Morning Running
ကျန်းမာရေး( က-အ )နေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

❄ ဆောင်းတွင်း မနက်ခင်း Jogging လုပ်တော့မယ်ဆိုလျှင် 🏃‍♀️

1 Mins read

❄ ဆောင်းတွင်း မနက်ခင်း Jogging လုပ်တော့မယ်ဆိုလျှင် 🏃‍♀️
🌅 မနက်ခင်းစပြေးတော့မယ်လို့ စပြီးတွေးမိယုံနဲ့တင် အပြေးသမားတစ်ယောက်လို အားထက်သန်မှုအပြည့်နဲ့ စတင်ကြပါတယ်။ အခုမှစပြေးဖို့စဉ်းစားသူပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် ဝိတ်ကျချင်လို့၊ ပိုပြီးကျန်းမာချင်လို့ အလွယ်တကူလိုက်လုပ်နိုင်တာဆိုလို့ ပြေးတာ လမ်းလျှောက်တာ တခြားအားကစားတွေ များစွာရှိတဲ့ အနက်မှ အနှေးပြေးခြင်းလို့ လူသိများတဲ့ (Jogging) ကိုပြုလုပ်လာကြပါတယ်။ဒီတော့ Jogging မလုပ်ခင်ဘာတွေသိသင့်လဲ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

📌အပြေးဖိနပ် တစ်စုံ
ပြေးတယ်ဆိုတာ အပြေးစက်တွေ၊ လမ်းလျှောက်စက်တွေ ဈေးကြီးပေးပြီးမှ လုပ်လို့ရတဲ့ အားကစား မဟုတ်တဲ့အတွက် အပြင်( outdoor) အားကစားလုပ်မယ်ဆိုတာနဲ့ သက်တောင့်၊ သက်သာဖြစ်စေမယ့် Running Shoe တစ်စုံကိုတော့ ရှိရပါမယ်နော်။

📌ရာသီဥတု (အချိန်နဲ့ နေရာ)
လေ့လာတွေ့ရှိချက်တွေအရ မနက်ခင်းနဲ့ ညခင်းအချိန်တွေမှာ လေ့ကျင့်ခန်းလုပ်ရတာကို ပိုနှစ်သက်ကြပါတယ် အကြောင်းရင်းအနေနဲ့ကတော့ (လေကောင်းလေသန့်၊ လူသူမထူထပ်လို့၊ အချိန်ပိုပေးနိုင်လို့၊ နေရောင်ခြည်တိုက်ရိုက်မထိတဲ့အတွက် အပူချိန် သိပ်မခံစားရလို့) အစရှိတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

📌Indoor လို့ခေါ်တဲ့ အိမ်တွင်း(သို့) အားကစားခန်းမ Gym
Indoor sport စတော့မယ်ဆိုတာနဲ့ ပုံမှန်အဖြစ်များတက်တာက သွေးပူလေ့ကျင့်ခန်း မလုပ်ပဲတန်းပြီး ပြေးတက်ကြပါတယ် အဲ့ဒီ့တော့ အချိန်တွေကိုလိုတာထက်ပိုမိုအားစိုက်ရတဲ့ အတွက် ထိခိုက်ဒဏ်ရာဖြစ်စေတက်ပါတယ် (ဥပမာ ခြေကျင်းဝတ် နာခြင်း၊ အရည်ကြည်ဖုထခြင်း) အစရှိသဖြင့် ဖြစ်ပေါ်စေတက်ပါတယ်။

📌ထိခိုက် ဒဏ်ရာမရအောင် အမြဲသတိထားရမှာက ခန္ဓာကိုယ်ဟာ စက်ရုပ်မဟုတ်တဲ့ အတွက် လေ့ကျင့်ခန်းတွေ အားကစားတွေ လုပ်တဲ့အခါ ဖြစ်ပေါ်တက်တဲ့ နာကျင်မှု၊ ကိုက်ခဲမှုတွေကို ခံနိုင်ရည်ရှိရပါမယ်။ပြောင်းလဲလာတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အမြဲသတိထားစောင့်ကြည့်ပြီး လိုအပ်လာလျှင်လည်း သက်ဆိုင်ရာကျန်းမာရေး ဆရာဝန်များထံသို့ တိုင်ပင်ကုသမှုခံယူပါ။
မြန်မာပြည်သူ၊ ပြည်သားများ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေလို့ဆိုတောင်းပါတယ်။

#myDoctor

“တိုင်ပင်ဆွေးနွေးကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”

👉myDoctor Application ရယူရန် >>> https://bit.ly/myDoctorTelemedicineApps <<<

MyDoctor Telemedicine Application
Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
နေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

When should you give your brain a break ?

1 Mins read
🧠 ကျွန်တော်တို့ ခန္တာကိုယ်မှာ တရစပ် မရပ်မနား သေတဲ့အထိ အလုပ်လုပ်ရတဲ့ အကောင်က နှလုံးနဲ့ ဉီးနှောက်ပါပဲ။ လူသေသွားရင် နှလုံးကရပ်သွားပေမယ့် ဉီးနှောက်ကဆက်လုပ်နေရတုန်းပဲ အဲ့တာကြောင့်သေသွားပေမယ့် Brain Wave တွေကျန်နေသေးတယ်ဆိုတာကြားဖူးမှာပါ။ စိတ်ရှုပ်စရာတွေ စိတ်မချမ်းမြေ့စရာသတင်းတွေချည်းပဲ ဆက်တိုက်ကြားလာရတဲ့အခါ လူက လောင်မြိုက်လာတတ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *