Fetal Kick
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

👶 ကလေးလှုပ်တာ မှတ်သားစရာ

1 Mins read


ဒီဆောင်းပါးမှာတော့ မေမေတို့သိသင့်တဲ့ ကလေးလှုပ်ခြင်းအကြောင်းကို အမေးအဖြေလေးတွေနဲ့ ရေးသားပေးသွားမှာဖြစ်ပါတယ်။
*Fetal kick counting/ကလေးလှုပ်တာကိုမှတ်ရမယ် ဆိုတာဘာလဲ ❓
ကလေးလှုပ်ခြင်းကို မှတ်တာဟာ အသက်မပါတဲ့ကလေး (Still birth) တွေမွေးခြင်းကို ကာကွယ်တဲ့နည်းတစ်မျိုးပါပဲ။ ကိုယ်ဝန် ၂၈ပတ်ကနေ ကလေးမွေးတဲ့အထိ ကြားထဲမှာ နေ့စဉ်ကလေးလှုပ်ရှားမှုကို မှတ်သားထားရပါတယ်။ ပုံမှန်လိုလှုပ်ရှားမှုမရှိတော့ဘူးဆိုရင် ဆေးရုံ၊ဆေးခန်းအမြန်ဆုံးသွားရောက်ရပါတယ်။


*ကလေးလှုပ်ခြင်းကို မှတ်သားတာဟာ ဘာကြောင့် အရေးကြီးတာလဲ ❓
ကလေးလှုပ်တာ ပုံမှန်မဟုတ်ခြင်းဟာ ကိုယ်ဝန်နှစ်ဆယ့်ရှစ်ပတ်နောက်ပိုင်းမှာဖြစ်တတ်တဲ့ Fetal Distress (ကလေးမွန်းခြင်း)အခြေအနေရဲ့ အစောပိုင်းလက္ခဏာတစ်ခုဖြစ်နေလို့ပါပဲ။ပုံမှန်မှတ်သားထားရင် မိခင်ဟာ ကလေးပုံမှန်ဟုတ်မဟုတ် သိနေပါတယ်။ တကယ်လို့ ကလေးမလှုပ်တာဆိုရင်လည်း ပုံမှန်မှတ်သားထားတဲ့မိခင်က တန်းသိပါတယ်။


*ကလေးကအမြဲလှုပ်နေတာဆိုရင်ရော မှတ်ဖို့လိုသလား ❓
အမြဲတမ်းလှုပ်ရှားတက်ကြွပြီး ဗိုက်ကိုကန်နေတတ်တဲ့ ရင်သွေးလေးတွေကို လွယ်ထားရတဲ့ မေမေတွေလည်းရှိပါတယ်။ အဲလိုမေမေတွေကလည်း ကလေးဟာ အမြဲလှုပ်နေတတ်တာပဲဆိုပြီး ပေါ့ဆလို့မရပါဘူး။ Active baby ဟာလည်း Distress ရနိုင်ပါတယ်။ ဒီလိုပုံမှန်မှတ်သားမှသာ အမြဲတက်ကြွနေတဲ့ရင်သွေးလေး မတော်မဆနှေးကွေးနေတဲ့အခါ သတိပြုနိုင်မှာပါ။


*Fetal kick count ကိုဘယ်လိုမှတ်ရမလဲ ❓
ကလေးလှုပ်ခြင်းကို မှတ်တဲ့နည်းလမ်းတွေမျိုးစုံရှိကြပါတယ်။ ခုကတော့ Count to Ten ဆိုတဲ့ Method လေးကိုဖော်ပြပေးချင်ပါတယ်။
(၁)တစ်နေ့ကိုတစ်ကြိမ်မှတ်ရမှာဖြစ်ပါတယ်။ ညနေစာစားပြီး ညနေဘက်စောစောအချိန်ဟာ ကလေးတွေ active ဖြစ်တတ်လို့ သင့်လျော်ပါတယ်။ ဒါပေမယ့် ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြလို့ ကိုယ့်ရဲ့ကလေးလေး ဘယ်ချိန်မှာ အတက်ကြွဆုံးလဲဆိုတာ မေမေတို့ကသာအသိဆုံးဖြစ်မှာပါ။ အဲဒီအချိန်ကိုရွေးပြီး နေ့စဉ်အချိန်ကိုပုံမှန်သတ်မှတ်ပြီး မှတ်သားပေးရပါမယ်။
(၂)စာရွက်၊မှတ်ဖို့ ဘောပင်နဲ့ နာရီလိုပါတယ်။
(၃)ဘယ်ဘက်ကိုစောင်းအိပ်ပေးပါ။
(၄)ကလေးလှုပ်ရင်၊ကန်ရင်၊ ခုန်ရင်၊လူးသွားရင် တစ်ခုကြုံတာနဲ့ အမှတ်တစ်မှတ်ခြစ်ပါ။
(၅)ဆယ်ကြိမ်ပြည့်တဲ့အထိမှတ်သားပါ။(၆)စံအနေနဲ့တော့ ဆယ်ကြိမ်ကို နှစ်နာရီအတွင်းပြည့်ရပါတယ်။


*ဘယ်အချိန်မှာ ဆရာဝန်ဆီ အမြန်ဆုံးပြသမလဲ ❓
တစ်နေကုန်ကလေးမလှုပ်ရင်-လေးကြိမ်လှုပ်ဖို့ကို တစ်နာရီမကကြာနေရင်-နှစ်နာရီအတွင်းမှာ ဆယ်ကြိမ်မလှုပ်ခဲ့ရင်-ကလေးလှုပ်တဲ့ပုံစံဟာ တော်တော်ကျဆင်းပြီး ပြောင်းလဲနေရင် ကလေးဟာ ပုံမှန်မဟုတ်ဘဲ တစ်ခုခုနေမကောင်းတာ ငြိမ်နေတာကိုပြသခြင်းဖြစ်နိုင်ပါတယ်။ဒါကြောင့် မေမေတို့အနေနဲ့ ကျန်းမာတဲ့ရင်သွေးလေးကို မွေးဖွားဖို့ သူ့ကိုဂရုတစိုက်နဲ့ စောင့်ကြည့်နေဖို့လည်း လိုအပ်တဲ့အကြောင်း ရေးသားလိုက်ရပါတယ်။အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

#myDoctor#မောင်(ဆေး-၁)

MyDoctor Telemedicine Application
Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

🤷 လွဲမှားနေသော ရှေးရိုးစွဲအယူအဆများနှင့် မမ ဗိုက်များ 🤰

1 Mins read
ကျွန်တော် special talk တွေလိုက်ပြောတိုင်း မေးနေကြမေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မိန်းမတယောက်ရဲ့ အလှဆုံးအချိန်က ဘယ်အချိန်လဲ ဆိုတာပါ။ ဖြေကြပါတယ် ရေချိုးပြီးတဲ့အချိန်၊ အိပ်နေတဲ့အချိန်၊ မင်္ဂလာဆောင်တဲ့အချိန်၊ (တချို့က ပါလိုက်သေးတယ် ရာသီလာတဲ့အချိန်တဲ့ ဟဟ) အမျိုးမျိုးပဲ။ မှန်အောင်ဖြေ နိုင်တဲ့သူ အင်မတန်ရှားပါတယ်။…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

How soon after pregnancy will it appear on the urine HCG test ?

1 Mins read
ကိုယ်ဝန်ရပြီး ဘယ်လောက်အကြာမှာ ဆီးစစ်တံမှာ ပေါ်မလဲ ❓ အမျိုးသမီးတွေကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေဟာ နောက်ပိုင်းမှာလွယ်ကူပြီး ရိုးရှင်းလာသလို မြန်မြန်ဆန်ဆန် လဲ သိနိုင်လာပါတယ်။ ယခင်က ကိုယ်ဝန်ရှိနေမှန်း မသေချာတာ၊ ရာသီမလာတဲ့ လတွေများလာတော့မှ ကိုယ်ဝန်ရှိမှန်းသိနိုင်တဲ့ အခြေအနေကနေ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေးငယ်ဖုန်းသုံးတတ်တာခေတ်မီတာလား

1 Mins read
ကလေးဘဝမှာ ကစားသင့်သလောက်ကစားတာ လှုပ်ရှားတာဟာ ကလေးအတွက် ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ ခန္ဒာကိုယ်ဖွံ့ဖြိုးမှုထောက်ပံ့ပေးသလို ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ကလေးနဲ့ မဆိုင်သေးတဲ့ စမတ်ဖုနး်တွေကို သုံးစွဲမှုများတာက ကလေးအတွက် လှုပ်ရှားမှုတွေကိုလည်း နညး်ပါးသွားစေသလို စိတ်အလိုမကျမှု တွေသာများလာစေပါတယ်။ ကလေးကို ငြိမ်အောင် အမြဲသုံးခိုင်းထားပြီး ပြန်ပြီးလျော့ရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ…

Leave a Reply

Your email address will not be published. Required fields are marked *