Lupus Pregnancy
Uncategorized

🦋 SLE (Lupus) ရှိသူတွေ ကိုယ်ဝန်ဆောင်လို့ရလား ❓

1 Mins read


Autoimmune Disease တွေထဲမှာမှ SLE လို့ခေါ်တဲ့ Systemic lupus Erythematosus ဖြစ်တဲ့သူတွေဟာ အတွေ့များပါတယ်၊ လိပ်ပြာပုံ ပန်းရောင်သမ်းနေတဲ့ မျက်နှာပိုင်ရှင် သူတို့လေးတွေ အရွယ်ရောက်လာတဲ့ အခါ ကိုယ်ဝန်ဆောင်လို့ ရလား ဆိုတဲ့ မေးခွန်းဟာ အတော်လေး အမေးများတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။လေ့လာတွေ့ရှိချက်တွေ အရတော့ SLE ရှိသူတွေဟာ ကိုယ်ဝန်ဆောင်လို့ ရပါတယ်။သို့ပေမယ့် ပြင်ဆင်မှုတွေကို (၆လ)လောက် အချိန်ယူရပါမယ်၊
👉အိမ်ထောင်ပြုတဲ့ အချိန်မှာ လည်း ပြသနေတဲ့ သမားတော်၊ သောက်နေတဲ့ ဆေးဝါး စတာတွေကို အထူး ဂရုတစိုက် ပြုလုပ်ထားရမှာပဲ ဖြစ်ပါတယ်။အိမ်ထောင်ပြုပြီးတာနဲ့ ကိုယ်ဝန်ကို တန်းမရသွားအောင် တစ်နည်းနည်းနဲ့ ကိုယ်ဝန် တား ထားဖို့ လိုပါတယ်။ကိုယ်ဝန်ရှိလာပြီဆိုရင်လည်း High risk အဖြစ်သတ်မှတ်ပြီး ကိုယ်ဝန်စရှိချိန်က စလို့ မွေးမယ့် အချိန် အထိ မပျက်မကွက် ကိုယ်ဝန်ဆောင်မှု မှတ်တမ်းကို သက်ဆိုင်ရာ OG ဆရာဝန်တွေနဲ့ ပုံမှန် ပြသရပါမယ်။ကိုယ်ဝန်ဆောင်လို့ ရပေမယ့် အထူး ပြင်ဆင်မှုတွေ လုပ်ထားမှ တော်ရာကျမယ့် အခြေအနေမျိုး ပိုင်ဆိုင်နေသူ (SLE) လေးများပဲ ဖြစ်ပါတယ်။
📌ကိုယ်ဝန်ရှိလာချိန် ကြုံရနိုင်တဲ့ ပြသနာ တွေကတော့

👉ကျောက်ကပ်ပြသနာ
👉သွေးပေါင်တက်ခြင်း
👉သွေးမတိတ်ခြင်း
👉Platelet သွေးဥမွှာ လျော့ကျခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

Risk လို့ခေါ်တဲ့ အန္တရာယ်တွေကတော့ မိခင်ရော ကလေးမှာပါ သတိထားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်၊၊
📌မိခင်တွေ ဖြစ်တတ်တာတွေကတော့
✅ခံစားနေကျ ဝေဒနာတွေ ပိုဆိုးလာတာ
✅ကျောက်ကပ်လုပ်ဆောင်မှု မကောင်းတာ
✅သွေးပေါင် အလွန်တက်လာတာ
✅အသည်းနဲ့သွေးကို ထိခိုက်စေတဲ့ HELLP Syndrome ဖြစ်လာတတ်တာ စတာတွေပဲ ဖြစ်ပါတယ်။

📌ကလေးမှာ ဖြစ်တတ်တာတွေကတော့ -ကလေးကြီးထွားမှု နှောင့်နှေးခြင်း-ကိုယ်ဝန်ပျက်ခြင်း-လမစေ့ပဲ မွေးဖွားခြင်း-Lupus ကလေးငယ်လေး မွေးဖွားခြင်း စတာတွေပဲ ဖြစ်ပါတယ်။
အန္တရာယ် များလွန်းလို့ ကလေးမယူတော့ပါဘူး လို့ ပြောမယ့် သူတွေ အတွက် အားတက်စရာကတော့ SLE ရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ သေသေချာချာ Plan နဲ့ မွေးဖွားခဲ့ရင် ရာခိုင်နှုန်းတော်တော်များများ အောင်မြင်တယ် ဆိုတာ ကောက်ခံရရှိထားတဲ့ Data တွေက သက်သေပြလျှက်ရှိပါတယ်။

