Pelvic Inflammatory
Uncategorized

👧 Pelvic Inflammatory

1 Mins read

👧 အမျိုးသမီးနှင့် မီးယပ်ရောဂါ~~
အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ ဆီးပူဆီးကျင်တာ ၊ မိန်းမကိုယ်ကနေ အဖြူဆင်းတာ၊ ရာသီချိန် မဟုတ်ဘဲ သွေးပေါ်တာ၊ ဆီးစပ်အောင့်တာ၊ ဗိုက်အောင့်တာ စသဖြင့် ကြုံလေ့ရှိကြပါတယ်။ အဲဒါဟာ မျိုးပွားအင်္ဂါကနေတစ်ဆင့် ရောဂါပိုးဝင်ကူးစက်တဲ့ Pelvic Inflammatory Disease လို့ခေါ်တဲ့မီးယပ်ရောဂါတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။
အမျိုးသမီးတွေမှာ PID ရောဂါဟာ အဖြစ်များကြပါတယ်။ Gonorrhoea , Chlamydia စတဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါပိုးရဲ့ နောက်ဆက်တွဲကြောင့်လည်း PID ဖြစ်စေနိုင်သလို၊ လိင်ကြောင့်ကူးစက်တာမဟုတ်ဘဲလည်း PID ရောဂါဖြစ်နိုင်ပါတယ်။


📌PID ရောဂါပို ဖြစ်နိုင်နိုင်ချေ ရှိတဲ့အကြောင်းအရာ အချက်အလက် တွေကိုပြောပြချင်ပါတယ်။
(၁) အရင်တုန်းက လိင်ကြောင့် ကူးစက်တဲ့ရောဂါ (ဥပမာ ဂနိုရောဂါ)များဖြစ်ဖူးတဲ့သူ
(၂) လိင် ဆက်ဆံဖက် တစ်ဦးထက်ပိုတဲ့သူမိမိဟာ အိမ်ထောင်ဖက် တစ်နည်းအားဖြင့် လိင်ဆက်ဆံဖက် တစ်ဦးသာရှိပေမယ့်လည်း မိမိရဲ့အဖော်ဟာ တစ်ဦးထက်ပိုတဲ့ လိင်ဆက်ဆံဖက် ရှိနေမယ်ဆိုရင် မိမိမှာရောဂါ ဖြစ်နိုင်ချေရှိပါတယ်။
(၃) အရင်အချိန်ကတည်းကပင် မီးယပ်ရောဂါ ဖြစ်ဖူးသူ
(၄) အရွယ် ရောက်ပြီးသူ၊ အသက်နှစ်ဆယ့်ငါးနှစ် နှင့် နှစ်ဆယ့်ငါးနှစ်အောက် အမျိုးသမီးများ
(၅) သားအိမ်တွင်းသို့ သန္ဓေတားပစ္စည်းထည့်ဖူးသူအိမ်ထောင်ရှင်အမျိုးသမီးများ ( ပစ္စည်းထည့်ပြီး ပထမသုံးပတ်အတွင်းမှာဖြစ်တတ်ပြီး ဖြစ်နိုင်ချေကတော့နည်းပါးပါတယ်)
(၆) မိန်းမကိုယ်အင်္ဂါအတွင်းသို့ ရေပန်း ပြွတ် စသည့်အရာများထည့်၍ဆေးကြောတတ်သူများဟာလည်း PID ရောဂါဖြစ်နိုင်ချေပိုများကြပါတယ်။
📌ရောဂါဖြစ်နေပြီဆိုတာကို ဘယ်လိုလက္ခဏာတွေနဲ့သိရှိနိုင်မလဲ?
အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ်ယောက်ဟာ အဖျားတက်လာခြင်း၊ ဗိုက်အောက်ပိုင်း သို့မဟုတ် ဆီးစပ်ကိုက်ခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ အနံ့နံခြင်း၊ ဆီးပူ ဆီးအောင့် ဆီးကျင်ခြင်း၊ ပင်ပန်း နွမ်းနယ်နေခြင်းနှင့် လိင်ဆက်ဆံရာတွင် နာကျင်လာခြင်းတို့ဟာ ကာယကံ ရှင်ကိုယ်တိုင် သိသာစေတဲ့ လက္ခဏာတွေဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာတော့ ရောဂါလက္ခဏာတွေဟာ ပြင်းထန်လာတတ်ပါတယ်။ ဗိုက် အလွန်အမင်းအောင့်ခြင်း၊ အော့အန်ခြင်း ၊ သတိလစ်သွားခြင်း နဲ့ အဖျားကြီးခြင်း (အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်ကျော်ခြင်း) တို့ဟာ ပြင်းထန်တဲ့ရောဂါ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ဖြစ်မယ်ဆိုရင်တော့ အရေးပေါ် ဆေးကုသမှုဌာနကို အမြန်ဆုံး သွားသင့်ပါတယ်။ ပိုးမွှားကူးစက်မှုဟာ သွေးကြောကနေတစ်ဆင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားနိုင်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။

