အဖြူဆင်းခြင်းနှင့် ပတ်သက်သော သိကောင်းစရာများ

ဒီပြဿနာက အမျိုးသမီးတွေ တော်တော်လေး အမေးများတဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ အဖြူတွေ ဆင်းနေလို့ ဘာလုပ်ရမလဲ၊ တချို့လည်း အရောင်တွေ ပါတယ်၊ ပျစ်တယ်၊ အနံ့နံတယ် စသဖြင့် မေးတတ်ကြတယ်။ တကယ်တော့ တခြားအရောင်တွေပါပြီး ဆင်းတတ်တာလည်း ရှိတာမို့ အဖြူဆင်းတယ်ဆိုတာထက် မိန်းမကိုယ်ကနေ အရည်တွေထွက်တယ်လို့ ခြုံပြောရင် ရနိုင်ပါတယ်။ ဟုတ်ပါပြီ၊ ဒါဆို အဲဒီအရည်နဲ့ ပတ်သက်လို့ ဘာတွေ သိထားဖို့ လိုမလဲ။

(၁) ဘာလို့ အရည်တွေ ဆင်းတာလဲ။

တကယ်တော့ အဲဒီအရည်ဆိုတာ များသောအားဖြင့် သာမန်ပဲ။ ဘာလို့ဆိုတော့ သားအိမ်ခေါင်းရဲ့ ချွဲကနေတစ်ဆင့် ဆင်းလာတာမျိုး ဖြစ်လို့ပါ။ မိန်းမကိုယ်ကို စိုစွတ်စေပြီး တချို့သောရောဂါပိုးတွေ ဝင်ရောက်မှုကနေ ကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် တချို့အခြေအနေတွေမှာတော့ သာမန်လို့ ယူဆလို့မရဘဲ ပြဿနာတခုခုရှိနေတာကို ဖော်ပြနေပါတယ်။

(၂) သာမန်နဲ့ သာမန်မဟုတ်တဲ့ အခြေအနေတွေ

အရည်ကြည်ကိုပဲ ကျဲကျဲဆင်းတယ်ဆို ပုံမှန်ပဲ၊ အားကစားလုပ်ပြီးစတွေဆို ဖြစ်တတ်တယ်။ ဒါမှမဟုတ် အရည်ကြည်တော့ အရည်ကြည်ပဲ၊ ဒါပေမယ့် လက်နှစ်ချောင်းကြားထဲမှာ ဆွဲဆန့်လိုက်လို့ရတယ်ဆို အဲဒါက မမျိုးဥကြွေနေပြီဆိုတဲ့ လက္ခဏာမျိုး ဖြစ်တယ်။ ဒါပေမယ့် အဖြူပျစ်ပျစ်ဆင်းတယ်၊ အနံ့နံတယ်၊ ယားတယ်ဆိုရင်တော့ ဆေးခန်းပြကြည့်သင့်တယ်။ ရာသီလာချိန်မဟုတ်ဘဲ သွေးတွေလိုမျိုး ညိုပုပ်ပုပ်တွေ ဆင်းတာဆိုရင် ဖြစ်နိုင်တာတွေက သွေးပုံမမှန်ဆင်းတာ ဖြစ်နိုင်တယ်၊ ကိုယ်က အကာအကွယ်မဲ့ လိင်ဆက်ဆံထားတာရှိတယ်၊ ရာသီကလည်း ထိန်နေတယ်၊ အဲဒါပြီးမှ ဒီလိုညိုပုပ်ပုပ် ဆင်းလာတာမျိုးဆိုရင်တော့ ကိုယ်ဝန်ရှိစမို့ ဆင်းတာဖြစ်နိုင်သလို ကိုယ်ဝန်ပျက်ကျသွားလို့ ဆင်းတာလည်း ဖြစ်နိုင်တယ်။ တကယ်လို့မှ အဝါရောင်တွေ၊ အစိမ်းရောင်တွေဆင်းတာ၊ အနံ့ကလည်း နံတယ်ဆိုရင်တော့ ဆေးခန်းပြကိုပြကြည့်သင့်ပါတယ်။

