယောက်က ကိုယ်ဝန်မရဘူးပေါ့။
ဘေးထွက် အာနိသင်များ
- ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ရာသီ ရက်မမှန်တော့တာ ၊ရာသီထိန်သွားတာ)
- ခေါင်းကိုက်တာ
- ခေါင်းမူးတာ
- ရင်သားတင်းရင်းတာ ၊နာတတ်တာ
- ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ
- စိတ်အခြေအနေ အပြောင်းအလဲဖြစ်တာ(စိတ်ဆတ်လာတာ)
- ဝက်ခြံ (တချို့က ဝက်ခြံပေါက်တတ် ၊အများစုက ဝက်ခြံပျောက်သွားတတ်)
- သွေး အနည်းအငယ်တိုးတတ်
သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
- ပဋိသန္ဓေကို တားတယ်
- သားအိမ်ကင်ဆာကို ဖြစ်ပွားနှုန်းနည်းစေတယ်
- သားဥအိမ် အရည်အိတ်တည်တာ လျော့နည်းစေ
- ရာသီလာစဉ် ကိုက်ခဲတာ နာတာ သက်သာစေ
- ရာသီ မမှန်တဲ့ တချို့သော အခြေအနေတွေမှာ ရာသီမှန်စေ
သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ(အလွန်ရှားပါတယ်)
- သွေးပျစ်တာ
- လေဖြတ်တာ
- နှလုံးသွေးကြောပိတ်တာ
ဆေးဘယ်လိုသောက်မလဲ။
- ရာသီ စလာပြီး ၅ရက်အတွင်းသောက်ပါ ။
- ရာသီ စလာပြီး ၅ရက်ကျော်မှ သောက်မည်ဆိုက ကိုယ်ဝန်မရှိတာ သေချာအောင် အရင်လုပ်ပါ ။မရှိတာ သေချာရင် ကြိုက်တဲ့ရက် စသောက်ပါ ။ဒါပေမယ့် ကွန်ဒုံး ၇ ရက် သုံးပါ ။
- အကယ်လို့ ရှိ ၊မရှိ မသေချာရင် ရာသီလာတဲ့ရက်ကို စောင့်ပြီးမှသောက်ပါ ။ကွန်ဒုံး သုံးပါ ။
- တစ်နေ့ တစ်လုံး ပုံမှန်သောက်ပါ ။
- ၂၈ လုံးပါတဲ့ ဆေးကတ်သောက်ရင် ကုန်တာနဲ့ ကတ်အသစ်နောက်တစ်ကတ် ဆက်သောက်ပါ ။
- ၂၁ လုံးပါတဲ့ ဆေးကတ်သောက်ရင် ကုန်သွားက ၇ ရက်စောင့်ပြီးမှ ကတ်အသစ် နောက်တစ်ကတ် သောက်ပါ ။
တားဆေးသောက်ဆေးနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ
- တားဆေး ဟိုမုန်းဓာတ်တွေသည် လုံမတို့ ကိုယ်ထဲမှာ စုမနေပါ ။ဒါကြောင့် ရပ် လိုက် သောက်လိုက် လုပ်စရာမလိုပါ ။ရာသီထိန်လို့ ရာသီ ပြန်ပေါ်အောင် အနား ပေးစရာ မလိုပါ ။
- ကလေး အမြွှာကိုလည်း မမွေးစေပါ ။
- အခန့်မသင့်လို့ ကိုယ်ဝန်ဆောင်နေစဉ် သောက်မိရင်လည်း လုံမတို့ ရင်သွေးကို မထိခိုက်ပါ ။
- တားဆေးသောက်ဆေး သောက်လို့ မြုံသွားခြင်း မရှိပါ။ ဆေးမသောက်တော့တာ နဲ့ ကလေးရနိုင်ပါတယ် ။
