ပါဝင်သောဆေး-Omeprazole ၄၀မီလီဂရမ်။
ဆေးပုံစံ-ထိုးဆေး(ဆေးမှုန့်ပုံစံ)
အသုံးပြုနိုင်သော ရောဂါများ- အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်း ကုသရန်။ အစာအိမ် အက်ဆစ်အထွက်များသော Zollinger-Ellison syndrome, ကိုယ်စိတ်ဖိစီးမှုကြောင့် ဖြစ်သော အစာအိမ်အနာများ၊ အစာမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ပိုင်း သွေးထွက်သော အခြေအနေများ။
သုံးစွဲရန်အညွှန်း- တစ်နေ့ ၂၀မီလီဂရမ် ၄-၈ပတ်။ Zollinger-Ellison syndrome တွင် ပထမအကြိမ်တွင် ၆၀ မီလီဂရမ် ထို့နောက် တစ်နေ့ ၁ကြိမ်။(ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးချိန်ညှိ သုံးစွဲနိုင်ပါသည်။)
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ။
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ အင်ပြင်ထခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဤဆေးသည် အိပ်ဆေး၊ သွေးကျဲဆေး၊ အတက်ရောဂါဆေးများ၏ စွန့်ထုတ်ကြာချိန်ကို ပို၍ကြာစေပါသည်။ ketoconazole, itraaconazole ဆေး၏ စုပ်ယူမှုကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)