🤔 ကလေးမွေးပြီးရင်ရော နို့တိုက်လို့ရလား ❓
A=> နို့တိုက်လို့ရပါတယ် ။တချို့ဆေးတွေကိုတော့ ရပ်ထားဖို့ လိုအပ်ပါတယ်။ နို့မှတဆင့် ကလေးဆီ ရောက်သွားနိုင်လို့ဖြစ်ပါတယ်။မိသားစုကလည်း အားပေးကူညီမှု ရှိမယ်၊ အမျိုးသားကလည်း ဂရုတစိုက် ဆောင်ရန် ရှောင်ရန်တွေ လိုက်နာမယ် ဆိုရင် SLE ရှိသူ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတာ ဖြစ်နိုင်ပါတယ်။
အချုပ် အနေနဲ့
(၁)အိမ်ထောင်ပြုပြီးပြီးချင်း ကိုယ်ဝန်တန်းမယူသင့်ပါ (သားအိမ်ထဲ ပစ္စည်းထည့်ပြီး တားထားသင့်)
(၂)OG နဲ့ သေချာတိုင်ပင်ပြီး မွေးဖွားပါ။
(၃)မွေးပြီးချိန် မှာလည်း သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆက်လက်ပြသပြီး ကုသမှု ခံယူပေးပါ။


“တိုင်ပင်ဆွေးနွေး ကျန်းမာရေး ၊ myDoctor နှင့်ဆက်သွယ်ပေး”
#Dr_John (UM-2)
#myDoctor

Related posts
Uncategorized

ပန်ကရိယကင်ဆာ (သို့) မုန့်ချိုအိတ်ကင်ဆာ (Pancreatic cancer)

1 Mins read
📌 ပန်ကရိယလို့ ခေါ်တဲ့ မုန့်ချိုအိတ်ဟာ သူ့ရဲ့တည်နေရာကိုက လျှို့ဝှက်တယ် နက်နဲတယ်၊ သူ့မှာ အကျိတ်ရှိနေရင်တောင် သိရခက်ခဲတယ်။ Ultrasound ရိုက်ရင်တောင် တော်ရုံ အကျိတ်လောက်ရှိယုံနဲ့ မမြင်ရဘူး။ ဒါကြောင့် ပန်ကရိယမှာ ကင်ဆာဖြစ်နေမှန်း သိရတဲ့အချိန်မှာ သူဟာနေရာ အနှံ့ကို ပျံ့နေပြီးသားဖြစ်နေပြီ။…
Uncategorized

📌 ဘာကြောင့် အိပ်တဲ့အခါ ဟောက်ရတာလဲ?

1 Mins read
📌 ဘာကြောင့် အိပ်တဲ့အခါ ဟောက်ရတာလဲ? ဆိုတဲ့မေးခွန်းကို ဖြေရရင်တော့ အိပ်နေရင်း အသက်ရှူတဲ့အခါ လေဝင်တဲ့လမ်းကြောင်းပိတ်နေလို့ပဲ ဖြစ်ပါတယ်။ ပါးစပ်၊နှာခေါင်းထဲ ဝင်လာတဲ့လေဟာ လမ်းကြောင်းပိတ်နေတဲ့အထဲ တိုးဝင်ရတဲ့အခါမှာ လေဟာတုန်ခါပြီး အသံထွက်လာရခြင်းဖြစ်ပါတယ်။ 📌 ကိုယ့်ဟောက်သံကြောင့် ကိုယ်ပြန်နိုးပြီး အိပ်ရေးပျက်လာတဲ့အခါမျိုး၊ မိမိပါတနာ အိပ်လို့မရလောက်အောင်…
Uncategorized

When You Always Use Hand Sanitizer

1 Mins read
ရေမလို လက်သန့်ဆေးတွေရည်တွေ အမြဲတမ်းသုံးတဲ့အခါ 🔰 ပထမဆုံးအနေနဲ့ မှာချင်တာက လက်ဆိုတာ အရာဝတ္ထုတိုင်းနဲ့ထိတွေ့နေရတဲ့အရာမို့ ကိုဗစ်ရောဂါနဲ့ တခြားရောဂါပိုးတွေ အများကြီးကပ်ပါနေနိုင်ပါတယ်။ 🔰 ဒါကြောင့် လက်ကို ရေနှင့် ဆပ်ပြာ အသုံးပြုပြီး စက္ကန့် ၂၀ ခန့် စနစ်တကျဆေးပေးဖို့လိုပါတယ်။ “ကဲ…