မတ်တပ်ရပ် ရေသောက်ခြင်းရဲ့ ဆိုးကျိုး (၅) ချက်

မတ်တပ်ရပ်ရင်း ရေမသောက်နဲ့လို့ လူကြီးတွေ ဆုံးမလေ့ရှိတာကို ကြားဖူးကြမှာပါ။ ဘယ်လို ဆိုးကျိုးတွေကြောင့်ဖြစ်မလဲ ❓ဆိုးကျိုးတွေထဲကမှ ၅ခု အကြောင်းကို ပြောပြပေးပါမယ်။
၁၊ အဆစ်အမြစ် ယောင်ရမ်းခြင်းကို ဖြစ်စေတယ်။ မတ်တပ်ရပ်ပြီး ရေသောက်တဲ့အခါ ရေဟာ ခန္ဓာကိုယ်ထဲကို လျင်လျင်မြန်မြန် ဝင်ရောက်သွားပြီး အရိုးအဆစ်တွေကြားမှာ ရေစု သွားစေတဲ့အတွက် အဆစ်ယောင်တာ ကိုက်တာမျိူး ဖြစ်တတ်ပါတယ်။

၂၊ အစာမကြေခြင်းကို ဖြစ်စေတယ်။ မတ်တပ်ရပ်နေပြီး ရေသောက်တဲ့အခါ လူ့ခန္ဓာကိုယ်ဟာ တောင့်တင်းနေပါတယ်၊ လုံလောက်တဲ့ စုပ်ယူချိန်မရတဲ့ အတွက် အစာမကြေ ရင်ကယ်ခြင်းကို ဖြစ်စေပါတယ်။

၃၊ ရေသောက်ပေမယ့် ရေငတ်မပြေစေဘူး။ ရေအရမ်းငတ်နေတဲ့ အချိန် မတ်တပ်ရပ်ပြီး ရေကို အငမ်းမရသောက်လိုက်ပေမယ့် ရေငတ်ကတော့ သိသိသာသာမပြေသွားတာမျိုးဖြစ်ပါတယ်။

၄၊ ကျောက်ကပ်ရဲ့ လုပ်ငန်းကို ထိခိုက်စေတယ်။ မတ်တပ်ရပ်ရင်း ရေသောက်လိုက်တဲ့ အခါ ကျောက်ကပ်ကနေ ရေကို စစ်ထုတ်နိုင်စွမ်းကျဆင်းသွားပါတယ်၊ ရေကနေ ရနိုင်တဲ့ အာဟာရတွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ခြင်းလည်း မရှိဘူး ဖြစ်သွားပါတယ်။

၅၊ ရင်ပူစေတယ်၊ အစာအိမ်နဲ့ပတ်သတ်တဲ့ပြသနာတွေ ဖြစ်စေတယ်။ မတ်တပ်ရေသောက်လိုက်တဲ့အခါ အစာရေမြိုပြွန် Oesophagus ဟာ ဖိအားကိုခံစားရတဲ့ အတွက် အစာအိမ်နဲ့သူနဲ့ကို ဆက်ထားတဲ့ နေရာမှာ ထိခိုက်မှုတွေဖြစ်စေပါတယ်။

📌မတ်တပ်ရပ်ပြီးသောက်ရင် ခံရတဲ့ ဆိုးကျိုးတွေ သိပြီးရင် ဘယ်လိုပုံစံနဲ့ ရေကိုသောက်ရမလဲ??
ရေသောက်မယ်ဆိုရင် ထိုင်ပြီး သောက်ပါ၊ ဖြေးဖြေးချင်းသောက်ပါ၊ တစ်ရက်ကို အမျိုးသား 4L ခန့်၊ အမျိုးသမီး 3L ခန့် သောက်ပေးသင့်ပါတယ်။
#myDoctor
#Dr_John(UM-2)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…