အေးနေပြီဆိုတော့ သင့်ပန်းနာရောဂါပြန်မထအောင်….
ပန်းနာရင်ကြပ်ရောဂါဆိုတာ အေးတဲ့အချိန်(အထူးသဖြင့် ဆောင်းရာသီ)တွေမှာ ကြပ်လေ့ရှိတဲ့ရောဂါတစ်ခုပါ။ အေးတဲ့ရာသီဥတုဟာ သင့်ပန်းနာရောဂါကို ပြန်ပြန်ထအောင်ပြုလုပ်နိုင်ပါတယ်။ ဒါ့ကြောင့် အခုလိုဆောင်းအချိန်မှာ ပန်းနာရောဂါပြန်မထအောင်…..
ပန်းနာရောဂါဆိုတာ အအေးမိတဲ့အခါ၊ ဗိုင်းရပ်စ်ပိုးတစ်ခုခုဝင်တဲ့အခါ ထထကြပ်တတ်တဲ့အတွက် ဒီရောဂါတွေကူးစက်မခံရအောင် လက်ကိုဆပ်ပြာနဲ့သေချာဆေးကြောဖို့လိုပါတယ်။ ဖျားနာ၊ ချောင်းဆိုးနေတဲ့သူတွေနဲ့ဝေးဝေးနေပြီး Mask တပ်ထားပါ။
ရာသီတုပ်ကွေးရောဂါသာကူးစက်ခံရရင် ပန်းနာပိုဆိုးနိုင်တဲ့အတွက် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားဖို့လိုအပ်ပါလိမ့်မယ်။
ဆောင်းတွင်းမှာ သစ်ရွက်ခြောက်တွေမီးရှို့ပြီး မီးလှုံတာတွေသတိထားပါ။ ပန်းနာရောဂါဆိုတာ မီးခိုးငွေ့တွေ၊ ခြင်ဆေးငွေ့တွေ၊ အမွှေးတိုင်နံ့
တွေကိုခံနိုင်ရည်မရှိပဲ ထထကြပ်တတ်ပါတယ်။
အိမ်မှာ ခွေးတွေ၊ ကြောင်တွေမွေးထားတယ်ဆိုရင် ပန်းနာရောဂါပြန်မထအောင် ခွေး၊ ကြောင်တွေနဲ့ဝေးဝေးနေပါ။
အေးစက်တဲ့လေကို အရမ်းမရှုရှိုက်မိအောင် လည်ပင်းမှာ လည်စည်းပတ်ပြီး ပါးစပ်နဲ့နှာခေါင်းကို တတ်နိုင်သမျှ cover လုပ်ထားတာမျိုးပြုလုပ်ပေးပါ။ တတ်နိုင်သမျှနွေးနွေးထွေးထွေးနေပါ။
အေးစက်တဲ့လေနဲ့မထိတွေ့အောင် အပြင်ထွက်ပြီး လေ့ကျင့်ခန်းပြုလုပ်တာမျိုးမလုပ်ပဲအိမ်မှာပဲလေ့ကျင့်ခန်းပြုလုပ်ပါ။
ဖုန်ကနေ mite တွေမထွက်အောင် မွေ့ယာတွေဆိုရင်လည်း အိပ်ယာခင်းနဲ့အပေါ်က cover လုပ်ထားသင့်ပါတယ်။ ဒီ Dust mites တွေဟာ အေးပြီးခြောက်ကပ်ကပ်ရာသီဥတုမှာ ကောင်းကောင်းမရှင်သန်နိုင်တဲ့အတွက် အေးပြီး ခြောက်သွေ့အောင်ထားဖို့လိုပါလိမ့်မယ်။
တခြားသင့်ပန်းနာထထကြပ်တတ်တဲ့အကြောင်းအရာတွေကတော့ ဖုန်မှုန့်၊ ရေမွှေးနံ့၊ တိရစ္ဆာန်အမွှေးတွေ၊ ဗိုင်းရပ်စ်ပိုးတစ်ခုခုဝင်တဲ့အခါ၊ ဆေးလိပ်ငွေ့ မီးခိုးငွေ့ စတာတွေရှူရှိုက်မိတဲ့အခါ တွေမှာ ကြပ်တတ်လို့ ဒါတွေကိုသေချာရှောင်ဖို့လိုပါတယ်။
ပြီးရင်တော့ သောက်ဆေးရော ဂေါက်တံရောကိုဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းသေချာလိုက်နာသောက်သုံးဖို့၊ ရှုဖို့လိုအပ်ပါလိမ့်မယ်။
ဒေါက်တာစိမ်းလဲ့