အမွှာကိုယ်ဝန်ဆောင်ခြင်း၏ အန္တရာယ်များ
‘ယောင်္ကျားဖောင်စီး မိန်းမမီးနေ’ ဆိုတဲ့စကားပုံအတိုင်း ကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်တွေအတွက် အန္တရာယ်များကြောင်း အများစုသိရှိပြီးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ အန္တရာယ်ကတော့ အနည်းနဲ့အများရှိပြီး ကိုယ်ဝန်ဆောင်ထားတဲ့ သန္ဓေသားအရေအတွက်များလေလေ အန္တရာယ်များလေ ဖြစ်ပါတယ်။ အမွှာကိုယ်ဝန်ရှိနေပြီဆိုရင်အများဆုံးဖြစ်လေ့ဖြစ်ထရှိတာကတော့ လမစေ့ဘဲမွေးဖွားခြင်းဖြစ်ပါတယ်။ အမွှာကိုယ်ဝန်တွေက ၃၇ပတ်မတိုင်ခင် မွေးဖွားမှုနှုန်းဟာ ၁၀ယောက်မှာ ၆ယောက်အထိရှိနိုင်ပါတယ်။ လမစေ့ဘဲမွေးရင် ကလေးကိုယ် အလေးချိန်မပြည့်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ကောင်းစွာမဖွံ့ဖြိုးသေးခြင်း၊ အဆုတ်အားနည်းခြင်းတို့ဖြစ်နိုင်သလို ကိုယ်ခံအားလည်းနည်းတတ်ပါတယ်။
ဒါ့အပြင်မိခင်ဝမ်းဗိုက်ထဲမှာ အချင်းတစ်ခုတည်းကိုဝေမျှပြီး မှီခိုနေရတဲ့အမွှာတွေ (Monochorionic twins) မှာဆိုရင် သန္ဓေသားတစ်ဦးဆီကအာဟာရတွေကို အခြားတစ်ဦးကယူပြီး သုံးတဲ့အခြေအနေ (twin to twin transfusion syndrome) ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီလိုဖြစ်ပြီဆိုရင် အာဟာရ ရတဲ့သန္ဓေသားက အဆမတန်ကြီးထွားပြီး အာဟာရမရတဲ့ သန္ဓေသားက အရမ်းသေးငယ်ပြီး နှစ်ဦးစလုံး အသက်ဆုံးရှုံး တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း အခြားရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။ နဂိုကသွေးတိုးရောဂါမရှိပေမယ့် ကိုယ်ဝန်ရှိမှ သွေးတိုးလာတာမျိုး (pregnancy induced hypertension)၊ သွေးတိုးရောဂါရှိတဲ့မိခင်တွေကတော့ သွေးပေါင်ထိန်းရခက်တာမျိုး၊ ကိုယ်ဝန်ဆိပ်တက်တာတွေပါဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သွေးအားနည်းတာ၊ သားပျက်သားလျှောတာတွေပါဖြစ်နိုင်ပါတယ်။
ကလေးမွေးဖွားချိန်မှာလည်း မွေးဖွားရခက်တာ ကလေးအနေအထားမမှန်တာမျိုးဖြစ်နိုင်သလို အရေးပေါ်ခွဲစိတ်မွေးရတာမျိုးဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေတော့ အချင်းနှစ်ခုရှိတဲ့ အမွှာတွေမှာ တစ်ဦးရဲ့အချင်းက တစ်ဦးကိုရစ်ပတ်ပြီး မွေးရခက်ခဲတာ၊ မွေးဖွားချိန်ကြာတာတွေကြုံရတတ်ပါတယ်။ မွေးဖွားချိန်ကြာပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ သားအိမ်ကောင်းကောင်းမကျုံနိုင်တာ၊ အချင်းကျန်တာတွေအပြင် မွေးပြီးသွေးသွန်တာမျိုးတွေပါဖြစ်နိုင်တာမို့ သတိထားဖို့လည်းလိုအပ်ပါတယ်။
ဒါကြောင့် အမွှာကိုယ်ဝန် (သို့) သန္ဓေသားနှစ်ယောက်အထက် ကိုယ်ဝန်ဆောင်ထားရပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ကုသပြီး ကိုယ်ဝန်ဆောင်ချိန်မှာကော မွေးဖွားချိန်မှာပါ အန္တရာယ်ကင်းကင်းဖြစ်စေဖို့ ဂရုစိုက်ကြရမှာဖြစ်ပါတယ်။
