မွေးကင်းစကလေးအသားဝါခြင်း
မွေးကင်းစကလေးအသားဝါခြင်းဆိုတာဘာလဲ?
မွေးကင်းစကလေးအသားဝါခြင်းဆိုတာ ကလေးငယ်ရဲ့ မျက်လုံးလေးမှစပြီး မျက်နှာ ရင်ဘတ် ဝမ်းဗိုက် ခြေလက်များအထိ အဝါရောင်သန်းလာတာကိုဆိုလိုခြင်းဖြစ်ပါတယ်။
ဘယ်လိုကလေးတွေမှာ ပိုဖြစ်တတ်သလဲ?
လမစေ့ခင်မွေးတဲ့ကလေးတွေ မိခင်နို့တစ်မျိုးတည်းတိုက်တဲ့ကလေးတွေမွေးချင်းတွေထဲမှာ မွေးကင်းစကလေးအသားဝါတာဖြစ်ဖူးရင်မိခင်မှာ ဆီးချိုရောဂါရှိရင်တောင်ပေါ်အမြင့်ဒေသက ကလေးတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။
မွေးကင်းစကလေးအသားဝါခြင်းဖြစ်ရတဲ့အကြောင်းရင်းကဘာတွေလဲ?
- မိခင်နဲ့ကလေးသွေးအုပ်စုမတူခြင်း မိခင်က အို သွေးနဲ့ ကလေးက အေ သို့မဟုတ် ဘီသွေးဖြစ်ခြင်း နှင့် မိခင်က Rh အနှုတ်သွေးဖြစ်ပြီး ကလေးက အပေါင်းသွေးဖြစ်ခြင်း
- G6PD ဓာတ်ချို့တဲ့ခြင်း
- လေစုပ် ညှပ်ဆွဲမွေးရင်းဦးရေခွံမှာသွေးခဲခြင်း
- ပိုးဝင်ခြင်း
- ပေါင်မပြည့် လမစေ့မွေးခြင်း
- မွေးရာပါသွေးရောဂါရှိခြင်း
- မိခင်မှာ SLE (အရေပြားလေးဘက်နာ)ကဲ့သို့ ရောဂါရှိခြင်း
- အသည်းနှင့်သည်းခြေပြွန်ပိုင်းဆိုင်ရာ မွေးရာပါချို့ယွင်းချက်များရှိခြင်း
- မိခင်နို့ကြောင့်ဖြစ်သော အသားဝါခြင်း စသဖြင့်အကြောင်းတရားမျိုးစုံရှိပါတယ်။
ဘယ်လိုလက္ခဏာတွေပြသလဲ?
မျက်လုံးမှစ ခန္ဓာကိုယ်တစ်ခုလုံးဝါခြင်း နို့စို့နည်းခြင်း အဝါဓာတ် ဦးနှောက်အတွင်းရောက်သွားသောအခြေအနေများမှာ ပုံမမှန်သောလှုပ်ရှားမှုများရှိခြင်း တက်ခြင်း စူးစူးဝါးဝါးငိုခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ ဆိုးရွားပြင်းထန်တဲ့အခြေအနေများမှာ အသက်သေဆုံးသည်အထိလည်းဖြစ်စေနိုင်ပါတယ်။
ဘယ်လိုကာကွယ်ရမလဲ?
မွေးကင်းစကလေးအသားဝါခြင်းဟာဖြစ်ရတဲ့အခြေခံအကြောင်းရင်းတွေရှိတာကြောင့် ကာကွယ်ဖို့တော့ခက်ပါတယ်။နို့ကိုဝလင်အောင် များများတိုက်ခြင်းဟာ မွေးကင်းစကလေးအသားဝါခြင်းကိုအတန်အသင့်ကာကွယ်နိုင်တယ်လို့ဆိုကြပါတယ်။ကလေးငယ်ကိုပိုးမဝင်အောင် လူများများထိတွေ့ကိုင်တွယ်မှုမလုပ်စေခြင်း ချက်ထဲကိုဆေးတို့ပတ် နနွင်းတု့ိထည့်သိပ်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြင့်ကာကွယ်ရမှာဖြစ်ပါတယ်။
ကိုယ်ဝန်မဆောင်ခင် မိမိရဲ့သွေးအုပ်စုများစစ်ဆေးထားခြင်း ရောဂါပိုးရှိမရှိစစ်ဆေးထားခြင်းတို့ဟာလည်း ကလေးငယ်ကုသမှုရရှိဖို့မြန်ဆန်စေပါတယ်။
ကုသနည်းအနေနဲ့တော့ မီးပြခြင်း(Phototherapy) နဲ့ အဝါဓာတ်အင်မတန်များတဲ့အခြေအနေမျိုးမှာ သွေးလဲခြင်း (Exchange transfusion) တို့အပြင် ရောဂါရဲ့အခြေအနေအလိုက် ပိုးသတ်ဆေးထိုးရတာမျိုးတွေလည်းရှိတတ်ပါတယ်။အသည်းနဲ့သည်းခြေပြွန်ပိုင်းဆိုင်ရာ ရောဂါများဆိုရင်တော့ ခွဲစိတ်ကုသဖို့လိုအပ်မှာဖြစ်ပါတယ်။
မွေးကင်းစကလေးအသားဝါခြင်းဟာ အဓိကအားဖြင့် မွေးပြီးပြီးချင်းတစ်ပတ်အတွင်းမှာ ဖြစ်တတ်ပါတယ်။စောစောဝါလေ သတိထားရလေဖြစ်ပါတယ်။မွေးစမှ ၇ရက်အထိနေ့တိုင်း ကျန်းမာရေးဝန်ထမ်းများကို မွေးကင်းစကလေးအသားဝါခြင်းရှိမရှိ ပြသသင့်ပါတယ်။အဝါဓာတ်ပမာဏသိအောင်နဲ့ ရောဂါရဲ့အခြေခံအကြောင်းရင်းတွေသိအောင် သွေးဖောက်စစ်ဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။သွေးတွင်းအဝါဓာတ်ပမာဏများလွန်းပြီးဦးနှောက်တွင်းရောက်သွားတဲ့အခါမှာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ဆိုးကျိုးများဖြစ်စေခြင်း အသက်သေဆုံးစေခြင်းတို့ကိုဖြစ်စေနိုင်တဲ့အတွက် ဆောလျင်စွာကုသဖို့လိုအပ်ပါတယ်။
Dr. ပွင့်ဖြိုးကျော်
ေမြးကင္းစကေလးအသားဝါျခင္း
ေမြးကင္းစကေလးအသားဝါျခင္းဆိုတာဘာလဲ?
ေမြးကင္းစကေလးအသားဝါျခင္းဆိုတာ ကေလးငယ္ရဲ႕ မ်က္လံုးေလးမွစျပီး မ်က္ႏွာ ရင္ဘတ္ ဝမ္းဗိုက္ ေျခလက္မ်ားအထိ အဝါေရာင္သန္းလာတာကိုဆိုလိုျခင္းျဖစ္ပါတယ္။
ဘယ္လိုကေလးေတြမွာ ပိုျဖစ္တတ္သလဲ?
လမေစ့ခင္ေမြးတဲ႔ကေလးေတြ မိခင္နို႔တစ္မ်ိဳးတည္းတိုက္တဲ႔ကေလးေတြေမြးခ်င္းေတြထဲမွာ ေမြးကင္းစကေလးအသားဝါတာျဖစ္ဖူးရင္မိခင္မွာ ဆီးခ်ိဳေရာဂါရွိရင္ေတာင္ေပၚအျမင့္ေဒသက ကေလးေတြမွာ ျဖစ္နိုင္ေျခပိုမ်ားပါတယ္။
ေမြးကင္းစကေလးအသားဝါျခင္းျဖစ္ရတဲ႔အေၾကာင္းရင္းကဘာေတြလဲ?
- မိခင္နဲ႔ကေလးေသြးအုပ္စုမတူျခင္း မိခင္က အို ေသြးနဲ႔ ကေလးက ေအ သို႔မဟုတ္ ဘီေသြးျဖစ္ျခင္း နွင့္ မိခင္က Rh အႏႈတ္ေသြးျဖစ္ျပီး ကေလးက အေပါင္းေသြးျဖစ္ျခင္း
- G6PD ဓာတ္ခ်ိဳ႕တဲ႔ျခင္း
- ေလစုပ္ ညွပ္ဆြဲေမြးရင္းဦးေရခြံမွာေသြးခဲျခင္း
- ပိုးဝင္ျခင္း
- ေပါင္မျပည့္ လမေစ့ေမြးျခင္း
- ေမြးရာပါေသြးေရာဂါရွိျခင္း
- မိခင္မွာ SLE (အေရျပားေလးဘက္နာ)ကဲ႔သို႔ ေရာဂါရွိျခင္း
- အသည္းႏွင့္သည္းေျချပြန္ပိုင္းဆိုင္ရာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္မ်ားရွိျခင္း
- မိခင္နို႕ေၾကာင့္ျဖစ္ေသာ အသားဝါျခင္း စသျဖင့္အေၾကာင္းတရားမ်ိဳးစံုရွိပါတယ္။
ဘယ္လိုလကၡဏာေတြျပသလဲ?
