အစာအိမ် သွေးကြောပေါက်ခြင်း
အရပ်ထဲမှာ ပြောနေကြတဲ့ “မောင် ဘယ်သူကဖြင့် အရက်အသောက် လွန်လို့ အစာအိမ်သွေးကြောပေါက်ပြီး ဆုံးသွားတယ် ၊မဘယ်သူကဖြင့် အကိုက်အခဲ
ပျောက်ဆေးတွေ နင်းကန်သောက်ပြီး ဗိုက်အောင့်ပြီး သွေးအန်လို့ ၊ဒေါ်ကွက်လပ်ကဖြင့် အစာအိမ်ရောဂါကနေ သွေးကြောပေါက်ပြီး သွေးအန် ဝမ်းမည်းမည်းသွားလို့ ဆေးရုံတက်ကုနေရတယ်” စသဖြင့် ကြားဖူးကြမယ် ထင်ပါတယ် ။
ဒါဆိုရင် အစာအိမ်သွေးကြောပေါက်တာဟာ ကြောက်ဖို့ကောင်းပါသလား ကာင်းပါတယ် ။အစာအိမ်သွေးကြောက်ပေါက်ပြီး သွေးယိုစီးတာများလို့အချိန်မီ ကုသမှု မခံယူရင် သေနိုင်ပါတယ် ။
အစာအိမ်သွေးကြောပေါက်မှန်း ဘယ်လို သိမလဲ-သွေးအန်မယ် ၊အများအားဖြင့် သွေးမည်းမည်းတွေ အန်မယ်
- ဝမ်းကလည်း မည်းမည်းတွေ သွားမယ်
- ဗိုက်အောင့်မယ်
- သွေးယိုစီးတာများရင် ခြေဖျား လက်ဖျားအေးမယ် ၊ခေါင်းမူးမယ် ၊သွေးပေါင်ကျမယ် ၊ နှလုံးခုန်နှုန်းတွေမြန်လာမယ် ၊မျက်ခွံတွေ ဖြူဖွေးလာမယ် ၊မောလာမယ်
ဘာကြောင့် အစာအိမ် သွေးကြောပေါက်ရတာလဲ
- အများအားဖြင့် အစာအိမ် အနာရှိတဲ့သူတွေ
- အကိုက်အခဲပျောက်ဆေး အလွန်အကျွံ ၊ဒါမှမဟုတ် ရက်ရှည် သောက်တဲ့သူတွေ
- အရက်အလွန်အကျွံသောက်သုံးသူတွေ
- အဆက်မပြတ် အန်တဲ့သူတွေ(အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ် တရစပ် အန်တဲ့ရောဂါ ဖြစ်တတ်)
- အက်ဆစ် စတဲ့ လောင်စားတတ်တဲ့ ဓာတုပစ္စည်းကို မျိုချမိသူတွေ
သွေးအန် ၊ဝမ်းမည်းမည်းသွားရင် ဘာလုပ်ရမလဲ
- နီးစပ်ရာ အစိုးရ ဆေးရုံ ၊ဆေးခန်းများတွင် ပြသပါ ။ဆေးရုံမှာ ဘာလုပ်ပေးမှာလဲ
- လိုအပ်ရင် အစာအိမ် မှန်ပြောင်း ကြည့်ရမယ်
- သွေးအထွက်လွန်နေရင် သွေးပြန်သွင်းရမယ်
- အစာအိမ်ဆေးများ ၊ပိုးသတ်ဆေးများ သွင်းရမယ်
- မှန်ပြောင်းကြည့်ပြီး သွေးတိတ်အောင် ကုပေးတဲ့ ကုထုံးများ
- ပြွန်ထည့်ပြီး သွေးတိတ်စေတဲ့ ကုထုံးများ
- သွေးတိတ်အောင် ဆေးထိုးပြီးကုတဲ့ ကုထုံး ၊သားရေပင်ပစ်ပြီးကုတဲ့ ကုထုံး
- ခွဲစိတ်ခြင်း စတာတွေထဲက သင့်တော်တဲ့နည်းနဲ့ ကုပေးပါလိမ့်မယ် ။
