Screen Time


နေပူ ခေါင်းကိုက်ရတဲ့ ကြားထဲ Computer, Laptop, Phone တွေ နဲ့ တစ်ချိန်လုံး အလုပ်လုပ်နေရလို့ ဇက်ကြော‌တွေကပါ တက်လာပြန်ပြီ။ ဒီလို တစ်ချိန်လုံးဖြစ်နေရင် ခက်ရချည့်ရဲ့။အကြောတွေကလဲတက် ပျို့ချင် အန်ချင်စိတ်တွေကလဲဖြစ်နဲ့ တော်တော်ကို အဆင်မပြေပါဘူး။ ဒါတွေဟာ ကိုယ်တစ်ယောက်ထဲ ဖြစ်နေတာမဟုတ်ဘဲ ခေတ်ကာလအရ လူအများစုကြုံတွေ့နေရတဲ့ ပြဿနာဆိုလဲ မမှားပါဘူး။ဒီလို ဇက်ကြောတွေ တက်လိုက် ထိုင်ရပါများလို့ ခါးနာလိုက် ၊ ဝိတ်တွေ တက်လာလို့ ဝိတ်ပိပြီး ဒူး‌တွေနာလိုက်နဲ့ တစ်ခုပြီး တစ်ခု ဖြစ်နေရတာမရိုးရပါဘူး။ကြာတော့လဲ စိတ်ရှုပ်ကြရတာပေါ့နော် လူတိုင်းက 𝐻𝑒𝒶𝓁𝓉𝒽𝓎 𝒜𝓃𝒹 𝐻𝒶𝓅𝓅𝓎 𝐿𝒾𝒻𝑒 ကိုပဲ လိုချင်ကြတာမလား။

ဒါဆို 𝐻𝑒𝒶𝓁𝓉𝒽𝓎 𝐿𝒾𝒻𝑒 ရအောင် ဇက်ကြောမတက် ဒူးနာ ခါးနာမဖြစ်အောင် ဘယ်လိုနေကြမလဲ?
✓Social Media ပေါ်မှာ အချိန်ကုန်နေခြင်းကို လျှော့ချပါ။
✓အရိုးအဆစ်သန်မာကောင်းမွန်အောင်  အရိုးအားဆေးသောက်ပါ။
✓ဒူးနာ ခါးနာနဲ့ ဇက်ကြောတက်တာတွေ ပြေလျော့အောင် Glucosamine, Chondroitin, MSM နဲ့ Hyaluronic acid ပါဝင်တဲ့ Triflex လိုအားဆေးမျိုးသောက်သုံးပေးနိုင်ပါတယ်။✓ရေများများ သောက်ပါ။
✓Body Weightထိန်းပါ။
✓အ‌ရိုးအဆစ်သန်မာစေရန်နဲ့ အညောင်းအညာပြေစေဖို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
✓Stress လျှော့ချဖို့လဲ လိုပါတယ်။
✓အာဟာရပြည့်ဝအောင် နဲ့  Vitamin စုံအောင် စားဖို့ကိုလည်း မမေ့သင့်ပါ။
✓အရိုးအတွက်အရေးပါတဲ့ Vitamin D ရဖို့ မနက်အစော နေရောင် (သို့) ညနေ နေရောင်နဲ့ ထိတွေ့ပေးပါ။
✓Magnesium , Calcium စတဲ့ ဓါတ်တွေလဲ Balance ဖြစ်နေဖို့လိုပါတယ်။
✓အလေး အပင်တွေ မတာ ရှောင်ပါ။✓ချော်မလဲကျစေဖို့ကိုလဲ သတိပြုပါ။
✓အိပ်ရေး ဝဝအိပ်ပါ။
✓ဇက်ကြောတက်လို့ဆိုပြီး နှိပ်နယ်တာတွေကို ရှောင်ပါ။
✓အကြောတက်စာတွေရှောင်ပါ။(မျှစ်ချဉ် ၊ ကြက်ဟင်းခါးသီး၊ တမာရွက် စသည်)
✓မျက်မှန်တပ်ထားလျှင် ပါဝါ မကြာခဏစစ်ပေးပါ။
✓Screen Time နဲ့ထိ‌‌တွေ့နေချိန်တွေမှာ နာရီဝက်တစ်ခါ အစိမ်းရောင်ရှိတဲ့ အရာမျိုးတွေကို ကြည့်ပေးပါ။ ခေါင်းလေ့ကျင့်ခန်းလုပ်ပါ။ ဒါလေးတွေလိုက်နာမယ်ဆိုရင်တော့ အမြဲ ဇက်ကြောတက်နေတဲ့ ပြဿနာကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
#GNCTriFlex
#Vitamin_D
#Dr_John(ဆေး-၂)

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…