မ်က္လံုးမွစ ခႏၶာကို္ယ္တစ္ခုလံုးဝါျခင္း နုိ႔စို႕နည္းျခင္း အဝါဓာတ္ ဦးေႏွာက္အတြင္းေရာက္သြားေသာအေျခအေနမ်ားမွာ ပံုမမွန္ေသာလႈပ္ရွားမႈမ်ားရွိျခင္း တက္ျခင္း စူးစူးဝါးဝါးငုိျခင္းတို႕ကိုျဖစ္ေစနုိင္ပါတယ္။ ဆိုးရြားျပင္းထန္တဲ႔အေျခအေနမ်ားမွာ အသက္ေသဆံုးသည္အထိလည္းျဖစ္ေစနိုင္ပါတယ္။
ဘယ္လိုကာကြယ္ရမလဲ?
ေမြးကင္းစကေလးအသားဝါျခင္းဟာျဖစ္ရတဲ့အေျခခံအေၾကာင္းရင္းေတြရွိတာေၾကာင့္ ကာကြယ္ဖို႔ေတာ့ခက္ပါတယ္။နုိ႕ကိုဝလင္ေအာင္ မ်ားမ်ားတိုက္ျခင္းဟာ ေမြးကင္းစကေလးအသားဝါျခင္းကိုအတန္အသင့္ကာကြယ္နိုင္တယ္လို႔ဆိုၾကပါတယ္။ကေလးငယ္ကိုပိုးမဝင္ေအာင္ လူမ်ားမ်ားထိေတြ႕ကိုင္တြယ္မႈမလုပ္ေစျခင္း ခ်က္ထဲကိုေဆးတို႔ပတ္ နႏြင္းတု႔ိထည့္သိပ္ျခင္းမွ ေရွာင္ၾကဥ္ျခင္းတို႕ျဖင့္ကာကြယ္ရမွာျဖစ္ပါတယ္။
ကိုယ္ဝန္မေဆာင္ခင္ မိမိရဲ႕ေသြးအုပ္စုမ်ားစစ္ေဆးထားျခင္း ေရာဂါပိုးရွိမရွိစစ္ေဆးထားျခင္းတို႔ဟာလည္း ကေလးငယ္ကုသမႈရရွိဖို႔ျမန္ဆန္ေစပါတယ္။
ကုသနည္းအေနနဲ႔ေတာ့ မီးျပျခင္း(Phototherapy) နဲ႔ အဝါဓာတ္အင္မတန္မ်ားတဲ႔အေျခအေနမ်ိဳးမွာ ေသြးလဲျခင္း (Exchange transfusion) တို႔အျပင္ ေရာဂါရဲ႕အေျခအေနအလိုက္ ပိုးသတ္ေဆးထိုးရတာမ်ိဳးေတြလည္းရွိတတ္ပါတယ္။အသည္းနဲ႕သည္းေျချပြန္ပိုင္းဆိုင္ရာ ေရာဂါမ်ားဆိုရင္ေတာ့ ခြဲစိတ္ကုသဖိုု႕လိုအပ္မွာျဖစ္ပါတယ္။
ေမြးကင္းစကေလးအသားဝါျခင္းဟာ အဓိကအားျဖင့္ ေမြးျပီးျပီးခ်င္းတစ္ပတ္အတြင္းမွာ ျဖစ္တတ္ပါတယ္။ေစာေစာဝါေလ သတိထားရေလျဖစ္ပါတယ္။ေမြးစမွ ၇ရက္အထိေန႕တိုင္း က်န္းမာေရးဝန္ထမ္းမ်ားကို ေမြးကင္းစကေလးအသားဝါျခင္းရွိမရွိ ျပသသင့္ပါတယ္။အဝါဓာတ္ပမာဏသိေအာင္နဲ႔ ေရာဂါရဲ႔အေျခခံအေၾကာင္းရင္းေတြသိေအာင္ ေသြးေဖာက္စစ္ဖို႔လည္းလိုအပ္မွာျဖစ္ပါတယ္။ေသြးတြင္းအဝါဓာတ္ပမာဏမ်ားလြန္းျပီးဦးေႏွာက္တြင္းေရာက္သြားတဲ့အခါမွာ ဦးေနွာက္နဲ႔အာရုံေၾကာဆိုင္ရာ ဆုိးက်ိဳးမ်ားျဖစ္ေစျခင္း အသက္ေသဆံုးေစျခင္းတို႔ကိုျဖစ္ေစနိုင္တဲ႔အတြက္ ေဆာလ်င္စြာကုသဖို႔လိုအပ္ပါတယ္။
Dr. ပြင့္္ၿဖိဳးေက်ာ္