👀မျက်လုံးပါဝါကျစေဖို့👁️
မျက်မှန်ပါဝါကတော့လေ အတက်ကြီးပဲ။ အခုခေတ် ကုန်ဈေးနှုန်းအတိုင်းပဲ ကျတယ်ကို မရှိဘူး ဆိုတဲ့ သူတွေ အတွက် ဒီ စာစုလေးကို စီစဉ်ရခြင်း ဖြစ်ပါတယ်။
မျက်မှန် တက်ရတဲ့ သူတော်တော်များများဟာ ကိုယ့် မျက်မှန် ပါဝါကို ပြန်ပြန်စစ်ရကောင်းမှန်း မသိကြပါဘူး။ မျက်မှန် တက်နေရင် ရပြီဆိုပြီး ထင်နေတတ်ကြပါတယ်။ အမှန်တကယ်ကတော့ မျက်မှန် တပ်ဆင်ထားတဲ့ သူတိုင်းဟာ ကိုယ့်မျက်မှန် ပါဝါကို စနစ်တကျ စစ်ဆေးမှုမျိုး အနည်းဆုံး 6လ တစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။
မျက်မှန်ပါဝါ အတိုးအလျော့ကို သိနိုင်တဲ့ လက္ခဏာတွေကတော့
👉ခေါင်းကိုက်ခြင်း
👉မူးဝေခြင်း
👉ဇာတ်ကြောတက်ခြင်း
👉မျက်လုံး စွေခြင်း
👉နှစ်ထပ် မြင်ခြင်း
👉အမြင် ဝေဝါးခြင်း
👉မျက်လုံးအောင့်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
သိထားရမယ့်မျက်လုံးပါဝါ အကြောင်းလေးလည်း ရှင်းပြချင်ပါသေးတယ်။ လက္ခဏာ နှစ်ခု Unit တစ်ခုရှိပါတယ်။
အပေါင်း(+) အနုတ် (-) D ( Diopter ) ပဲဖြစ်ပါတယ်။
ပုံမှန် ဆိုရင်(+) ကတော့ Farsighted (အနီးမှုန်) ဖြစ်ပြီး (-)ကတော့ nearsighted (အဝေးမှုန်) ပဲဖြစ်ပါတယ်။ Diopter ကတော့ Len’s power ရဲ့ unit တစ်ခုပဲ ဖြစ်ပါတယ်။
CYL လို ခေါ်များတဲ့ cylinder ဆိုတာကတော့ မျက်စိ ဆုံချက် မညီတဲ့ သူတွေမှာ ထည့်ရတာ ဖြစ်ပြီး အလွယ် ပြောရရင် မျက်လုံး မညီတဲ့သူ စောင်းတဲ့ သူတွေ ထည့်ရတာ များပါတယ်။ အဓိကပြသနာကတော့ ပုံမှန်မြင်လွှာ (Visual Condition) တွေလို တစ်ညီတစ်ညာထဲ ခုံး (Curved) မနေပဲ တစ်ချိုနေရာမှာ အနည်းငယ် ပြန့်နေတဲ့ အတွက် ပုံမှန် အရွယ်ထက် ရှည်တာ တိုတာတွေ ဖြစ်တတ်လို ပြင်ဆင်တဲ့ အနေနဲ့ ထည့်ရတာပဲဖြစ်ပါတယ်။
နောက်ထပ် မျက်လုံး အတွက် အရေးကြီးတဲ့ အချက်ကတော့ Blue light ပဲ ဖြစ်ပါတယ်။ အများဆုံး တွေ့ရတာကတော့ နေရောင်မှာ ဖြစ်ပြီး မိမိတို့နေ့တဓူဝ သုံးစွဲနေတဲ့ Laptop, Telephone 📱,TV တွေကလည်း ထွက်ပါတယ်။ Blue light များများ ဝင်တဲ့ မျက်လုံးဟာ မြန်မြန်ပျက်ဖို ဦးတည်နေပါတယ်။ ဒါကြောင့် TV, laptop, phone တွေ အသုံးပြုတဲ့ အခါ Blue light ကို စစ်ပြီး ဟန့်တားပေးနိုင်တဲ့ မျက်မှန် အမျိုးအစားကို အသုံးပြုသင့်ပါတယ်။
မျက်မှန် ပါဝါကို သဘာဝကျကျ လျော့ချနိုင်မယ့် နည်းလမ်းလေးတွေကတော့
💪သင့်တင့် မျှတသောအစားအစာကို စားသုံးခြင်း
💪Vitamin A ကြွယ်ဝသော အစားများစားပေးခြင်း
💪လုံလောက်စွာအိပ်စက်ခြင်း (6~8hr parday)
💪နေပူထဲ သွားသောအခါ နေကာမျက်မှန်တပ်ဆင်ခြင်း
💪Screen time တက်နိုင်သေလာက် လျှော့ချခြင်း
💪မျက်လုံးပါဝါ စစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်း
💪မိမိနှင့်သင့်တော်သော ပါဝါကို အသုံးပြုခြင်း
💪တတ်နိုင်သလောက် မျက်စိကို အနားပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
⚡️စက္ခု့နှစ်ကွင်း အမြင်မကင်းသွားစေဖို ဂရုစိုက်ကြပါစို့⚡️
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor
#EMKS