📌ဘယ်လို ကုသကြမလဲ ❓
အမျိုးသမီးတွေမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ပြသလာမယ်ဆိုရင် ဆရာဝန်နဲ့ပြသပြီးဆေးကုသမှုခံယူသင့်ပါတယ်။ ဒီရောဂါဟာ ကုသပျောက်ကင်းလွယ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ ပဋိဇီဝပိုးသတ်ဆေးတွေကို သောက်သုံးသင့်ပြီး ဆေးသောက်ပြီဆိုတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ ရက်ပြည့်အောင်သောက်သုံးရပါမယ်။
လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါကြောင့် PID ရောဂါဖြစ်သည်ဆိုလျှင်တော့ မိမိရဲ့အိမ်ထောင်ဖက်ကပါဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။
ကုသလွယ်တဲ့ ဒီမီးယပ်ရောဂါကို မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာပါလိမ့်မယ်။


📌ကာလရှည်ကြာ နာကျင်ကိုက်ခဲမှုခံစားရနိုင်ခြင်း
သားဥပြွန်အတွင်းနဲ့အပြင်မှာ scar tissue လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ တစ်ရှူးစတွေဖြစ်လာပြီး သားဥပြွန်ကိုပိတ်သွားစေနိုင်ပါတယ်။နေရာလွဲမှားသန္ဓေတည်ခြင်း (သားအိမ်မှာ သန္ဓေသားဖြစ်တည်ရမယ့်အစား သားအိမ်ပြင်ပအခြားနေရာတွေမှာ သန္ဓေသားတည်တာမျိုးဖြစ်တတ်ပါတယ်)ကလေးမရနိုင်တော့ခြင်းစတဲ့ဆိုးကျိူးတွေဖြစ်စေနိုင်ပါတယ်။


📌အမျိုးသမီးတွေမှာ အဖြစ်များတယ် ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုသော်လည်း ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားလည်းရှိတဲ့အတွက် မဖြစ်ခင်မှာကြိုတင်ကာကွယ်တာပိုမိုကောင်းမွန်ပါတယ်။
အိမ်ထောင်ဖက် အပေါ် သစ္စာရှိခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားပြုလုပ်ခြင်းဟာအင်မတန်အရေးကြီးပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုတဲ့နေရာမှာလည်း မလိုအပ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်းအထိ ပစ္စည်းများထည့်သွင်းဆေးကြောခြင်း ကိုရှောင်ကြဉ်သင့်ပါတယ်။
ခန္ဓာကိုယ်အောက်ပိုင်းကိုဆေးကြောရာမှာလည်း အနောက်မှ ရှေ့သို့ ဦးတည်ပြီးဆေးကြောပေးသင့်ပါတယ်။ ဒါမှသာ စအိုမှအညစ်အကြေးတွေဟာ မိန်းမကိုယ်ဆီ ဦးတည်ပြီး မရောက်လာမှာဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ မိန်းမသားဘဝကိုပိုင်ဆိုင်နိုင်ဖို့အတွက် Pelvic Inflammatory Disease လို့ခေါ်တဲ့ မီးယပ်ရောဂါတစ်မျိုးရဲ့ ဆောင်ရန် ရှောင်ရန်အချက်အလက်များကို ဝေမျှလိုက်ရပါတယ်။


“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDcotor နှင့်ဆက်သွယ်ပေး”

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…