မိမိတို့ ကြင်ဖော်ကြင်ဖက်နဲ့ အတူနေတဲ့ ရက်မှ သောက်ရတာ မဟုတ်ပါ ။လုံမတို့ အနေနဲ့ နေ့စဉ် ရက်ဆက် တစ်နေ့ တစ်လုံး မှန်မှန်သောက်ရမှာပါ ။
ခေတ်သစ် ဇီဝက
ေရႊရင္မထိတ္ေအာင္ ႀကိဳတင္ကာကြယ္ ပဋိသေႏၶတားနည္းအသြယ္သြယ္တားေဆး ေသာက္ေဆးမ်ား
အီစထရုိဂ်င္ နဲ႕ ပရုိဂ်ပ္စတိုဂ်င္တို႕ပါတဲ့ Combined Oral Contraceptives
ဒီေဆာင္းပါးမွာေတာ့ လုံမငယ္တို႕ အသုံးမ်ားတဲ့ တားေဆး ေသာက္ေဆးမ်ားထဲမွ ဟိုမုန္းဓာတ္ႏွစ္မ်ိဳးပါတဲ့ တားေဆးေသာက္ေဆး ျဖစ္တဲ့ Combined Oral Contraceptives (COC) အေႀကာင္း ေျပာျပပါ့မယ္ ။
လုံမငယ္တို႕ ကိုယ္ထဲမွာ ပင္ကိုယ္ သဘာ၀အရ ထြက္တဲ့ ဟိုမုန္းဓာတ္ေတြျဖစ္တဲ့ အီစထရုိဂ်င္ (Estrogen) နဲ႕ ပရုိဂ်ပ္စတိုဂ်င္ (Progestogen) တို႕နည္း တူ ျပင္ပမွ ေဖာ္စပ္ထားတဲ့ အလားတူ ဟိုမုန္းေတြ ပါ၀င္တဲ့ တားေဆးေသာက္ေဆးကို Combined Oral Contraceptives (COC) ၊ OC pills ကြန္ဘိုင္း ေအာ္ရယ္ကြန္ထရာ ဆပ္တစ္ / အိုစီ ပင္လ္ လို႕ေခၚတယ္ ။ တို႕ ျမန္မာႏိုင္ငံမွာေတာ့ အိုေကေဆးကတ္ရယ္လို႕ လူသိမ်ားတယ္ ။တျခား ေဆးနာမည္ အမ်ိဳးမ်ိဳးနဲ႕လည္း ၀ယ္လို႕ရပါတယ္ ။ဘယ္လို နည္းနဲ႕ ပဋိသေႏၶကို တားသလဲ ။
တားေဆး ဟိုမုန္းေဆး ေတြသည္ လုံမငယ္တို႕ ခႏၶာကိုယ္ထဲေရာက္တာနဲ႕ လုံမငယ္တို႕ရဲ႕ သားဥအိမ္ (Ovary) မွ သားဥမ်ား (ovum) မထြက္ေအာင္ တားေပးပါတယ္ ။ဒီလိုနဲ႕ ပဋိသေႏၶကို တားပါတယ္ကြယ္ ။ဘယ္ေလာက္ အာနိသင္ ရွိသလဲ ။
အာနိသင္ ဘယ္ေလာက္ရွိသလဲ ဆိုတာ အတိအက် ေျပာဖို႕ေတာ့ ခက္ပါတယ္ ။အဓိက ကေတာ့ သုံးစဲြသူ အေပၚ မ်ားစြာ မူတည္ပါတယ္ ။ဘယ္အခ်ိန္ေတြမွာ အာနိသင္ ေလ်ာ႕တတ္လဲ ဆိုရင္ ေဆးေသာက္ပုံမမွန္ရင္( ေဆးေသာက္ေနစဥ္ ေဆး၃လုံးနဲ႕ အထက္ ေမ့ျပီးမေသာက္မိရင္ ၊ေဆးကတ္ အသစ္ေသာက္ဖို႕၃ရက္ေလာက္ ေနာက္က်ခဲ႕ရင္) ၊တားေဆး အာနိသင္က်ေစတဲ့ တျခားေဆး၀ါးမ်ားနဲ႕အတူ တဲြေသာက္မိရင္ ျဖစ္တတ္တယ္ ။ ပုံမွန္အားျဖင့္ ေဆးပုံမွန္ စနစ္တက်ေသာက္ရင္ တားေဆးေသာက္တဲ႕ ၁၀၀ ေသာ လုံမပ်ိဳေတြထဲမွာ ကိုယ္၀န္ရႏိုင္ေျခက ၈ေယာက္ေလာက္ေတာ့ရွိပါတယ္ ။က်န္တဲ႕ ၉၂ ေယာက္က ကုိယ္၀န္မရဘူးေပါ့။
ေဘးထြက္ အာနိသင္မ်ား
