Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်… ( ကွန်ဒုံး )

1 Mins read

ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။

(၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ
ကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများကူးစက်ခံရနိုင်ခြေ ပိုများစေပါတယ်။
ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများဖြစ်တဲ့ chlamydia, gonorrhoea, HIV နှင့် syphilis စတဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

အချို့သော လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများ (STIs) ဟာ ချက်ချင်းလက္ခဏာများ မပြနိုင်တာကြောင့် စမ်းသပ်စစ်ဆေး ကြည့်ဖို့ အရေးကြီးပါတယ်။ လိင်ကတစ်ဆင့်ကူးစက်ရောဂါများ (STIs) နှင့် ထိတွေ့မိခြင်း အတွက် စိုးရိမ်စရာရှိပါက ဆေးရုံ ဆေးခန်းတွေမှာ ဆရာဝန်နှင့်ပြပြီး စမ်းသပ်စစ်ဆေးကြည့်နိုင်ပါတယ်။

(၂) မလိုလားအပ်သောကိုယ်ဝန်
တကယ်လို့ သင်ဟာ တခြားသန္ဓေတားနည်းလမ်းတွေကို အသုံးမပြုဘဲ ကွန်ဒုံးတစ်မျိုးတည်းသာ အသုံးပြုပြီး သန္ဓေတားနေသူဖြစ်ပါက ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခြင်းဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ သန္ဓေတားဆေးကို နှစ်ရက်ဆက်တိုက်သောက်ဖို့ လွတ်သွားချိန်မှာ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံမိပါက  ကိုယ်ဝန် ရသွားနိုင်ပါတယ်။ တကယ်လို့ သင်ဟာ သန္ဓေတားဆေးတစ်မျိုးမျိုးကို လောလောဆယ် မသုံးနေပါက မလိုလား အပ်တဲ့ ကိုယ်ဝန်ရခြင်းမှ ကာကွယ်ရန် ကွန်ဒုံးကို အမြဲသုံးသင့်ပါတယ်။

တကယ်လို့ ကွန်ဒုံး မပါဘဲလိင်ဆက်ဆံမိပြီး ကိုယ်ဝန်ရမှာ စိုးရိမ်နေပါက အရေးပေါ်သန္ဓေတားဆေး သောက်သင့် ပါတယ်။ အရေးပေါ်သန္ဓေတားဆေးရဲ့ ထိရောက်မှုဟာ အချိန်ကြာလာသည်နှင့်အမျှ လျော့နည်း လာတာကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် တတ်နိုင်သမျှ မြန်မြန်သောက်ရန် အရေးကြီးပါတယ်။ အရေးပေါ် သန္ဓေ တားဆေးကို ဆေးဆိုင်အများစုမှာ ဝယ်လို့ရနိုင်ပါတယ်။

ကွန်ဒုံးမပါဘဲ လိင်မဆက်ဆံမီ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်များ
တကယ်လို့ သင်နဲ့ သင့်အဖော်တို့နှစ်ယောက်ဟာ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံလိုတယ်ဆိုရင်တော့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အရေးကြီးပြီး အတူတူ ဆုံးဖြတ်ချက်ချဖို့ အရေးကြီးပါတယ်။ ဒီဆုံးဖြတ်ချက်မချခင် စဉ်းစားသင့်တဲ့အရာတွေရှိပါတယ်။

လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါများရှိမရှိကို နှစ်ယောက်စလုံး စမ်းသပ်ပြီးကြောင်း သေချာပါစေ။ တကယ်လို့ ကွန်ဒုံးမသုံးဘဲ တစ်စုံတစ်ဦးနှင့် လိင်ဆက်ဆံပါက သင်နှင့် သင့်အဖော်နှစ်ဦးစလုံး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများ (STD) စမ်းသပ်မှုကို ဦးစွာပြုလုပ်ရန် အမြဲသေချာစေသင့်ပါတယ်။ ဒီလိုစစ်ဆေးထား ခြင်းကသာ တစ်ဦးကိုတစ်ဦး လိင်မှတစ်ဆင့် ကူးစက်နိုင်သော STDs မရှိကြောင်း သေချာစွာသိရန် တစ်ခုတည်း သောနည်းလမ်းဖြစ်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#‌DrShoon(ဆေး-၁)

#myDoctor

#Telemedicine

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ကန်စွန်းဥ ကပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူး

1 Mins read
ကန်စွန်းဥ ဟာ အရသာရှိရုံသာမက ကျန်းမာရေး အကျိုးကျေးဇူးများစွာပါ ရှိပါတယ်။ ကန်စွန်းဥ ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 1.       အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ခြင်း 2.       ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) များကြွယ်ဝခြင်း 3.       အစာခြေစနစ်ကို ကောင်းမွန်စေခြင်း…

Leave a Reply

Your email address will not be published. Required fields are marked *