အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ် ရောဂါတို့ကြောင့်လည်း အူရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာများကတော့
– ဖျားခြင်း၊ ကိုယ်ပူခြင်း
– ခန္ဓာကိုယ်ကိုက်ခဲခြင်း
– ဗိုက်အောင့်ဗိုက်နာခြင်း
– လေပွခြင်း
– ပျို့အန်ခြင်း
– အစားအသောက်ပျက်ခြင်း
– ဝမ်းပျက်ဝမ်းလျှောခြင်း
– ရံဖန်ရံခါတွင် ဝမ်းထဲတွင် သွေးပါခြင်း
အူရောင်ခြင်းက ပြင်းထန်ပါသလား။
အူရောင်ခြင်း အများစုမှာ တိုတောင်းပြီး မိမိဘာသာ အိမ်မှာ ကောင်းစွာ စီမံနိုင်ပါတယ်။ အကြီးမားဆုံး အန္တရာယ် ကတော့ ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းတို့ကြောင့်နှင့် အရည်ကောင်းစွာမဝင်ခြင်း ဖြစ်ရတဲ့ ရေဓာတ် ခန်းခြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဓာတ်ဆားရည်ဖြင့် အရည်များဖြင့် ပြန်လည်ဖြည့်တင်းရန် ဂရုစိုက်ပါက၊ မကြာမီ သက်သာလာမှာဖြစ်ပါတယ်။
တကယ်လို့ ဘက်တီးရီးယားပိုးကူးစက်ခံရပါက ၎င်းကိုကုသရန် ပဋိဇီဝဆေးများ လိုအပ်နိုင်ပါတယ် သို့မဟုတ် ရှားပါးသောအခြေအနေများတွင် ရေဓာတ်ခန်းခြောက်မှုကို ကုသရန် ဆေးရုံတက်ရနိုင်ပါတယ်။ အကယ်၍ အူရောင်ခြင်းဟာ အချိန်ကြာမြင့်စွာဖြစ်ပါက၊ ၎င်းသည် ပိုမိုပြင်းထန်သော နောက်ဆက်တွဲများကို ဖြစ်စေနိုင် သော်လည်း အဲ့လိုဖြစ်တာမျိုးကတော့ ရှားပါတယ်။
အူရောင်ခြင်း Inflammatory bowel disease (IBD) ကို ဘယ်လိုကာကွယ်နိုင်မလဲ…
ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ အူရောင်ခြင်းဟာ အဖြစ်အများဆုံးဖြစ်ပြီး ကာကွယ်ရန်အလွယ်ဆုံးလည်း ဖြစ်ပါတယ်။
– ရေချိုးခန်း၊အိမ်သာ သို့ သွားရောက်ပြီးနောက်နှင့် အစားအစာနှင့် မထိတွေ့မီ လက်ကို ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောပါ။
– အသားစိမ်း၊ ငါးစိမ်းများနှင့် ထိတွေ့မိသော မီးဖိုချောင်သုံးပစ္စည်းများနှင့် မျက်နှာပြင်များကို ဆေးကြောပါ။
– အသားများနှင့် အခွံမာငါးများကို သေချာချက်ပြုတ်ပါ။
– အေးသော အစားအသောက်ကို အေးအောင် နှင့် ပူသော အစားအစာကို ပူအောင်ထားပါ။
– သန့်ရှင်းသော ရေကိုသာ သောက်ပါ၊ အသုံးပြုပါ။
– ရောဂါလက္ခဏာများ ပျောက်ကင်းပြီး ၄၈ နာရီကြာသည်အထိ အိမ်တွင်နေပါ။
အူရောင်နေတဲ့အချိန် ဘယ်လိုအစားအစာမျိုး စားသင့်လဲ။
– ဆန်ပြုတ်၊ မြူစွမ်ပြုတ်တို့လို အစာပျော့ပျော့ကိုသာစားပါ။
– ကြက်သားစွပ်ပြုတ်၊ အရိုးပြုတ်ရည်တို့လည်း စားပေးနိုင်ပါတယ်။
– ငှက်ပျောသီး စားပေးခြင်းဖြင့် အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကနေ ဆုံးရှုံးထားတဲ့ ပိုတက်စီယမ်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
– ထမင်းကိုတော့ နည်းနည်းချင်းစီ ပြန်စစားပေးနိုင်ပါတယ်။ ပေါင်မုန့်စားလို့လည်း ရပါတယ်။
– ဝမ်းလျှောတဲ့အခါ လျော့သွားတဲ့ အရည်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ဓာတ်ဆားရည်သောက်ပါ။
ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။
#Dr.Shoon(ဆေး-၁)
#myDoctor
#teleMedicine