Voltex
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

🏃‍♀️အားကစား လုပ်ပြီးတိုင်း နာကျင်မှု လျော့နည်းအောင်

1 Mins read


” NO PAIN ~ NO GAIN ” ဆိုသလို
ကိုယ်လိုချင်တဲ့ Goal ရောက်အောင် ဖြစ်စေ ကျန်းမာရေးလိုက်စားချင်လို့ဖြစ်စေ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ကြပါတယ်။ Gym ဆော့ချိန် Weight တုံးမချိန်,ပြေးလွှားချိန်, Basketball, Baseball စတဲ့ အားကစားတွေကို ပြင်းပြင်းထန်ထန် လုပ်ပြီးချိန်တွေမှာ ဆိုရင် muscle လို့ ခေါ်တဲ့ ကြွက်သားတွေ တောင့်တင်း နာကျင်ပြီး ကျန်နေခဲ့တတ်ကြပါတယ်။

အလေ့အကျင့် ရှိပြီးသားသူတွေ အနေနဲ့ ဘာမှ မဖြစ်ပေမယ့် ခုမှ စတဲ့ လူတွေအတွက် စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကြရပါတယ်။ နောက်ရက်တွေမှာ လေ့ကျင့်ခန်း လုပ်ချင်စိတ်တွေ ပျောက်ပြီး နာကျင်တဲ့ဝေဒနာတွေပဲ စိုးမိုးနေတော့ ဘာဆက်လုပ်ရမှန်းမသိ လမ်းပျောက်ပြီး ဆက်မလုပ်ဖြစ်တော့တာတွေ ကိုယ်လိုချင်တဲ့ ပန်းတိုင် မရောက်နိုင်တာတွေဖြစ်ရပါတယ်။ ဒီလို အားကစားတွေလုပ်ပြီးတိုင်း အထိမခံနိုင်လောက်အောင် နာကျင်ကျန်နေခဲ့တဲ့ ကြွက်သားတွေကို နာကျင်မှုလျော့နည်းအောင် လုပ်ပေးလို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

📌-အကိုက်အခဲပျောက်ဆေးလိမ်းပေးခြင်း

တစ်ကူး တစ်ကနဲ့ အကိုက်အခဲပျောက်ဆေးကို မသောက်ချင်သူတွေ အနေနဲ့ရော အကိုက်အခဲပျောက်ဆေးသောက်လို့ အစာအိမ်ထိမှာ ကြောက်တတ်သူတွေအတွက်ရောသင့်တော်ပါတယ်။နာကျင်တောင့်ခဲနေတဲ့ ကြွက်သားတွေပေါ်မှာ နာကျင်ကိုက်ခဲမှုတွေကို ပြေလျော့စေတဲ့ Voltex လိမ်းဆေးမျိုး လိမ်းပေးလို့ရပါတယ်။ လွယ်ကူစွာ လိမ်းနိုင်ပြီး လိမ်းပြီး မကြာခင်မှာ ဆေးအာနိသင်ရရှိတာကြောင့် ကြွက်သားတွေ ပြေလျော့ပြီး နာကျင်တာ သက်သာလာမှာဖြစ်ပါတယ်။ ဒါကြောင့် နောက်ရက်မှာ ဘာမှမဖြစ်သလို ပေါ့ပါးစွာနဲ့ လေ့ကျင့်ခန်းတွေ ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။

📌- ရေချိုးခြင်း ထုံထိုင်း ညောင်းကိုက်နေတဲ့ချိန် ရေချိုးချလိုက်ရင် ပေါ့ပါးလန်းဆန်းတာကို သိရှိပြီးဖြစ်မှာပါ။

မနက်အိပ်ယာထ တစ်ကြိမ် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် ရေချိုးပေးခြင်းဟာဆိုရင် တစ်နေ့တာပင်ပန်းသမျှ နာကျင်သမျှတွေ ကို သက်သာပြေလျော့စေမှာ အမှန်ဖြစ်ပါတယ်။ ရေချိုးလိုက်ခြင်းအားဖြင့် သွေးလည်ပတ်မှု သွေးစီးဆင်းမှု ကောင်းမွန်လာပြီး တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ဒါကြောင့် ရေချိုးဖို့လဲ မမေ့ပါနဲ့။


📌-Yoga လုပ်ခြင်း ဟုတ်ပါတယ်။

Yoga လုပ်ခိုင်းတာပါ ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ အကြောလျှော့ လေ့ကျင့်ခန်းဖြစ်တဲ့ yoga ကို ပြုလုပ်ပေးမှသာ အပြင်းအထန်လေ့ကျင့်ခဲ့သမျှ တောင့်နေတဲ့ ကြွက်သားတွေကို ပြေလျော့စေမှာပဲဖြစ်ပါတယ်။ Yoga ကို လုပ်ရမှန်းတော့သိတယ် တစ်ခါတစ်လေ ပြေးလွှားတာမျိုးသာ လုပ်ပြီး Gym မှာမဟုတ်တဲ့အချိန်ဆို Yoga မလုပ်ဖြစ်ကြပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း yoga လုပ်ဖို့ကိုလဲ မမေ့သင့်ပါဘူးနော်။

View Post


📌-ရေများများသောက်ပါ။

ရေဟာ ဆေးပါပဲ။ ရေများများသောက်ခြင်းအားဖြင့် သွေးစီးဆင်းမှု Blood Circulation ကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်တာကြောင့် ကြွက်သားတွေပြေလျော့စေရုံသာမက စိတ်ဖိစီးမှုကိုလဲ လျော့ကျစေမှာဖြစ်ပါတယ်။ ပျမ်းမျှ တစ်နေ့ (2-3 Liters) ဝင်အောင်သောက်ပေးသင့်ပါတယ်။
အားကစားတွေ လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်းမှာ အပေါ်ကအချက်လေးတွေကို လုပ်ပေးခြင်းဟာဆိုရင် နာကျင်တာတွေကို သက်သာစေမှာဖြစ်ပြီး နောက်ရက်တွေမှာ လေ့ကျင့်ခန်းတွေဆက်လုပ်ဖို့ပါ အားပြည့်လန်းဆန်းနေမှာဖြစ်ပါတယ်။


#Voltex
#DKSH
#myDoctor

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…