မိန်းမသားတို့ ကြောက်မိတဲ့ ဒီအချိန်

အရွယ်ရောက်ပြီးသား အမျိုးသမီးအချို့ အင်မတန်ကြောက်တဲ့အချိန်တစ်ခုရှိပါတယ်။ အဲဒီအချိန်ကတော့ ဓမ္မတာလာတဲ့အချိန်ပါ။ အမျိုးသမီးအချို့ဟာ ဓမ္မတာလာနေတဲ့အချိန်မှာ ဆီးစပ်နဲ့ ဗိုက်အောက်ပိုင်းမှာ အလွန်အမင်းနာကျင်ကိုက်ခဲတတ်ကြပါတယ်။ တစ်ခါတစ်လေ ခါးနာခြင်း၊ ပျို့အန်ခြင်း နဲ့ ဝမ်းလျှောခြင်း တို့ပါတွဲဖြစ်တတ်ကြပါတယ်။ ဒါဟာ မီးယပ်နဲ့ဆိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသမီးများရဲ့ ၂၀ ရာနှုန်းကနေ ၉၀ရာနှုန်းထိ ဖြစ်တတ်ပါတယ်။ အဖြစ်လည်းများပါတယ်။ ဒီရောဂါအခြေအနေကို ”Dysmenorrhoea” (ရာသီလာချိန်မှာ အလွန်အမင်းကိုက်ခဲနာကျင်ခြင်း) လို့ခေါ်ပါတယ်။

လက္ခဏာများ

ဒီရောဂါရဲ့ အဓိက လက္ခဏာကတော့ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ဆီးစပ်တစ်ဝိုက်မှာ နာကျင်တာပါပဲ။ ဝမ်းဗိုက်ရဲ့ ဘယ်ဘက် သို့မဟုတ် ညာဘက် မှာနာကျင်တတ်ပါတယ်။ အဲဒီနာကျင်မှုဟာ ပေါင်နဲ့ ခါးတွေဆီပါ ကူးပြီးတောက်လျောက်နာတတ်ပါတယ်။

အခြားသော လက္ခဏာတွေကတော့

*ပျို့အန်ခြင်း
*ဝမ်းလျှောခြင်း
*ဝမ်းချုပ်ခြင်း
*မူးဝေခြင်း
*အာရုံစူးစိုက်၍မရခြင်း
*စိတ်ခံစားမှုအလွန်လွယ်ခြင်း
*အလင်း၊အသံ၊အနံ့နှင့်အထိအတွေ့တို့အပေါ် ခံစားမှုလွယ်နေခြင်း
*နုံးခွေနေခြင်း
စသည်တို့ပဲဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ?

မီးယပ်ရောဂါအခံတစ်ခုခုကြောင့် Dysmenorrhoea ရတတ်ပါတယ်။ ပြီးတော့ ရောဂါအခံမရှိဘဲလည်း မူလရောဂါအနေနဲ့လည်း Dysmenorrhoea ဖြစ်နိုင်ပါတယ်။

Dysmenorrhoea ဖြစ်နိုင်တဲ့ ရောဂါအခံတွေကတော့

  • သားအိမ်နံရံအတွင်းမှာရှိရတဲ့ တစ်ရှူးတွေက သားအိမ်အပြင်မှာ ဖွံ့ဖြိုးပွားများလာခြင်း (Endometriosis)
  • သားအိမ်မှာ အလုံးရှိခြင်း (Leiomyoma)
  • သားအိမ်ရဲ့အတွင်းနံရံဟာ သားအိမ်ရဲ့ကြွက်သားနံရံကိုကျော်ပြီး ပွားများခြင်း (Adenomyosis)
  • သားဥအိမ်မှာ ရေအိတ်ရှိခြင်း (Ovarian Cyst)
  • ဝမ်းဗိုက်အောက်ပိုင်းမှာရှိတဲ့ သွေးပြန်ကြောအစုကြောင့် နာကျင်မှုခံစားရခြင်း (Pelvic Congestion) စသည်တို့ပဲဖြစ်ပါတယ်။

ဘယ်လိုကြောင့် နာကျင်မှုခံစားရတာလဲ?

ရာသီစက်ဝန်းအရ ကိုယ်ဝန်ရရင်အဆင်သင့်ဖြစ်ဖို့ သားအိမ်နံရံတွေဟာ သဘာဝအရ ထူလာပါတယ်။
သားဥကြွေပြီးတဲ့အခါမှာ သန္ဓေမအောင်ခဲ့ရင် မလိုအပ်တော့တဲ့ သားအိမ်နံရံတွေဟာ ကြွေကျပျက်စီးပါတယ်။ အဲဒီနောက်မှာ ရာသီလာပါတယ်။ အဲလိုသားအိမ်ရဲ့မလိုအပ်တော့တဲ့ အရာတွေပြိုကွဲပြီး ဓမ္မတာအဖြစ်လာနေတဲ့အချိန်မှာ Prostaglandin လ်ု့ခေါ်တဲ့ ဒြပ်ပေါင်းလေးတွေထွက်ပါတယ်။ အဲဒီ Prostaglandin နဲ့ အခြားသော ဓာတ်တွေက သားအိမ်ကို ကျုံ့ဆန့်လုပ်နိုင်စေပြီး ကိုက်ခဲနာကျင်မှုကိုဖြစ်စေပါတယ်။

ဘယ်လိုကုသမလဲ?

ရောဂါအခံတစ်ခုခုရှိလို့ဖြစ်တာမဟုတ်တဲ့ Dysmenorrhoea ရောဂါဟာ
အကိုက်အခံပျောက်ဆေးသောက်ပြီး သက်သာနိုင်ပါတယ်။ NSAID လို့ခေါ်တဲ့ Non-Steroidal Anti-inflammatory Drugs တွေ ဆရာဝန်ညွှန်ကြားချက်နဲ့အတူသောက်လို့ရပါတယ်။

နာကျင်လွန်းတဲ့အချိန်မှာ ရေနွေးအိတ်ကပ်ခြင်း၊ အနားယူခြင်းတို့နဲ့ သက်သာအောင်နေထိုင်လို့ရပါတယ်။

ဒီရောဂါဟာ ဟော်မုန်းဓာတ်အပြောင်းအလဲနဲ့လည်း သက်ဆိုင်နေတဲ့အတွက် အချို့သောအမျိုးသမီးတွေဟာ သန္ဓေတားဆေးကို သားဖွားနဲ့မီးယပ်ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားမှုနဲ့ အလွန်အမင်းကိုက်ခဲနာကျင်မှုကို သက်သာအောင်သောက်သုံးရပါတယ်။

Vitamin E , Fish Oil နဲ့ Thiamine စတဲ့ဖြည့်စွက်ဆေးဝါးတွေကလည်း ရာသီလာချိန်မှာ ကိုက်ခဲနာကျင်မှုကို သက်သာစေပါတယ်။

ယောဂလေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း စတဲ့ အနေအထိုင်ပြုပြင်မှုတို့ကလည်း ရာသီလာချိန်မှာ အလွန်အမင်းကိုက်ခဲနာကျင်ခြင်းကို တစ်ဖက်တစ်လမ်းကနေ သက်သာစေပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)
မိန္းမသားတို႔ ေၾကာက္မိတဲ့ ဒီအခ်ိန္

