ပါဝင်သောဆေး-Omeprazole ၁ ဂရမ်၊
ဆေးပုံစံ-ဆေးမှုန့်ပုံစံ(ထိုးဆေး)
အသုံးပြုနိုင်သော ရောဂါများ- အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်း ကုသရန်။ အစာအိမ် အက်ဆစ်အထွက်များသော Zollinger-Ellison syndrome.
သုံးစွဲရန်အညွှန်း- ၄၀မီလီဂရမ် တစ်နေ့ ၁ ကြိမ်။ Zollinger-Ellison syndrome တွင် ၆၀မီလီဂရမ် ၁ကြိမ်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရန်။ အသည်းမကောင်းသူများ ဆေးပမာဏလျော့ထိုးရန်။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ လေပွခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ယားယံခြင်း၊ အင်ပြင်ထခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဤဆေးသည် အိပ်ဆေး၊ သွေးကျဲဆေး၊ အတက်ရောဂါဆေးများ၏ စွန့်ထုတ်ကြာချိန်ကို ပို၍ကြာစေပါသည်။
Ketoconazole, itraconazole ဆေးများ၏ စုပ်ယူမှုကို ကျစေပါသည်။ clarithromycin, tacrolimus ဆေးများ၏ သွေးတွင်းပမာဏတက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)