အဖိုးတန် သောကလေးသွားများ
“ဆရာ ကျွန်မရဲ့သား သွားနာနေလို့ နှုတ်ချင်လို့ပါ”
ဒီလို စကားမျိုးက ကျွန်တော်တို့ သွားဆရာဝန်များ နေ့စဉ် နဲ့အမျှကြုံတွေ့နေကြရတာပါကလေးများရဲ့ အုပ်ထိန်းသူတွေက ကလေးတစ်ယောက် သွားနာရင် နှုတ်ပစ်လိုက်ရုံနဲ့ ကောင်းသွားမယ် လူကြီးသွားအသစ် ထွက်လာမယ်လို့ ထင်နေကြပါတယ်ပြီးတော့ ကလေးသွားတွေဟာ ဘယ်လိုအခြေအနေဖြစ်ဖြစ် အချိန်တစ်ခုကြာရင် သွားအသစ်ပေါက်လာမယ်ဆိုပြီး ကလေးသွားတွေကို ဂရုစိုက်မှုအားနည်းတတ်ကြပါတယ်
ဒါတွေဟာမှားယွင်းတဲ့အယူ အဆတွေဖြစ်ပါတယ် ကလေးသွားမှ လူကြီးသွား လဲချိန်ဟာ 6နှစ်ဝန်းကျင်မှ 12နှစ်ဝန်းကျင် အတွင်းဖြစ်ပြီး တစ်ချောင်းနဲ့တစ်ချောင်း လဲချိန်မတူကြပါဘူးဥပမာ ကလေးရှေ့သွားလေးများဟာ 6နှစ် 7နှစ်ခန့်မှာ လဲကြပြီး ကလေးအံသွားတွေကတော့ 11နှစ် 12လောက်မှလဲကြရတာပါ
ဒါကြောင့် အချိန်မတန်သေးရင် အလွယ်တကူနှုတ်ပစ်လို့မရပါဘူး အချိန်မတိုင်မီနှုတ်မိခဲ့ရင် ဘာတွေဖြစ်နိုင်သလဲလူကြီးသွား စောပေါက်လာတတ်တယ် အချိန်မတိုင်မီပေါက်တာဖြစ်လို့ တခြားကြီးသွားတွေပေါက်တဲ့အခါ နေရာမရှိတော့ပဲ သွားတွေထပ်တာတွေဖြစ်တတ်တယ်သွားဖုံးတွေထူလာပြီးကြီးသွားတွေမပေါက်နိုင်တော့တာဖြစ်တတ်တယ် အခြားဆိုးကျိုးတွေလည်းအများကြီးရှိပါသေးတယ်
ဒါကြောင့် မိမိတို့ရဲ့ ကလေးငယ်တွေ သွားဝေဒနာကိုခံစားရတဲ့အခါ တတ်ကျွမ်းနားလည်တဲ့ သွားဆရာဝန်များနဲ့ပြသပြီး ကုသမှုခံယူသင့်ပါတယ်
Dr.Min Yu Wai Chan
အဖိုးတန္ ေသာကေလးသြားမ်ား
“ဆရာ ကြၽန္မရဲ႕သား သြားနာေနလို႔ ႏႈတ္ခ်င္လို႔ပါ”
ဒီလို စကားမ်ိဳးက ကြၽန္ေတာ္တို႔ သြားဆရာဝန္မ်ား ေန႔စဥ္ နဲ႔အမွ်ႀကဳံေတြ႕ေနၾကရတာပါကေလးမ်ားရဲ႕ အုပ္ထိန္းသူေတြက ကေလးတစ္ေယာက္ သြားနာရင္ ႏႈတ္ပစ္လိုက္႐ုံနဲ႔ ေကာင္းသြားမယ္ လူႀကီးသြားအသစ္ ထြက္လာမယ္လို႔ ထင္ေနၾကပါတယ္ၿပီးေတာ့ ကေလးသြားေတြဟာ ဘယ္လိုအေျခအေနျဖစ္ျဖစ္ အခ်ိန္တစ္ခုၾကာရင္ သြားအသစ္ေပါက္လာမယ္ဆိုၿပီး ကေလးသြားေတြကို ဂ႐ုစိုက္မႈအားနည္းတတ္ၾကပါတယ္
ဒါေတြဟာမွားယြင္းတဲ့အယူ အဆေတြျဖစ္ပါတယ္ ကေလးသြားမွ လူႀကီးသြား လဲခ်ိန္ဟာ 6ႏွစ္ဝန္းက်င္မွ 12ႏွစ္ဝန္းက်င္ အတြင္းျဖစ္ၿပီး တစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္း လဲခ်ိန္မတူၾကပါဘူးဥပမာ ကေလးေရွ႕သြားေလးမ်ားဟာ 6ႏွစ္ 7ႏွစ္ခန႔္မွာ လဲၾကၿပီး ကေလးအံသြားေတြကေတာ့ 11ႏွစ္ 12ေလာက္မွလဲၾကရတာပါ
ဒါေၾကာင့္ အခ်ိန္မတန္ေသးရင္ အလြယ္တကူႏႈတ္ပစ္လို႔မရပါဘူး အခ်ိန္မတိုင္မီႏႈတ္မိခဲ့ရင္ ဘာေတြျဖစ္ႏိုင္သလဲလူႀကီးသြား ေစာေပါက္လာတတ္တယ္ အခ်ိန္မတိုင္မီေပါက္တာျဖစ္လို႔ တျခားႀကီးသြားေတြေပါက္တဲ့အခါ ေနရာမရွိေတာ့ပဲ သြားေတြထပ္တာေတြျဖစ္တတ္တယ္သြားဖုံးေတြထူလာၿပီးႀကီးသြားေတြမေပါက္ႏိုင္ေတာ့တာျဖစ္တတ္တယ္ အျခားဆိုးက်ိဳးေတြလည္းအမ်ားႀကီးရွိပါေသးတယ္
ဒါေၾကာင့္ မိမိတို႔ရဲ႕ ကေလးငယ္ေတြ သြားေဝဒနာကိုခံစားရတဲ့အခါ တတ္ကြၽမ္းနားလည္တဲ့ သြားဆရာဝန္မ်ားနဲ႔ျပသၿပီး ကုသမႈခံယူသင့္ပါတယ္
Dr.Min Yu Wai Chan