ဒေါက်တာ အောင်မြတ်နိုး
အမႊာကိုယ္ဝန္ေဆာင္ျခင္း၏ အႏၱရာယ္မ်ား
‘ေယာက်ၤားေဖာင္စီး မိန္းမမီးေန’ ဆိုတဲ႔စကားပံုအတိုင္း ကိုယ္ဝန္ေဆာင္ျခင္းဟာ မိခင္ေတြအတြက္ အႏၱရာယ္မ်ားေၾကာင္း အမ်ားစုသိရွိၿပီးျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ၿပီဆိုတာနဲ႔ အႏၱရာယ္ကေတာ႔ အနည္းနဲ႔အမ်ားရွိၿပီး ကိုယ္ဝန္ေဆာင္ထားတဲ႔ သေႏၶသားအေရအတြက္မ်ားေလေလ အႏၱရာယ္မ်ားေလ ျဖစ္ပါတယ္။ အမႊာကိုယ္ဝန္ရွိေနၿပီဆိုရင္အမ်ားဆံုးျဖစ္ေလ႔ျဖစ္ထရွိတာကေတာ႔ လမေစ႔ဘဲေမြးဖြားျခင္းျဖစ္ပါတယ္။ အမႊာကိုယ္ဝန္ေတြက ၃၇ပတ္မတိုင္ခင္ ေမြးဖြားမႈႏႈန္းဟာ ၁၀ေယာက္မွာ ၆ေယာက္အထိရွိနိုင္ပါတယ္။ လမေစ႔ဘဲေမြးရင္ ကေလးကိုယ္ အေလးခ်ိန္မျပည္႔ျခင္း၊ ကိုယ္တြင္းအဂၤါမ်ား ေကာင္းစြာမဖြံ႕ၿဖိဳးေသးျခင္း၊ အဆုတ္အားနည္းျခင္းတို႔ျဖစ္နိုင္သလို ကိုယ္ခံအားလည္းနည္းတတ္ပါတယ္။
ဒါ႔အျပင္မိခင္ဝမ္းဗိုက္ထဲမွာ အခ်င္းတစ္ခုတည္းကိုေဝမွ်ၿပီး မွီခိုေနရတဲ႔အမႊာေတြ (Monochorionic twins) မွာဆိုရင္ သေႏၶသားတစ္ဦးဆီကအာဟာရေတြကို အျခားတစ္ဦးကယူၿပီး သံုးတဲ႔အေျခအေန (twin to twin transfusion syndrome) ျဖစ္နိုင္ေျခရွိပါတယ္။ အဲဒီလိုျဖစ္ၿပီဆိုရင္ အာဟာရ ရတဲ႔သေႏၶသားက အဆမတန္ႀကီးထြားၿပီး အာဟာရမရတဲ႔ သေႏၶသားက အရမ္းေသးငယ္ၿပီး ႏွစ္ဦးစလံုး အသက္ဆံုးရႈံး တာမ်ိဳးလည္း ျဖစ္နိုင္ပါတယ္။
ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔လည္း အျခားေရာဂါလကၡဏာေတြခံစားရနိုင္ပါတယ္။ နဂိုကေသြးတိုးေရာဂါမရွိေပမယ္႔ ကိုယ္ဝန္ရွိမွ ေသြးတိုးလာတာမ်ိဳး (pregnancy induced hypertension)၊ ေသြးတိုးေရာဂါရွိတဲ႔မိခင္ေတြကေတာ႔ ေသြးေပါင္ထိန္းရခက္တာမ်ိဳး၊ ကိုယ္ဝန္ဆိပ္တက္တာေတြပါျဖစ္နိုင္ပါတယ္။ ဒါ႔အျပင္ ေသြးအားနည္းတာ၊ သားပ်က္သားေလွ်ာတာေတြပါျဖစ္နိုင္ပါတယ္။
ကေလးေမြးဖြားခ်ိန္မွာလည္း ေမြးဖြားရခက္တာ ကေလးအေနအထားမမွန္တာမ်ိဳးျဖစ္နိုင္သလို အေရးေပၚခြဲစိတ္ေမြးရတာမ်ိဳးျဖစ္တတ္ပါတယ္။ တစ္ခါတစ္ေလေတာ႔ အခ်င္းႏွစ္ခုရွိတဲ႔ အမႊာေတြမွာ တစ္ဦးရဲ႕အခ်င္းက တစ္ဦးကိုရစ္ပတ္ၿပီး ေမြးရခက္ခဲတာ၊ ေမြးဖြားခ်ိန္ၾကာတာေတြႀကံဳရတတ္ပါတယ္။ ေမြးဖြားခ်ိန္ၾကာၿပီဆိုရင္ ေနာက္ဆက္တြဲအေနနဲ႔ သားအိမ္ေကာင္းေကာင္းမက်ံဳနိုင္တာ၊ အခ်င္းက်န္တာေတြအျပင္ ေမြးၿပီးေသြးသြန္တာမ်ိဳးေတြပါျဖစ္နိုင္တာမို႔ သတိထားဖို႕လည္းလိုအပ္ပါတယ္။
ဒါေၾကာင္႔ အမႊာကိုယ္ဝန္ (သို႔) သေႏၶသားႏွစ္ေယာက္အထက္ ကိုယ္ဝန္ေဆာင္ထားရၿပီဆိုရင္ နားလည္တတ္ကၽြမ္းတဲ႔ ဆရာဝန္ေတြနဲ႔တိုင္ပင္ကုသၿပီး ကိုယ္ဝန္ေဆာင္ခ်ိန္မွာေကာ ေမြးဖြားခ်ိန္မွာပါ အႏၱရာယ္ကင္းကင္းျဖစ္ေစဖို႔ ဂရုစိုက္ၾကရမွာျဖစ္ပါတယ္။
ေဒါက္တာ ေအာင္ျမတ္နိုး