ခေတ်သစ် ဇီဝက
အစာအိမ္ ေသြးေႀကာေပါက္ျခင္း
အရပ္ထဲမွာ ေျပာေနႀကတဲ့ “ေမာင္ ဘယ္သူကျဖင့္ အရက္အေသာက္ လြန္လို႕ အစာအိမ္ေသြးေႀကာေပါက္ျပီး ဆုံးသြားတယ္ ၊မဘယ္သူကျဖင့္ အကိုက္အခဲ
ေပ်ာက္ေဆးေတြ နင္းကန္ေသာက္ျပီး ဗိုက္ေအာင့္ျပီး ေသြးအန္လို႕ ၊ေဒၚကြက္လပ္ကျဖင့္ အစာအိမ္ေရာဂါကေန ေသြးေႀကာေပါက္ျပီး ေသြးအန္ ၀မ္းမည္းမည္းသြားလို႕ ေဆးရုံတက္ကုေနရတယ္” စသျဖင့္ ႀကားဖူးႀကမယ္ ထင္ပါတယ္ ။
ဒါဆိုရင္ အစာအိမ္ေသြးေႀကာေပါက္တာဟာ ေႀကာက္ဖို႕ေကာင္းပါသလား ကာင္းပါတယ္ ။အစာအိမ္ေသြးေႀကာက္ေပါက္ျပီး ေသြးယိုစီးတာမ်ားလို႕အခ်ိန္မီ ကုသမႈ မခံယူရင္ ေသႏိုင္ပါတယ္ ။
အစာအိမ္ေသြးေႀကာေပါက္မွန္း ဘယ္လို သိမလဲ-ေသြးအန္မယ္ ၊အမ်ားအားျဖင့္ ေသြးမည္းမည္းေတြ အန္မယ္
- ၀မ္းကလည္း မည္းမည္းေတြ သြားမယ္
- ဗိုက္ေအာင့္မယ္
- ေသြးယိုစီးတာမ်ားရင္ ေျခဖ်ား လက္ဖ်ားေအးမယ္ ၊ေခါင္းမူးမယ္ ၊ေသြးေပါင္က်မယ္ ၊ ႏွလုံးခုန္ႏႈန္းေတြျမန္လာမယ္ ၊မ်က္ခံြေတြ ျဖဴေဖြးလာမယ္ ၊ေမာလာမယ္
ဘာေႀကာင့္ အစာအိမ္ ေသြးေႀကာေပါက္ရတာလဲ
- အမ်ားအားျဖင့္ အစာအိမ္ အနာရွိတဲ့သူေတြ
- အကိုက္အခဲေပ်ာက္ေဆး အလြန္အကြ်ံ ၊ဒါမွမဟုတ္ ရက္ရွည္ ေသာက္တဲ့သူေတြ
- အရက္အလြန္အကြ်ံေသာက္သုံးသူေတြ
- အဆက္မျပတ္ အန္တဲ့သူေတြ(အထူးသျဖင့္ ကိုယ္၀န္ေဆာင္စဥ္ တရစပ္ အန္တဲ့ေရာဂါ ျဖစ္တတ္)
- အက္ဆစ္ စတဲ့ ေလာင္စားတတ္တဲ့ ဓာတုပစၥည္းကို မ်ိဳခ်မိသူေတြ
ေသြးအန္ ၊၀မ္းမည္းမည္းသြားရင္ ဘာလုပ္ရမလဲ
- နီးစပ္ရာ အစိုးရ ေဆးရုံ ၊ေဆးခန္းမ်ားတြင္ ျပသပါ ။ေဆးရုံမွာ ဘာလုပ္ေပးမွာလဲ
- လိုအပ္ရင္ အစာအိမ္ မွန္ေျပာင္း ႀကည့္ရမယ္
- ေသြးအထြက္လြန္ေနရင္ ေသြးျပန္သြင္းရမယ္
- အစာအိမ္ေဆးမ်ား ၊ပိုးသတ္ေဆးမ်ား သြင္းရမယ္
- မွန္ေျပာင္းႀကည့္ျပီး ေသြးတိတ္ေအာင္ ကုေပးတဲ့ ကုထုံးမ်ား
- ျပြန္ထည့္ျပီး ေသြးတိတ္ေစတဲ့ ကုထုံးမ်ား
- ေသြးတိတ္ေအာင္ ေဆးထုိးျပီးကုတဲ့ ကုထုံး ၊သားေရပင္ပစ္ျပီးကုတဲ့ ကုထုံး
- ခဲြစိတ္ျခင္း စတာေတြထဲက သင့္ေတာ္တဲ့နည္းနဲ႕ ကုေပးပါလိမ့္မယ္ ။
ေခတ္သစ္ ဇီ၀က