ဒါကြောင့် မိန်းမကိုယ်ကနေ အရည်ဆင်းတိုင်း စိတ်ပူနေစရာ မလိုဘူး။ ဒီလိုအခြေအနေတွေမျိုးတွေမှာတော့ ဆေးခန်းပြပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

၁။ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း

၂။ မိန်းမကိုယ်ယားခြင်း၊ အနံ့နံခြင်း

၃။ ဖျားခြင်း

၄။ ဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း

၅။ မောပန်းလွယ်ခြင်း

၆။ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျလာခြင်း တို့ ဖြစ်ပါတယ်။

(၃) ဘာတွေကြောင့် အဖြူဆင်းနိုင်သလဲ

အကြောင်းရင်းတွေတော့ အများကြီးရှိပါတယ်။ ခွဲခြားပြီး ပြောရရင်တော့ ပုံမှန်သဘာဝအရလည်း ချွဲလေးတွေ ဆင်းတာရှိသလို၊ မျိုးပွားလမ်းကြောင်းထဲ ပိုးဝင်ရင်လည်း ဒီလိုအဖြူဆင်းတာနဲ့ပဲ ပြတတ်ပါတယ်။ နောက်ပြီး အမျိုးသမီးရောဂါတော်တော်များများကလည်း ပုံမမှန်အဖြူဆင်းတာနဲ့ လက္ခဏာပြတတ်လို့ တိတိကျကျ ပြောရခက်ပါတယ်။ ဒါကြောင့် ဘယ်လိုဆို ပုံမှန်မဟုတ်ဘူးလဲဆိုတာကို သိထားပြီး အဲဒါတွေဖြစ်လာရင် ဆေးခန်းပြကြည့်ဖို့လိုပြီ ဆိုတာကိုတော့ သိစေချင်ပါတယ်။

(၄) မျိုးပွားလမ်းကြောင်းပိုးဝင်ခြင်း

မျိုးပွားလမ်းကြောင်းကို ပိုးဝင်တယ်ဆိုတိုင်း စိတ်ပူသွားစရာ မလိုပါဘူး။ ဘာလို့ဆိုတော့ အဲ့လိုပိုးဝင်တိုင်း ကာလသားရောဂါ ဖြစ်တာမဟုတ်လို့ပါ။

အဓိကအားဖြင့် အကြောင်းရင်း ၃ ခု ရှိပါတယ်။

၁။ မိန်းမကိုယ်ထဲမှာ နဂိုကတည်းက သဘာဝအရရှိနေတဲ့ ပိုးမွှားတွေ ပိုမိုပေါက်ဖွားလာတာကြောင့် ဖြစ်ပါတယ်။ ဒါက အင်မတန်အတွေ့ရလည်း များတယ်။ ကုသရတာလည်း လွယ်ကူပါတယ်။ အမျိုးသမီး တော်တော်များများ၊ အပျိုလေးတွေ အပါအဝင် အဖြူဆင်းရတာ ဒီအကြောင်းကြောင့် ဖြစ်ပါတယ်။

၂။ ကုသမှုတခုခုကြောင့် ဖြစ်ရတာပါ။ တချို့သော ပိုးသတ်ဆေးတွေ၊ နောက်ပြီး သားအိမ်ထဲကို ကိုယ်ဝန်တားတဲ့ပစ္စည်းလေး ထည့်ပြီးဖြစ်ဖြစ်၊ ကလေးမွေးဖွားပြီးဖြစ်ဖြစ် ဆင်းတတ်တာမျိုးပါ။ ဒါကလည်း လိုအပ်တဲ့ ကုသမှုခံယူလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။