အရြယ္ေရာက္ၿပီးသား အမ်ိဳးသမီးအခ်ိဳ႕ အင္မတန္ေၾကာက္တဲ့အခ်ိန္တစ္ခုရွိပါတယ္။ အဲဒီအခ်ိန္ကေတာ့ ဓမၼတာလာတဲ့အခ်ိန္ပါ။ အမ်ိဳးသမီးအခ်ိဳ႕ဟာ ဓမၼတာလာေနတဲ့အခ်ိန္မွာ ဆီးစပ္နဲ႔ ဗိုက္ေအာက္ပိုင္းမွာ အလြန္အမင္းနာက်င္ကိုက္ခဲတတ္ၾကပါတယ္။ တစ္ခါတစ္ေလ ခါးနာျခင္း၊ ပ်ိဳ႕အန္ျခင္း နဲ႔ ဝမ္းေလွ်ာျခင္း တို႔ပါတြဲျဖစ္တတ္ၾကပါတယ္။ ဒါဟာ မီးယပ္နဲ႔ဆိုင္တဲ့ေရာဂါတစ္မ်ိဳးျဖစ္ၿပီး အမ်ိဳးသမီးမ်ားရဲ႕ ၂၀ ရာႏႈန္းကေန ၉၀ရာႏႈန္းထိ ျဖစ္တတ္ပါတယ္။ အျဖစ္လည္းမ်ားပါတယ္။ ဒီေရာဂါအေျခအေနကို ”Dysmenorrhoea” (ရာသီလာခ်ိန္မွာ အလြန္အမင္းကိုက္ခဲနာက်င္ျခင္း) လို႔ေခၚပါတယ္။

လကၡဏာမ်ား

ဒီေရာဂါရဲ႕ အဓိက လကၡဏာကေတာ့ ဝမ္းဗိုက္ေအာက္ပိုင္းနဲ႔ ဆီးစပ္တစ္ဝိုက္မွာ နာက်င္တာပါပဲ။ ဝမ္းဗိုက္ရဲ႕ ဘယ္ဘက္ သို႔မဟုတ္ ညာဘက္ မွာနာက်င္တတ္ပါတယ္။ အဲဒီနာက်င္မႈဟာ ေပါင္နဲ႔ ခါးေတြဆီပါ ကူးၿပီးေတာက္ေလ်ာက္နာတတ္ပါတယ္။

အျခားေသာ လကၡဏာေတြကေတာ့

*ပ်ိဳ႕အန္ျခင္း
*ဝမ္းေလွ်ာျခင္း
*ဝမ္းခ်ဳပ္ျခင္း
*မူးေဝျခင္း
*အာရံုစူးစိုက္၍မရျခင္း
*စိတ္ခံစားမႈအလြန္လြယ္ျခင္း
*အလင္း၊အသံ၊အနံ႕ႏွင့္အထိအေတြ႕တို႔အေပၚ ခံစားမႈလြယ္ေနျခင္း
*နံုးေခြေနျခင္း
စသည္တို႔ပဲျဖစ္ပါတယ္။

ဘာေၾကာင့္ျဖစ္တာလဲ?

မီးယပ္ေရာဂါအခံတစ္ခုခုေၾကာင့္ Dysmenorrhoea ရတတ္ပါတယ္။ ၿပီးေတာ့ ေရာဂါအခံမရွိဘဲလည္း မူလေရာဂါအေနနဲ႔လည္း Dysmenorrhoea ျဖစ္ႏိုင္ပါတယ္။

Dysmenorrhoea ျဖစ္ႏိုင္တဲ့ ေရာဂါအခံေတြကေတာ့

  • သားအိမ္နံရံအတြင္းမွာရွိရတဲ့ တစ္ရႉးေတြက သားအိမ္အျပင္မွာ ဖြံ႕ၿဖိဳးပြားမ်ားလာျခင္း (Endometriosis)
  • သားအိမ္မွာ အလံုးရွိျခင္း (Leiomyoma)
  • သားအိမ္ရဲ႕အတြင္းနံရံဟာ သားအိမ္ရဲ႕ႂကြက္သားနံရံကိုေက်ာ္ၿပီး ပြားမ်ားျခင္း (Adenomyosis)
  • သားဥအိမ္မွာ ေရအိတ္ရွိျခင္း (Ovarian Cyst)
  • ဝမ္းဗိုက္ေအာက္ပိုင္းမွာရွိတဲ့ ေသြးျပန္ေၾကာအစုေၾကာင့္ နာက်င္မႈခံစားရျခင္း (Pelvic Congestion) စသည္တို႔ပဲျဖစ္ပါတယ္။

ဘယ္လိုေၾကာင့္ နာက်င္မႈခံစားရတာလဲ?