- ရာသီ မမွန္တာ(လာတာ ပမာဏာ နည္းသြားတာ ၊လာတဲ့ ရက္နည္းသြားတာ၊ရာသီ ရက္မမွန္ေတာ့တာ ၊ရာသီထိန္သြားတာ)
- ေခါင္းကိုက္တာ
- ေခါင္းမူးတာ
- ရင္သားတင္းရင္းတာ ၊နာတတ္တာ
- ကိိုယ္အေလးခိ်န္ အေျပာင္းအလဲျဖစ္တာ
- စိတ္အေျခအေန အေျပာင္းအလဲျဖစ္တာ(စိတ္ဆတ္လာတာ)
- ၀က္ျခံ (တခ်ိဳ႕က ၀က္ျခံေပါက္တတ္ ၊အမ်ားစုက ၀က္ျခံေပ်ာက္သြားတတ္)
- ေသြး အနည္းအငယ္တိုးတတ္
သိသာသည့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား
- ပဋိသေႏၶကို တားတယ္
- သားအိမ္ကင္ဆာကို ျဖစ္ပြားႏႈန္းနည္းေစတယ္
- သားဥအိမ္ အရည္အိတ္တည္တာ ေလ်ာ႕နည္းေစ
- ရာသီလာစဥ္ ကိုက္ခဲတာ နာတာ သက္သာေစ
- ရာသီ မမွန္တဲ့ တခ်ိဳ႕ေသာ အေျခအေနေတြမွာ ရာသီမွန္ေစ
သိသာသည့္ က်န္းမာေရး အက်ိဳးအျပစ္မ်ား(အလြန္ရွားပါတယ္)
- ေသြးပ်စ္တာ
- ေလျဖတ္တာ
- ႏွလုံးေသြးေႀကာပိတ္တာ
ေဆးဘယ္လုိေသာက္မလဲ။
- ရာသီ စလာျပီး ၅ရက္အတြင္းေသာက္ပါ ။
- ရာသီ စလာျပီး ၅ရက္ေက်ာ္မွ ေသာက္မည္ဆိုက ကိုယ္၀န္မရွိတာ ေသခ်ာေအာင္ အရင္လုပ္ပါ ။မရွိတာ ေသခ်ာရင္ ႀကိဳက္တဲ့ရက္ စေသာက္ပါ ။ဒါေပမယ့္ ကြန္ဒုံး ၇ ရက္ သုံးပါ ။
- အကယ္လို႕ ရွိ ၊မရွိ မေသခ်ာရင္ ရာသီလာတဲ့ရက္ကို ေစာင့္ျပီးမွေသာက္ပါ ။ကြန္ဒုံး သုံးပါ ။
- တစ္ေန႕ တစ္လုံး ပုံမွန္ေသာက္ပါ ။
- ၂၈ လုံးပါတဲ႕ ေဆးကတ္ေသာက္ရင္ ကုန္တာနဲ႕ ကတ္အသစ္ေနာက္တစ္ကတ္ ဆက္ေသာက္ပါ ။
- ၂၁ လုံးပါတဲ႕ ေဆးကတ္ေသာက္ရင္ ကုန္သြားက ၇ ရက္ေစာင့္ျပီးမွ ကတ္အသစ္ ေနာက္တစ္ကတ္ ေသာက္ပါ ။
တားေဆးေသာက္ေဆးနဲ႕ ပတ္သက္သည့္ လုံမတို႕၏ အယူအဆမွားမ်ား
- တားေဆး ဟိုမုန္းဓာတ္ေတြသည္ လုံမတို႕ ကိုယ္ထဲမွာ စုမေနပါ ။ဒါေႀကာင့္ ရပ္ လုိက္ ေသာက္လိုက္ လုပ္စရာမလိုပါ ။ရာသီထိ္န္လို႕ ရာသီ ျပန္ေပၚေအာင္ အနား ေပးစရာ မလိုပါ ။
- ကေလး အျမႊာကိုလည္း မေမြးေစပါ ။
- အခန္႕မသင့္လို႕ ကိုယ္၀န္ေဆာင္ေနစဥ္ ေသာက္မိရင္လည္း လုံမတို႕ ရင္ေသြးကို မထိခိုက္ပါ ။
- တားေဆးေသာက္ေဆး ေသာက္လို႕ ျမဳံသြားျခင္း မရွိပါ။ ေဆးမေသာက္ေတာ့တာ နဲ႕ ကေလးရႏိုင္ပါတယ္ ။
မိမိတို႕ ႀကင္ေဖာ္ႀကင္ဖက္နဲ႕ အတူေနတဲ႕ ရက္မွ ေသာက္ရတာ မဟုတ္ပါ ။လုံမတို႕ အေနနဲ႕ ေန႕စဥ္ ရက္ဆက္ တစ္ေန႕ တစ္လုံး မွန္မွန္ေသာက္ရမွာပါ ။
ေခတ္သစ္ ဇီ၀က