~~~~~~~~~~~~~
တောထဲဖျား ချမ်းတုန်ဖျား ငှက်ဖျားရှိတဲ့ နေရာဖျားရင် ငှက်ဖျားပဲလို့ တွေးလိုက်ပါ။ငှက်ဖျားရောဂါဟာ တောအုံချုံကြား သာမက သူဖြစ်ပွားလေ့ရှိတတ်တဲ့ နီးစပ်ရာမြို့ဆင်ခြေဖုံးဒေသတွေမှာပါ ဖြစ်ပွားလေ့ရှိပြီး အချိန်မှီ ငှက်ဖျားရောဂါမှန်းမသိပါက ချက်ချင်း ပုံမှန် ချမ်းတုန်ဖျားရာကနေ အသက်ပါ ဆုံးရှူံးနေကြတာ လက်တွေ့ပဲမလို့ မပေါ့ဆ စေချင်ပါဘူး။
သာမန်ဖျားနာ ချမ်းတုန်ရာကနေ ပြင်းထန်ပြီး မပျောက်တဲ့အပြင် သေစေ နိုင်တဲ့အထိ ဖြစ်နိုင်ပြီး ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်သွားပါက ဉီးနှောက် အမြှေးယောင်ခြင်း၊ အသည်း၊အဆုတ် နဲ့ ကျောက်ကပ်တို့ ပျက်ဆီးခြင်း၊ သွေးနီ ဥတွေ ပျက်စီးခြင်း၊ အသားဝါခြင်းတို့ဖြစ်ပြီး အသက်ဆုံးရှူံးနိုင်ပါတယ်။
ဆိုတော့ကာ ❗️ မဖြစ်အောင် ဘယ်လိုတားဆီးမလဲက အရင်အရေးကြီးပါတယ်။ ငှက်ဖျား ပိုးသယ်ဆောင်ထားတဲ့ ခြင်ဟာ ညနေ (၅) နာရီနောက်ပိုင်းကနေ မနက် (၉) နာရီအတွင်းမှ ာကိုက်တာများပြီး သူ Active အဖြစ်ဆုံးအချိန်တွေကတော့ ညသန်းခေါင်နဲ့ မနောစက်စက် မနက်စောစော တွေဖြစ်ပါတယ်။
🦟 ခြင်ကိုက်လို့ဖြစ်တာဖြစ်တဲ့အတွက် ခြင်အကိုက်မခံရအောင် ဘယ်လိုနေမလဲ ❓
Mosquito repellent လိမ်းဆေးတွေလိမ်းပါ၊ ခြင်ဆေးဖျန်းပါ၊ Insecticide treated nets (ITN) လို့ခေါ်တဲ့ ဆေးရည်စိမ်ခြင်ထောင်ထောင်ပါ၊ ခြင်ဆေးခွေထွန်းပါ၊ အင်္ကျီလက်ရှည် ဘောင်းဘီရှည်ဝတ်ပါ။
ကြိုတင်ပြီး ကာကွယ်မှုအနေနဲ့ CDC Yellow book for international travel လေ့လာချက်များအရတော့ ငှက်ဖျားဆေး chloroquine and mefloquine တို့ဟာ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါးမှူအများဆုံးဖြစ်ပါတယ်။Recommendation ပေးထားတာကတော့ တနင်္သာရီ၊ကချင်၊ကယား၊ကရင်နဲ့ရှမ်းတို့မှာAtovaquone-proguanil, doxycycline, or tafenoquine စတဲ့ဆေးတွေကာကွယ်ဖို့သောက်သုံးဖို့အကြံပြုထားပီးအခြားနေရာတွေမှာတော့ Atovaquone-proguanil, doxycycline, mefloquine, or tafenoquineတို့ကိုအကြံပြုထားပါတယ်
အသုံးများတဲ့ ဆေးနှစ်မျိုးအနေနဲ့
=========
👉 (၁) Malarone – Atovaquone 250 mg + Proguanil 100 mg ပါတဲ့ ဆေးပြားကို ဌက်ဖျားရှိတဲ့နေရာမသွားခင် ၂ ရက်ကစပြီး တစ်နေ့တစ်လုံး အဲ့ဒေသက ပြန်လာပြီးနောက် ၇ ရက်ပြည့်တဲ့ အထိသောက်ဖို့လိုပါမယ်အပေါ်မှာ ဖော်ပြထားခဲ့တဲ့ CDC ရဲ့ Recommended prophylaxis အနေနဲ့ပါတဲ့ ဒုတိယဆေး
👉 (၂) Doxycycline 100 mg ကို ဌက်ဖျားရှိတဲ့နေရာမသွားခင် ၁ရက် သို့မဟုတ် ၂ရက် မတိုင်ခင်က စပြီး တစ်နေ့တစ်လုံး သောက်ပြီး အဲ့နေရာကပြန်ရောက်ပြီး ၄ ပတ်ပြည့်တဲ့အထိသောက်ဖို့လိုပါမယ်။
အရေးကြီးဆုံးကတော့ ကာကွယ်တာထက် ဌက်ဖျားဖြစ်ပီ ချမ်းတုန်ဖျားပြီလို့ သံသယရှိပါက နီးစပ်ရာတတ်ကျွမ်းတဲ့သူဆီကနေ အချိန်မနှောင်းခင် ချက်ချင်း (ချက်ချင်း) ဆေးကုသမှု ခံယူဖို့ကအရေးအကြီးဆုံးဖြစ်ပါတယ်။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor #Dr_Thurein_ဆေး(၁)