swollen lymph nodes
Uncategorized

🦠 ကိုဗစ် ကာကွယ်ဆေးထိုးပြီး အကျိတ်ယောင်ရမ်းခြင်း

1 Mins read

🦠 ကိုဗစ် ကာကွယ်ဆေးထိုးပြီး အကျိတ်ယောင်ရမ်းခြင်း ကာကွယ်ဆေးတွေထဲမှာမှ မထိုးမဖြစ် ထိုးရမယ့် ကာကွယ်ဆေးတွေထဲမှာ ကိုဗစ်ကာကွယ်ဆေးက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ဖြစ်တတ်တဲ့ လက္ခဏာတွေ ကတော့
-ဖျားနာခြင်း
-ချမ်းတုန်ခြင်း
-ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
-ခေါင်းကိုက်ခြင်း-ဆေးထိုးသော နေရာယောင်ရမ်းနာကျင်ခြင်း
-အကျိတ်များ ယောင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

📌ကာကွယ်ဆေးထိုးပြီးမှ ဘာလို့ အကျိတ်တွေယောင်လာရတာလဲ ❓
အကျိတ်လို့ခေါ်တဲ့ Lymph node တွေဟာ ခန္ဓာကိုယ်ရဲ့ Immune system မှာပါဝင်ပါတယ်။ ဘာကာကွယ်ဆေးပဲ ထိုးထိုး အကျိတ်တွေ ယောင်တတ်ပါတယ်။ ကာကွယ်ဆေးထိုးလိုက်တဲ့ အတွက် တုန့်ပြန်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ယောင်တဲ့ အကျိတ်တွေဟာ ပုံမှန်ဆိုရင် ရက် အနည်းငယ် အတွင်း ပြန်ကောင်းသွားတာများပါတယ်။

📌ဘယ်နေရာက အကျိတ်တွေ ကြီးတတ်လဲ ❓
👉ချိုင်းကြား
👉ပေါင်ခြံ
👉လည်ပင်း က အကျိတ်တွေ များသောအားဖြင့် ကြီးတတ်ပါတယ်

စိုးရိမ်ရပါသလား ❓
ရက် အနည်းငယ် အတွင်း ပျောက်ကင်းသွားရင်တော့ မစိုးရိမ်ရပါဘူးကြာနေရင်တော့ဆေးခန်း ပြသဖို့ လိုအပ်ပါတယ်။ကိုဗစ်ရောဂါဟာ အလွန် ကူးစက်မြန်တဲ့ အတွက် ဖြစ်တဲ့နည်းနဲ့ ကာကွယ်ဆေးကို ထိုးနှံထားဖို့ အကြံပြုလိုပါတယ်….

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”
#Dr_John(UM-2)

MyDoctor Telemedicine Application
Related posts
Uncategorized

👧 Pelvic Inflammatory

1 Mins read
👧 အမျိုးသမီးနှင့် မီးယပ်ရောဂါ~~အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ ဆီးပူဆီးကျင်တာ ၊ မိန်းမကိုယ်ကနေ အဖြူဆင်းတာ၊ ရာသီချိန် မဟုတ်ဘဲ သွေးပေါ်တာ၊ ဆီးစပ်အောင့်တာ၊ ဗိုက်အောင့်တာ စသဖြင့် ကြုံလေ့ရှိကြပါတယ်။ အဲဒါဟာ မျိုးပွားအင်္ဂါကနေတစ်ဆင့် ရောဂါပိုးဝင်ကူးစက်တဲ့ Pelvic Inflammatory Disease လို့ခေါ်တဲ့မီးယပ်ရောဂါတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။အမျိုးသမီးတွေမှာ…
Uncategorized

Can Marijuana Help Your Mental Health?

1 Mins read
🍁 ဆေးခြောက်က စိတ်ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်လား ❓ “ကောင်းလိုက်တာကွာ…” “နတ်ပြည်ရောက်နေသလိုပဲ…” ပျော်လိုက်တာ ဘာနဲ့မှကို မတူဘူး… “စားမယ် စားမယ်…”နေဝင်း သီချင်းလို ” ဝ ” ပေါ်မှာ လုံးကြီးတင် ” ဝိ ” …အစရှိသဖြင့်………
Uncategorized

🦋 SLE (Lupus) ရှိသူတွေ ကိုယ်ဝန်ဆောင်လို့ရလား ❓

1 Mins read
Autoimmune Disease တွေထဲမှာမှ SLE လို့ခေါ်တဲ့ Systemic lupus Erythematosus ဖြစ်တဲ့သူတွေဟာ အတွေ့များပါတယ်၊ လိပ်ပြာပုံ ပန်းရောင်သမ်းနေတဲ့ မျက်နှာပိုင်ရှင် သူတို့လေးတွေ အရွယ်ရောက်လာတဲ့ အခါ ကိုယ်ဝန်ဆောင်လို့ ရလား ဆိုတဲ့ မေးခွန်းဟာ အတော်လေး အမေးများတဲ့…

Leave a Reply

Your email address will not be published. Required fields are marked *