၃။ နောက်ဆုံးအကြောင်းရင်းကမှ လိင်ကတစ်ဆင့် ကူးစက်တဲ့ ကာလသားရောဂါကြောင့် ဖြစ်တာပါ။ ဒီပြဿနာကတော့ အင်မတန်မှ ကြီးပါတယ်။ မကုသမိလို့ရှိရင်လည်း နောက်ဆက်တွဲပြဿနာ တော်တော်များပါတယ်။

(၅) သိထားသင့်တဲ့ ကာလသားရောဂါ

နာမည်က ကာလသားရောဂါလို့ တပ်ထားပေမယ့် တကယ်တမ်းတော့ အမျိုးသမီးတွေလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့ဆိုတော့ လိင်ကတစ်ဆင့် ကူးစက်တာကိုး။ အများအားဖြင့်လည်း အိမ်ထောင်သည်အမျိုးသမီးတွေဆီ၊ သာမန်မိန်းကလေးတွေဆီ ဒီလိုပိုးတွေ ကူးစက်ရတဲ့အကြောင်းက သူတို့ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူရည်းစားဆီကနေ ကူးတာ ဖြစ်ပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်ရည်းစားကို မယုံဖို့ ပြောတာ မဟုတ်ပေမယ့် သူတို့ဟာ ကိုယ့်နောက်ကွယ်မှာ မတော်တဆ လွန်ကျူးမိတာ၊ ပျော်ပါးမိတာတွေ ရှိနိုင်တာမို့ သတိထားတတ်မယ်ဆို အကောင်းဆုံးပါပဲ။
ဒီနေရာမှာ ယောကျာ်းနဲ့ မိန်းမနဲ့ မတူတာက ယောကျာ်းရဲ့ လိင်အင်္ဂါသည် ခန္ဓာကိုယ်ပြင်ပမှာ ရှိတယ်။ ဒါကြောင့် ပိုးဝင်ရင် လက္ခဏာပြတယ်၊ ချက်ချင်းသိနိုင်တယ်။ ဥပမာ အနာတွေဖြစ်မယ်၊ ပြည်တွေကျမယ်၊ ဆီးကျင်မယ်၊ ဒါဆို ငါတော့ ဒီလိုပိုးဝင်နေပြီဆိုတာကို သိပြီး ဆေးရုံဆေးခန်းပြ၊ ဆေးကုသမှု ခံယူနိုင်တယ်။ မိန်းကလေးကျတော့ မတူဘူး။ သူ့ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်း တော်တော်များများက အတွင်းထဲမှာ။ ဒီတော့ လက္ခဏာပြနေရင်တောင် ချက်ချင်းမသိနိုင်ဘူး။ စစ်ဆေးကြည့်တော့မှ သားအိမ်ခေါင်းရောင်နေတာ၊ အဖြူဆင်းနေတာ၊ အနာတွေဖြစ်နေတာ သိရတတ်တယ်။ အဲ့လို ရောဂါလက္ခဏာ မပြဘဲ ငုပ်နေတာ များတာမို့ ပိုပြီးတော့ သတိထားရပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်ရည်းစားမှာ ပြဿနာတခုခုဖြစ်နေပြီဆို ကိုယ်လည်း ဆေးခန်းပြကြည့်သင့်ပြီ။ ငါ့မှာ ဘာလက္ခဏာမှ မဖြစ်သေးဘူးဆိုပြီး ပေါ့နေလို့မရပါဘူး။ ဒီလိုကွာခြားချက်လေးကို သဘောပေါက်ထားဖို့ လိုပါမယ်။

ဒါကြောင့်မို့ ပြန်ခြုံပြီးတော့ ပြောရရင် မိန်းမကိုယ်ကနေ အရည်ဆင်းတိုင်း စိုးရိမ်စရာ မလိုပါဘူး။ တချို့အခြေအနေတွေက ပုံမှန်ပါပဲ။ လိင်ဆက်ဆံမှုလည်း မရှိတဲ့အပျိုလေးတစ်ယောက် အဖြူဆင်းတယ်ဆို ခုနကပြောသလို ကိုယ့်ခန္ဓာကိုယ်ထဲက ပိုးမွှားတွေ ပုံမှန်ထက်ပိုပေါက်ဖွားလို့ ဖြစ်တာမျိုးပါ။ လိုအပ်တဲ့ ကုသမှု ခံယူလိုက်ရင် အဆင်ပြေသွားနိုင်တယ်။ တချို့သော အဖြူဆင်းတာတွေကတော့ မဖြစ်မနေ ဆေးခန်းပြကြည့်သင့်တယ်။ ကြီးကြီးမားမား ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးကတစ်ဆင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမိုဂရုစိုက်မိလာမယ်လို့ ယုံကြည်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

အျဖဴဆင္းျခင္းႏွင့္ ပတ္သက္ေသာ သိေကာင္းစရာမ်ား

ဒီျပႆနာက အမ်ိဳးသမီးေတြ ေတာ္ေတာ္ေလး အေမးမ်ားတဲ့ ျပႆနာတစ္ခုလည္း ျဖစ္ပါတယ္။ အျဖဴေတြ ဆင္းေနလို႕ ဘာလုပ္ရမလဲ၊ တခ်ိဳ႕လည္း အေရာင္ေတြ ပါတယ္၊ ပ်စ္တယ္၊ အနံ႕နံတယ္ စသျဖင့္ ေမးတတ္ၾကတယ္။ တကယ္ေတာ့ တျခားအေရာင္ေတြပါျပီး ဆင္းတတ္တာလည္း ရွိတာမို႕ အျဖဴဆင္းတယ္ဆုိတာထက္ မိန္းမကုိယ္ကေန အရည္ေတြထြက္တယ္လို႕ ျခံဳေျပာရင္ ရႏုိင္ပါတယ္။ ဟုတ္ပါျပီ၊ ဒါဆုိ အဲဒီအရည္နဲ႕ ပတ္သက္လုိ႕ ဘာေတြ သိထားဖုိ႕ လိုမလဲ။

(၁) ဘာလို႕ အရည္ေတြ ဆင္းတာလဲ။

တကယ္ေတာ့ အဲဒီအရည္ဆုိတာ မ်ားေသာအားျဖင့္ သာမန္ပဲ။ ဘာလို႕ဆုိေတာ့ သားအိမ္ေခါင္းရဲ႕ ခၽြဲကေနတစ္ဆင့္ ဆင္းလာတာမ်ိဳး ျဖစ္လုိ႕ပါ။ မိန္းမကုိယ္ကုိ စိုစြတ္ေစျပီး တခ်ိဳ႕ေသာေရာဂါပိုးေတြ ၀င္ေရာက္မႈကေန ကာကြယ္ေပးႏုိင္တယ္။ ဒါေပမယ့္ တခ်ိဳ႕အေျခအေနေတြမွာေတာ့ သာမန္လို႕ ယူဆလုိ႕မရဘဲ ျပႆနာတခုခုရွိေနတာကို ေဖာ္ျပေနပါတယ္။

