Child Tooth
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ “သွား” ကျန်းမာရေး 🦷

1 Mins read

ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ) လောက်ဆို သွားဖုံးတွေယားပြီး ကိုက်ချင်လာတာနဲ့ ငယ်သွားတွေ စထွက်လာရော။

👆 အရင်ဦးဆုံး ထွက်တတ်တာ ကတော့ အောက်ရှေ့သွားလေး (၂-ချောင်း)ပါ။ ပြီးရင် ရှေ့အပေါ် သွားလေး၂-ချောင်း ထွက်လာတတ်တယ်။ ပြီးမှ အဲ့သွားလေးတွေ ဘေးကနေ တဖြည်းဖြည်းချင်း တိုးထွက်လာလိုက်တာ အသက် (၃-နှစ်)လောက်ဆို ငယ်သွား အချောင်း (၂၀) လုံး အစုံထွက်လာပါတယ်။

👦 ကြီးသွား ဘယ်အချိန် လဲသလဆိုတော့ ကလေး အသက် (၆ နှစ်)လောက်ကနေ စပြီး ကြီးသွားလဲဖို့ စတင်တတ်တယ်။ (၁၂-နှစ်)လောက်မှာ လူကြီးသွားတွေနဲ့ စပြီး အစားထိုး နေသင့်ပြီ။

အသက် (၂၀) လောက်ဆိုရင်တော့ ငယ်သွားတွေ အကုန်လုံးကို လူကြီးသွား (၃၂ – ချောင်း) နဲ့ အစားထိုးပြီး သွား ဖြစ်သွားပါတယ်။ တချို့မှာတော့ ငယ်သွားမလဲပဲ ကျန်နေတတ်တာ မျိုးတွေ ရှိတယ်။ (Retained Primary Teeth လို့ခေါ်တယ်။

အဲ့တော့ ကလေး သွားကျန်းမာရေးအတွက် ဘာတွေ ဂရုစိုက်ပေးဖို့ လိုလဲ ဆိုတော့ –

သွား စပေါက်ချိန်ကနေ စပြီး ကလေး သွားဖုံးကိုတိုက်တဲ့ (Baby Gum Wipes) လေးတွေသုံးပြီးတော့ ဖြစ်ဖြစ်၊ အဝတ်ပါးလေးကို ရေသန့်လေးဆွတ်ပြီး တနေ့ (၂-ခါ )ပွတ်တိုက်ပေးခြင်းဖြင့် သန့်ရှင်း ပေးနိုင်တယ်။ ဒီလို လုပ်ပေးခြင်း အားဖြင့် သွားတိုက်တံနဲ့ တိုက်ပေးတဲ့အခါ ကျင့်သားရသွားမှာဖြစ်တယ်။

🦷 အသက် (၂-နှစ်အောက်)အထိ သတ်မှတ်ပြီး ထုတ်ထားတဲ့ သွားတိုက်တံလေးတွေ ရှိတယ်။ ရေသန့် လေးနဲ့ပဲ သွားလေးတွေကို တစ်နေ့ (၂-ခါ) ပွတ်တိုက်ပေးပါ။ အသက် (၁-နှစ်ခွဲ ~ ၂-နှစ်) လောက်မှသာ သွားတိုက်ဆေးကို စအသုံးပြုသင့်ပါတယ်။

🪥 သွားပေါက်ချင်တဲ့ အခါ ကလေးလေးတွေ သွာဖုံးတွေ ယားပြီး လက်လှမ်းမှီရာ ယူကိုက်ချင်တတ်ကြတယ်။ ကလေးတွက် Pacifier လေးပဲဖြစ်ဖြစ်၊ ရေပါတဲ့ ကိုက်တုံးလေးတွေ သာပေးကိုက်ပါ။ အမာတွေကိုက်ရင် သွားလေးတွေ မညီတာ၊ ပဲ့ထွက်တာတွေ ဖြစ်သွားနိုင်ပါတယ်။

🍼 နောက်ပြီး နို့ဗူး ငုံပြီး ပေးမအိပ်ပါနဲ့။ နို့ရည်တွေ ပါးချောင်ထဲ ငုံထားမိရင် သွားပိုး စားနိုင်ပါတယ်။ ငယ်သွားလေးတွေဟာ အချိန်တန် လဲမှာပဲဆိုပြီး ဂရုမစိုက်ပဲ နေလို့ဘူးဆိုတာလေး အကြံပေး ချင်ပါတယ်။

ချစ်ရတဲ့ ရင်သွေးလေးတွေရဲ့ သွားလေးများ ပုလဲလုံးလေးများလို အစဉ်လှပနိုင်ပါစေ

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”

#myDoctor #Dr_KyawYe_ဆေး(၁)

MyDoctor Telemedicine Application
Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *