Child & Drugs
အခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

” အိမ်ခြေမဲ့ ကလေးများနှင့် ကော်ရှူခြင်း ပြဿနာ “

1 Mins read

” အိမ်ခြေမဲ့ ကလေးများနှင့် ကော်ရှူခြင်း ပြဿနာ “

~~~~~~~~~~~~

🧐မီးပွိုင့်တွေ လမ်းဆုံ တွေမှာ အုပ်စုဖွဲ့တောင်းရမ်းနေကျတဲ့ အရွယ်မျိုးစုံအဖွဲ့ တွေကို နေရာတိုင်းတွေ့ရလာတယ်။

တချို့ဆို ဂိုဏ်းဂဏနဲ့ပါရှိ ပြီး၊ ခေါင်းဆောင်တွေက နောက်ကွယ်ကနေ ကြိုးကိုင်နေတာမျိုးရှိတယ်။ အသုံးမဝင်တဲ့ ပစ္စည်းတွေရောင်းလိုရောင်း၊ ကားမှန်ကို အဝတ်စုတ်နဲ့ သုတ်လိုသုတ်ပေါ့။ နယ်ခံတွေရှိသလို ရန်ကုန်က လုပ်စားလို့ကောင်းလို့ အုပ်စုလိုက်တောင်းဖို့ ပြည်တော်ဝင်လာတာတွေလဲရှိတယ်ဗျာ။

🤰မိဘတွေက အလုပ်မရှိလို့ဆိုပြီး လုပ်လို့ရတာလုပ်ရင်းနဲ့ ကလေးတွေထိုင်မွေး၊ အလုပ်မရှိပဲဘာလို့ မွေးလဲဆိုတော့ “အော် လုပ်စရာမရှိလို့ပါဆို”🤷‍♀️🤷🤦‍♂️

မကျွေးနိုင်တော့ လမ်းဘေးရောက် တောင်းရမ်းစားသောက်ရ။

ဆိုးတာက သူတို့တွေမှာ အထိန်းအကွပ်မရှိရှာတော့ မူးယစ်ဆေးပြဿနာပါ ကပ်ပါလာပြီး တော်တော်လေး ဆိုးလာတယ်လို့ပြောရမယ်။

🤙အရင်က အိမ်ခြေမဲ့ကလေးတွေ ရထားလမ်းလိုနေရာမှာ ကော်ရှူတယ်ဆိုတာ ကြားဖူးကြမှာပါ။

ကော်ရဲ့ effect က စစချင်းမှာ ဟိုင်းသွားတယ်။

🤙Euphoria လို့ခေါ်တဲ့ စိတ်ကိုမြူးကြွသလိုခံစားရစေတယ်ပေါ့။ ပြီးတာနဲ့ စကားမပီတော့တာတွေ၊ လမ်းမလျောက်နိုင်တာတွေ၊ ကယောက်ချောက်ချားတွေမြင်တာကြားတာ အစုံဖြစ်စေတယ်။

🤙ကော်ရှူတာက လူကို မလုပ်ရမနေနိုင်အောင်စွဲလန်းစေတယ်။ ကြာကြာသုံးရင် ဉီးနှောက်ကအစ ကိုယ်တွင်းကလီစာ တွေအကုန်ပျက်နိုင်တယ်။

🤙အခု နောက်ပိုင်းခေတ်ကာလအခြေအနေတွေအရ ပြောင်းလဲလာတာတွေက ကော်ရှူတာမဟုတ်တော့ပဲ စိတ်ကြွရူးသွပ်ဆေးလို့ခေါ်တဲ့ Amphetamine ဆေးပြားတွေကို ကလေးတွေ လမ်းမ လူမြင်ကွင်းလိုနေရာမျိုးတွေမှာပါ မရှောင် သုံးစွဲလာနေတာ စာဖတ်သူတို့ သတိထားမိလာကျမှာပါ။

📌လူငယ်တွေ ၊ ကလေးတွေ အနာဂါတ်တွေပျောက်ပြီး၊ မူးယစ်ဆေးရဲ့ ကျေးကျွန်ဘဝကို ရောက်နေကျရပါတယ်။

📌သူ့ရဲ့ effect က လူကို မအိပ်အောင်၊ အစာမစားချင်အောင် လုပ်တော့ ထမင်းမစားနိုင်တဲ့နေ့တွေဆို ထမင်းတနပ်စာထက် သက်သာတဲ့ ဆေးပြားကိုသုံးစွဲရတယ်လို့ သတင်းတပုဒ်မှာ ဖတ်လိုက်ရတယ်။

📌လူမမယ် ကလေးတွေနဲ့ အမျိုးသမီးငယ်လေးတွေအတွက် စိုးရိမ်စရာကောင်းတာက မူးယစ်ဆေးနဲ့ဖြားယောင်းပြီး လူကုန်ကူးတာနဲ့ ဒွန်တွဲနေပါတယ်။

📌လူကုန်ကူးမှုဆိုတာ နယ်စပ်ကိုဖြတ်ကျော်ပြီး အမျိုးသမီးငယ်တွေကို လိင်မှုဆိုင်ရာလုပ်ငန်းတွေမှာ အတင်းအကြပ်စေခိုင်းတာ တခုပဲမဟုတ်ပါဘူး။

📌တောင်းရမ်းခိုင်းပြီး နေ့တွက်ပြန်တောင်းနေတာတွေ၊ တရားမဝင်မှောင်ခို ပစ္စည်းသယ်ခိုင်းတာတွေ အိုစုံလို့၊ ယုတ်မာတဲ့လူတွေက နည်းလမ်းအစုံနဲ့ ယုတ်မာတတ်ကျတယ်။

🧐ဒီလို Child abuse ကိုကာကွယ်ဖို့

📌ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဘေးဖြစ်လာနိုင်တာတွေ ကာကွယ်ပေးဖို့

📌သူတို့ရဲ့ ဘဝအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်စေဖို့

📌သူတို့ အသံတွေနားထောင်ပေးဖို့၊ ကလေးတိုင်း သူတို့Potential အပြည့်ရောက်တဲ့ထိ အောင်မြင်နိုင်ဖို့

📌သူတို့အတွက် ဘေးကင်းပြီး၊ nurture လုပ်ပေးနိုင်တဲ့ ပတ်ဝန်းကျင်တခုဖြစ်ပေါ်လာဖို့အတွက်

👨‍👧‍👦”Child safeguarding” 👨‍👧‍👦ပရိုဂရမ်တွေ ဒီထက်ပိုပြီး လုပ်ပေးလာနိုင်ဖို့ မျှော်လင့်ရင်း။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”

#myDoctor #Dr_KyawYe_ဆေး(၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…