(၂) သာမန္နဲ႕ သာမန္မဟုတ္တဲ့ အေျခအေနေတြ

အရည္ၾကည္ကိုပဲ က်ဲက်ဲဆင္းတယ္ဆုိ ပံုမွန္ပဲ၊ အားကစားလုပ္ျပီးစေတြဆုိ ျဖစ္တတ္တယ္။ ဒါမွမဟုတ္ အရည္ၾကည္ေတာ့ အရည္ၾကည္ပဲ၊ ဒါေပမယ့္ လက္ႏွစ္ေခ်ာင္းၾကားထဲမွာ ဆြဲဆန္႕လိုက္လို႕ရတယ္ဆုိ အဲဒါက မမ်ိဳးဥေၾကြေနျပီဆုိတဲ့ လကၡဏာမ်ိဳး ျဖစ္တယ္။ ဒါေပမယ့္ အျဖဴပ်စ္ပ်စ္ဆင္းတယ္၊ အနံ႕နံတယ္၊ ယားတယ္ဆုိရင္ေတာ့ ေဆးခန္းျပၾကည္႕သင့္တယ္။ ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးေတြလိုမ်ိဳး ညိဳပုပ္ပုပ္ေတြ ဆင္းတာဆိုရင္ ျဖစ္ႏုိင္တာေတြက ေသြးပံုမမွန္ဆင္းတာ ျဖစ္ႏုိင္တယ္၊ ကုိယ္က အကာအကြယ္မဲ့ လိင္ဆက္ဆံထားတာရွိတယ္၊ ရာသီကလည္း ထိန္ေနတယ္၊ အဲဒါျပီးမွ ဒီလိုညိဳပုပ္ပုပ္ ဆင္းလာတာမ်ိဳးဆုိရင္ေတာ့ ကုိယ္၀န္ရွိစမို႕ ဆင္းတာျဖစ္ႏုိင္သလို ကုိယ္၀န္ပ်က္က်သြားလို႕ ဆင္းတာလည္း ျဖစ္ႏုိင္တယ္။ တကယ္လို႕မွ အ၀ါေရာင္ေတြ၊ အစိမ္းေရာင္ေတြဆင္းတာ၊ အနံ႕ကလည္း နံတယ္ဆုိရင္ေတာ့ ေဆးခန္းျပကုိျပၾကည္႕သင့္ပါတယ္။

ဒါေၾကာင့္ မိန္းမကုိယ္ကေန အရည္ဆင္းတုိင္း စိတ္ပူေနစရာ မလိုဘူး။ ဒီလိုအေျခအေနေတြမ်ိဳးေတြမွာေတာ့ ေဆးခန္းျပျပီး စစ္ေဆးကုသမႈ ခံယူသင့္ပါတယ္။

၁။ ပံုမွန္မဟုတ္တဲ့ အရည္ဆင္းျခင္း

၂။ မိန္းမကုိယ္ယားျခင္း၊ အနံ႕နံျခင္း

၃။ ဖ်ားျခင္း

၄။ ဗိုက္ေအာက္ပုိင္း နာက်င္ကုိက္ခဲျခင္း

၅။ ေမာပန္းလြယ္ျခင္း

၆။ အေၾကာင္းရင္းမရွိဘဲ ကုိယ္အေလးခ်ိန္ က်လာျခင္း တုိ႕ ျဖစ္ပါတယ္။

(၃) ဘာေတြေၾကာင့္ အျဖဴဆင္းႏုိ္င္သလဲ

အေၾကာင္းရင္းေတြေတာ့ အမ်ားၾကီးရွိပါတယ္။ ခြဲျခားျပီး ေျပာရရင္ေတာ့ ပံုမွန္သဘာ၀အရလည္း ခၽြဲေလးေတြ ဆင္းတာရွိသလို၊ မ်ိဳးပြားလမ္းေၾကာင္းထဲ ပုိး၀င္ရင္လည္း ဒီလိုအျဖဴဆင္းတာနဲ႕ပဲ ျပတတ္ပါတယ္။ ေနာက္ျပီး အမ်ိဳးသမီးေရာဂါေတာ္ေတာ္မ်ားမ်ားကလည္း ပံုမမွန္အျဖဴဆင္းတာနဲ႕ လကၡဏာျပတတ္လို႕ တိတိက်က် ေျပာရခက္ပါတယ္။ ဒါေၾကာင့္ ဘယ္လုိဆုိ ပံုမွန္မဟုတ္ဘူးလဲဆုိတာကို သိထားျပီး အဲဒါေတြျဖစ္လာရင္ ေဆးခန္းျပၾကည္႕ဖို႕လိုျပီ ဆုိတာကိုေတာ့ သိေစခ်င္ပါတယ္။

(၄) မ်ိဳးပြားလမ္းေၾကာင္းပုိး၀င္ျခင္း

မ်ိဳးပြားလမ္းေၾကာင္းကို ပုိး၀င္တယ္ဆုိတုိင္း စိတ္ပူသြားစရာ မလုိပါဘူး။ ဘာလို႕ဆုိေတာ့ အဲ့လိုပုိး၀င္တုိင္း ကာလသားေရာဂါ ျဖစ္တာမဟုတ္လို႕ပါ။

အဓိကအားျဖင့္ အေၾကာင္းရင္း ၃ ခု ရွိပါတယ္။

၁။ မိန္းမကိုယ္ထဲမွာ နဂိုကတည္းက သဘာ၀အရရွိေနတဲ့ ပိုးမႊားေတြ ပိုမိုေပါက္ဖြားလာတာေၾကာင့္ ျဖစ္ပါတယ္။ ဒါက အင္မတန္အေတြ႕ရလည္း မ်ားတယ္။ ကုသရတာလည္း လြယ္ကူပါတယ္။ အမ်ိဳးသမီး ေတာ္ေတာ္မ်ားမ်ား၊ အပ်ိဳေလးေတြ အပါအ၀င္ အျဖဴဆင္းရတာ ဒီအေၾကာင္းေၾကာင့္ ျဖစ္ပါတယ္။

၂။ ကုသမႈတခုခုေၾကာင့္ ျဖစ္ရတာပါ။ တခ်ိဳ႕ေသာ ပိုးသတ္ေဆးေတြ၊ ေနာက္ျပီး သားအိမ္ထဲကို ကုိယ္၀န္တားတဲ့ပစၥည္းေလး ထည္႕ျပီးျဖစ္ျဖစ္၊ ကေလးေမြးဖြားျပီးျဖစ္ျဖစ္ ဆင္းတတ္တာမ်ိဳးပါ။ ဒါကလည္း လုိအပ္တဲ့ ကုသမႈခံယူလုိက္ရင္ အဆင္ေျပသြားႏုိင္ပါတယ္။

၃။ ေနာက္ဆံုးအေၾကာင္းရင္းကမွ လိင္ကတစ္ဆင့္ ကူးစက္တဲ့ ကာလသားေရာဂါေၾကာင့္ ျဖစ္တာပါ။ ဒီျပႆနာကေတာ့ အင္မတန္မွ ၾကီးပါတယ္။ မကုသမိလို႕ရွိရင္လည္း ေနာက္ဆက္တြဲျပႆနာ ေတာ္ေတာ္မ်ားပါတယ္။

(၅) သိထားသင့္တဲ့ ကာလသားေရာဂါ

နာမည္က ကာလသားေရာဂါလို႕ တပ္ထားေပမယ့္ တကယ္တမ္းေတာ့ အမ်ိဳးသမီးေတြလည္း ျဖစ္ႏုိင္ပါတယ္။ ဘာလို႕ဆုိေတာ့ လိင္ကတစ္ဆင့္ ကူးစက္တာကိုး။ အမ်ားအားျဖင့္လည္း အိမ္ေထာင္သည္အမ်ိဳးသမီးေတြဆီ၊ သာမန္မိန္းကေလးေတြဆီ ဒီလိုပိုးေတြ ကူးစက္ရတဲ့အေၾကာင္းက သူတို႕ရဲ႕ အိမ္ေထာင္ဖက္၊ ခ်စ္သူရည္းစားဆီကေန ကူးတာ ျဖစ္ပါတယ္။ ကုိယ့္အိမ္ေထာင္ဘက္၊ ကုိယ့္ရည္းစားကို မယံုဖုိ႕ ေျပာတာ မဟုတ္ေပမယ့္ သူတို႕ဟာ ကုိယ့္ေနာက္ကြယ္မွာ မေတာ္တဆ လြန္က်ဴးမိတာ၊ ေပ်ာ္ပါးမိတာေတြ ရွိႏုိင္တာမို႕ သတိထားတတ္မယ္ဆုိ အေကာင္းဆံုးပါပဲ။
ဒီေနရာမွာ ေယာက်ာ္းနဲ႕ မိန္းမနဲ႕ မတူတာက ေယာက်ာ္းရဲ႕ လိင္အဂၤါသည္ ခႏၶာကိုယ္ျပင္ပမွာ ရွိတယ္။ ဒါေၾကာင့္ ပုိး၀င္ရင္ လကၡဏာျပတယ္၊ ခ်က္ခ်င္းသိႏုိင္တယ္။ ဥပမာ အနာေတြျဖစ္မယ္၊ ျပည္ေတြက်မယ္၊ ဆီးက်င္မယ္၊ ဒါဆုိ ငါေတာ့ ဒီလိုပိုး၀င္ေနျပီဆုိတာကုိ သိျပီး ေဆးရံုေဆးခန္းျပ၊ ေဆးကုသမႈ ခံယူႏုိင္တယ္။ မိန္းကေလးက်ေတာ့ မတူဘူး။ သူ႕ရဲ႕ မ်ိဳးပြားအဂၤါအစိတ္အပုိင္း ေတာ္ေတာ္မ်ားမ်ားက အတြင္းထဲမွာ။ ဒီေတာ့ လကၡဏာျပေနရင္ေတာင္ ခ်က္ခ်င္းမသိႏုိင္ဘူး။ စစ္ေဆးၾကည္႕ေတာ့မွ သားအိမ္ေခါင္းေရာင္ေနတာ၊ အျဖဴဆင္းေနတာ၊ အနာေတြျဖစ္ေနတာ သိရတတ္တယ္။ အဲ့လို ေရာဂါလကၡဏာ မျပဘဲ ငုပ္ေနတာ မ်ားတာမုိ႕ ပုိျပီးေတာ့ သတိထားရပါတယ္။ ကုိယ့္အိမ္ေထာင္ဘက္၊ ကုိယ့္ရည္းစားမွာ ျပႆနာတခုခုျဖစ္ေနျပီဆုိ ကုိယ္လည္း ေဆးခန္းျပၾကည္႕သင့္ျပီ။ ငါ့မွာ ဘာလကၡဏာမွ မျဖစ္ေသးဘူးဆုိျပီး ေပါ့ေနလို႕မရပါဘူး။ ဒီလုိကြာျခားခ်က္ေလးကို သေဘာေပါက္ထားဖုိ႕ လိုပါမယ္။

ဒါေၾကာင့္မို႕ ျပန္ျခံဳျပီးေတာ့ ေျပာရရင္ မိန္းမကိုယ္ကေန အရည္ဆင္းတုိင္း စိုးရိမ္စရာ မလုိပါဘူး။ တခ်ိဳ႕အေျခအေနေတြက ပံုမွန္ပါပဲ။ လိင္ဆက္ဆံမႈလည္း မရွိတဲ့အပ်ိဳေလးတစ္ေယာက္ အျဖဴဆင္းတယ္ဆုိ ခုနကေျပာသလုိ ကုိယ့္ခႏၶာကုိယ္ထဲက ပုိးမႊားေတြ ပံုမွန္ထက္ပိုေပါက္ဖြားလို႕ ျဖစ္တာမ်ိဳးပါ။ လိုအပ္တဲ့ ကုသမႈ ခံယူလုိက္ရင္ အဆင္ေျပသြားႏုိင္တယ္။ တခ်ိဳ႕ေသာ အျဖဴဆင္းတာေတြကေတာ့ မျဖစ္မေန ေဆးခန္းျပၾကည္႕သင့္တယ္။ ၾကီးၾကီးမားမား ျပႆနာေတြလည္း ျဖစ္ႏုိင္ပါတယ္။ ဒီေဆာင္းပါးေလးကတစ္ဆင့္ အမ်ိဳးသမီးေတြအေနနဲ႕ ကိုယ့္ရဲ႕ က်န္းမာေရးနဲ႕ပတ္သက္ျပီး ပိုမုိဂရုစုိက္မိလာမယ္လို႕ ယံုၾကည္ပါတယ္။

ေဒါက္တာ ျဖိဳးသီဟ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *