ကိုယ်ဝန်ဆိပ်တက်ခြင်း
ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့်မိခင်သေဆုံးမှုသည် ကိုယ်ဝန်ကြောင့်သေဆုံးနိုင်ခြင်းထဲတွင် ဒုတိယအများဆုံးဖြစ်သည်။ ကိုယ်ဝန်ဆိပ်တက်ခြင်းသည်များသောအားဖြင့် ကိုယ်ဝန်သက်၂၀ပတ်နောက်ပိုင်းတွင်ဖြစ်လေ့ရှိသည်။ ဖြစ်စေနိုင်သောအကြောင်းအရာများမှာ
- ပထမဦးဆုံးကိုယ်ဝန်
- အမြွှာကိုယ်ဝန်
- အရင်ကိုယ်ဝန်များတွင်ဖြစ်ဖူးခြင်း
- ကိုယ်ဝန်ဆောင်သည်၏ မိခင်နှင့် မွေးချင်းများတွင်ဖြစ်ဖူးခြင်း
- အသက်၄၀ကျော်မှကိုယ်ဝန်ဆောင်ခြင်း
- အဝလွန်ခြင်း
- ကိုယ်ဝန်မဆောင်မှီကတည်းက သွေးတိုး၊ဆီးချိုနှင့် ကျောက်ကပ်ရောဂါရှိခြင်း
- ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးတိုး၊ဆီးချိုရှိလာခြင်း အစရှိသည်တို့ဖြစ်သည်။
ကိုယ်ဝန်ဆိပ်တက်လျှင်ဖြစ်တတ်သောရောဂါလက္ခဏာများမှာ –
- ခေါင်းကိုက်ခြင်း၊အန်ခြင်း
- ဆီးသွားနည်းခြင်း(သို့) လုံးဝမထွက်ခြင်း
- အချိန်တိုအတွင်း တကိုယ်လုံးဖောလာခြင်း( အထူးသဖြင့် မျက်နှာ၊မျက်လုံးတဝိုက်နှင့် လက်များ)
- အမြင်ဝေဝါးခြင်း၊ မြင်လွှာနှစ်ထပ်ဖြစ်ခြင်း နှင့်ပြိုးပြိုးပြက်ပြက်အလင်းများမြင်ရခြင်း
- ဗိုက်အောင့်ခြင်း
- တက်ခြင်း တို့ဖြစ်သည်။
နောက်ဆက်တွဲ ဖြစ်နိုင်သောဆိုးကျိုးများမှာ ကလေးညှက်ခြင်း၊ပေါင်မပြည့်ခြင်း၊ လမစေ့ဘဲမွေးခြင်း အစရှိသည်တို့ဖြစ်သည်။ မိခင်တွင်လည်း အသည်း၊ကျောက်ကပ်၊ အဆုတ်၊ မျက်လုံး နှင့်ဦးနှောက်တို့တွင်ရောဂါဖြစ်နိုင်သည်။ လေဖြတ်ခြင်းလည်းဖြစ်နိုင်ပါသည်။
ဘယ်လိုကာကွယ်နိုင်လဲ?
ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်သောက်ခြင်းရှောင်ကြဉ်ရမည်။ ကယ်လ်စီယမ်(calcium) ဓာတ်ကြွယ်ဝသောအစားအစာများနှင့် အားဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးသင့်သည်။ သို့ရာတွင်အထက်ပါအချက်များသည် စိတ်ချရလောက်သောကာကွယ်မှုမပေးနိုင်ပါ။ အရေးကြီးဆုံးမှာ အမြန်ဆုံးသိရှိ၍ကုသမှုပေးနိုင်ရန်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန်ရှိမှန်းသိသိခြင်း ဗိုက်အပ်ရမည်။ ကိုယ်ဝန်အပ်ပြီးသည့်နောက်တွင်လည်း အနည်းဆုံးမွေးဖွားပြီး၄၅ရက်အထိ ဗိုက်ပြရန်ချိန်းသည့်အချိန်များကို နောက်မကျစေဘဲ မှန်မှန်သွားရန်လိုအပ်ပါသည်။
မေတ္တာမွန်ဖြင့်
နွေ
ကိုယ္ဝန္ဆိပ္တက္ျခင္း
ကိုယ္ဝန္ဆိပ္တက္ျခင္းေျကာင့္မိခင္ေသဆုံးမႈသည္ ကိုယ္ဝန္ေျကာင့္ေသဆုံးနိုင္ျခင္းထဲတြင္ ဒုတိယအမ်ားဆုံးျဖစ္သည္။ ကိုယ္ဝန္ဆိပ္တက္ျခင္းသည္မ်ားေသာအားျဖင့္ ကိုယ္ဝန္သက္၂၀ပတ္ေနာက္ပိုင္းတြင္ျဖစ္ေလ့ရွိသည္။ ျဖစ္ေစႏိုင္ေသာအေၾကာင္းအရာမ်ားမွာ
- ပထမဦးဆုံးကိုယ္ဝန္
- အျမြွာကိုယ္ဝန္
- အရင္ကိုယ္ဝန္မ်ားတြင္ျဖစ္ဖူးျခင္း
- ကိုယ္ဝန္ေဆာင္သည္၏ မိခင္နွင့္ ေမြးခ်င္းမ်ားတြင္ျဖစ္ဖူးျခင္း
- အသက္၄၀ေက်ာ္မွကိုယ္ဝန္ေဆာင္ျခင္း
- အဝလြန္ျခင္း
- ကိုယ္ဝန္မေဆာင္မွီကတည္းက ေသြးတိုး၊ဆီးခ်ိဳႏွင့္ ေက်ာက္ကပ္ေရာဂါ႐ွိျခင္း
- ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ေသြးတိုး၊ဆီးခ်ိဳ႐ွိလာျခင္း အစ႐ွိသည္တို႔ျဖစ္သည္။
ကိုယ္ဝန္ဆိပ္တက္လ်ွင္ျဖစ္တတ္ေသာေရာဂါလကၡဏာမ်ားမွာ –
- ေခါင္းကိုက္ျခင္း၊အန္ျခင္း
- ဆီးသြားနည္းျခင္း(သို႔) လုံးဝမထြက္ျခင္း
- အခ်ိန္တိုအတြင္း တကိုယ္လုံးေဖာလာျခင္း( အထူးသျဖင့္ မ်က္ႏွာ၊မ်က္လုံးတဝိုက္ႏွင့္ လက္မ်ား)
- အျမင္ေဝဝါးျခင္း၊ ျမင္လႊာႏွစ္ထပ္ျဖစ္ျခင္း ႏွင့္ၿပိဳးၿပိဳးျပက္ျပက္အလင္းမ်ားျမင္ရျခင္း
- ဗိုက္ေအာင့္ျခင္း
- တက္ျခင္း တို႔ျဖစ္သည္။
ေနာက္ဆက္တြဲ ျဖစ္ႏိုင္ေသာဆိုးက်ိဳးမ်ားမွာ ကေလးညႇက္ျခင္း၊ေပါင္မျပည့္ျခင္း၊ လမေစ့ဘဲေမြးျခင္း အစ႐ွိသည္တို႔ျဖစ္သည္။ မိခင္တြင္လည္း အသည္း၊ေက်ာက္ကပ္၊ အဆုတ္၊ မ်က္လံုး ႏွင့္ဦးေႏွာက္တို႔တြင္ေရာဂါျဖစ္ႏိုင္သည္။ ေလျဖတ္ျခင္းလည္းျဖစ္ႏိုင္ပါသည္။
ဘယ္လိုကာကြယ္ႏိုင္လဲ?
ကိုယ္ဝန္ေဆာင္ေနစဥ္ ေဆးလိပ္ေသာက္ျခင္းေရွာင္ျကဥ္ရမည္။ ကယ္လ္စီယမ္(calcium) ဓာတ္ျကြယ္ဝေသာအစားအစာမ်ားနွင့္ အားေဆးမ်ားကို ဆရာဝန္ညြွန္ျကားခ်က္ျဖင့္ ေသာက္သုံးသင့္သည္။ သို့ရာတြင္အထက္ပါအခ်က္မ်ားသည္ စိတ္ခ်ရေလာက္ေသာကာကြယ္မွုမေပးနိုင္ပါ။ အေရးျကီးဆုံးမွာ အျမန္ဆုံးသိရွိ၍ကုသမွုေပးနိုင္ရန္ျဖစ္သည္။ ထို့ေျကာင့္ ကိုယ္ဝန္ရွိမွန္းသိသိျခင္း ဗိုက္အပ္ရမည္။ ကိုယ္ဝန္အပ္ျပီးသည့္ေနာက္တြင္လည္း အနည္းဆုံးေမြးဖြားျပီး၄၅ရက္အထိ ဗိုက္ျပရန္ခ်ိန္းသည့္အခ်ိန္မ်ားကို ေနာက္မက်ေစဘဲ မွန္မွန္သြားရန္လိုအပ္ပါသည္။
ေမတၱာမြန္ျဖင့္
ေနြ