Tothema
အခြားရောဂါများအထွေထွေရောဂါများ

🩸 သွေးအားနည်းခြင်းကို ဖြစ်စေသော ‌အကြောင်းအရင်း ( ၃ ) ချက်

1 Mins read

🩸 သွေးအားနည်းခြင်းကို ဖြစ်စေသော ‌အကြောင်းအရင်း ( ၃ ) ချက်
~~~~~~~~~~~

တကယ်လို သင်ဟာ သွေးအား နည်းနေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဆီကို သွေး တွေကနေတစ်ဆင့်  အောက်စီဂျင်ကို လုံလောက်အောင် သယ်ယူ လုပ်ဆောင်ပေးနိုင်မှာမဟုတ်တော့ပါဘူး။


👉ဘာကြောင့် မသယ်နိုင်တော့တာလဲ❓
အဖြစ်အများဆုံး သွေးအားနည်းရ‌တဲ့ အကြောင်းကတော့ သံဓါတ်ကို လုံလောက်စွာ မရရှိလို့ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ Hemoglobin ကိုပြုလုပ်ဖို့ရာအတွက် Iron သံဓါတ်ကို လိုပါတယ်။Hemoglobin ဟာ Rich Iron Protein ဖြစ်ပြီး အဆုတ်ကနေ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ Oxygenကို သယ်ယူပို့ဆောင်တဲ့ အလုပ်ကို လုပ်ပါတယ်။

သွေးအားနည်းစေတဲ့ အကြောင်းအရင်း (၃)မျိုးကတော့

🩸 အကြောင်းအရာတစ်ခုခုကြောင့်  သွေးဆုံးရှုံးမှု များခြင်း (Blood loss) ၊
🩸 သံဓါတ်ချို့တဲ့မှုကြောင့် သွေးနီဥကောင်းစွာ မထုတ်လုပ်နိုင်ခြင်း (  lack of red blood cell production ) ၊
🩸 သွေးနီဥဖျက်စီးခံရမှု များနေခြင်း (High Rate of RBCs Destruction) တို့ကြောင့်ဖြစ်ပါတယ်။

သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေတဲ့ အချက်တွေထဲမှာ  မိန်းကလေးများ ‌ရာသီသွေးဆင်းများခြင်း၊ ကိုယ်ဝန်ဆောင်ချိန် Ulcer ရရင် ၊ Colon polyps (or) colon cancer ရခဲ့ရင် ၊မွေးရာပါ disorders ရှိနေသူတွေ၊ နေထိုင်စားသောက်ရာမှာ သံဓါတ်လုံလောက်စွာ မရရှိသူတွေ၊thalassemia  ၊  cancer ၊ sickle cell anemia စတဲ့ blood disorder ရှိသူတွေ Aplastic anemia နဲ့ G6PD Deficiency ရှိသူတွေ ပါပါတယ်။


သွေးအားနည်းရောဂါကို ခံစားရမယ်ဆိုရင်
👉မောပန်း နွမ်းနယ်တာ ခေါင်းမူးနေတတ်တာ ၊
👉အသက် ခဏခဏ ရှိက်ရှုရတာ နဲ့
👉ခေါင်းကိုက်ခြင်း စတဲ့ လက္ခဏာ တွေဖြစ်လာနိုင်ပါတယ်။
သွေးအားနည်းခြင်း မဖြစ်စေရန် နီရဲသော အသားများ၊ အစိမ်းရင့်ရောင်ရှိ အသီးအရွက်များ၊ ဥအမျိုးမျိုး နဲ့ ငါးများစားခြင်း အပြင်  သံဓါတ် အားဖြည့်ဆေးများ သောက်သုံးပေးနိုင်ပါတယ်။
#သွေးအားနည်းခြင်း#သံဓါတ် #Tothema#myDoctor

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…