ရာသီစက္ဝန္းအရ ကိုယ္ဝန္ရရင္အဆင္သင့္ျဖစ္ဖို႔ သားအိမ္နံရံေတြဟာ သဘာဝအရ ထူလာပါတယ္။
သားဥေႂကြၿပီးတဲ့အခါမွာ သေႏၶမေအာင္ခဲ့ရင္ မလိုအပ္ေတာ့တဲ့ သားအိမ္နံရံေတြဟာ ေႂကြက်ပ်က္စီးပါတယ္။ အဲဒီေနာက္မွာ ရာသီလာပါတယ္။ အဲလိုသားအိမ္ရဲ႕မလိုအပ္ေတာ့တဲ့ အရာေတြၿပိဳကြဲၿပီး ဓမၼတာအျဖစ္လာေနတဲ့အခ်ိန္မွာ Prostaglandin လ္ု႔ေခၚတဲ့ ျဒပ္ေပါင္းေလးေတြထြက္ပါတယ္။ အဲဒီ Prostaglandin နဲ႔ အျခားေသာ ဓာတ္ေတြက သားအိမ္ကို က်ဳံ႕ဆန္႔လုပ္ႏိုင္ေစၿပီး ကိုက္ခဲနာက်င္မႈကိုျဖစ္ေစပါတယ္။

ဘယ္လိုကုသမလဲ?

ေရာဂါအခံတစ္ခုခုရွိလို႔ျဖစ္တာမဟုတ္တဲ့ Dysmenorrhoea ေရာဂါဟာ
အကိုက္အခံေပ်ာက္ေဆးေသာက္ၿပီး သက္သာႏိုင္ပါတယ္။ NSAID လို႔ေခၚတဲ့ Non-Steroidal Anti-inflammatory Drugs ေတြ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔အတူေသာက္လို႔ရပါတယ္။

နာက်င္လြန္းတဲ့အခ်ိန္မွာ ေရေႏြးအိတ္ကပ္ျခင္း၊ အနားယူျခင္းတို႔နဲ႔ သက္သာေအာင္ေနထိုင္လို႔ရပါတယ္။

ဒီေရာဂါဟာ ေဟာ္မုန္းဓာတ္အေျပာင္းအလဲနဲ႔လည္း သက္ဆိုင္ေနတဲ့အတြက္ အခ်ိဳ႕ေသာအမ်ိဳးသမီးေတြဟာ သေႏၶတားေဆးကို သားဖြားနဲ႔မီးယပ္ဆရာဝန္ႀကီးေတြရဲ႕ ၫႊန္ၾကားမႈနဲ႔ အလြန္အမင္းကိုက္ခဲနာက်င္မႈကို သက္သာေအာင္ေသာက္သံုးရပါတယ္။

Vitamin E , Fish Oil နဲ႔ Thiamine စတဲ့ျဖည့္စြက္ေဆးဝါးေတြကလည္း ရာသီလာခ်ိန္မွာ ကိုက္ခဲနာက်င္မႈကို သက္သာေစပါတယ္။

ေယာဂေလ့က်င့္ခန္းလုပ္ျခင္း၊ ကိုယ္လက္ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ျခင္း စတဲ့ အေနအထိုင္ျပဳျပင္မႈတို႔ကလည္း ရာသီလာခ်ိန္မွာ အလြန္အမင္းကိုက္ခဲနာက်င္ျခင္းကို တစ္ဖက္တစ္လမ္းကေန သက္သာေစပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *