ကျန်းမာရေး( အ )အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အိပ်နေချိန် ဘီလူးစီးခြင်း ( Sleep Paralysis )

1 Mins read

အရပ်အခေါ် ဘီလူးစီးတယ်ဆိုတာ အိပ်တစ်ဝက်နိုးတစ်ဝက် ဒါမှမဟုတ် နိုးနေချိန်မှာ စကားပြောမရ၊ လှုပ်ရှားမရ ဖြစ်တာမျိုးကို ဆိုလိုတာပါ။

တစ်ခါတစ်ရံ စက္ကန့်ပိုင်းသာကြာတတ်ပေမယ့် တစ်ခါတစ်ရံမှာ မိနစ်ပိုင်းအထိကြာမြင့်တတ်ပါတယ်။

အိပ်စက်ခြင်းစက်ဝန်းရဲ့ ပထမအဆင့်ဖြစ်တဲ့ REM လိုခေါ်တဲ့ လုံးလုံးလျားလျားအိပ်မပျော်သေးတဲ့အဆင့်မှာ ဘီလူးစီးတာကအဖြစ်များပါတယ်။ ဦးနှောက်ဟာ အိပ်မက်ကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုမရှိစေရန် ကြွက်သား တွေကိုထိန်းချုပ် ရပ်တန့်ထားလိုက်ပါတယ်။ ဒီလိုအချိန်မှာနိုးလာခဲ့သည့်တိုင် ဦးနှောက်ရဲ့ ထိန်းချုပ်မှုက ပြယ်မသွားတဲ့အခါ ဘီလူးစီးခြင်းကိုဖြစ်ပေါ်စေပါတယ်။

ဘီလူးစီးခြင်းဟာ အများအားဖြင့် လှုပ်ရှားနိုင်တဲ့ကြွက်သားတွေက လှုပ်ရှားမရခြင်း၊ တစ်ခုခုနဲ့ ဖိထားသလို ဖြစ်နေခြင်း၊ လည်ပင်းတင်းကျပ်ကျပ်ကြီးဖြစ်ခြင်း တို့ခံစားရနိုင်ပြီး မရှိတဲ့အရာတွေကို မြင်ရကြားရတဲ့ပုံစံမျိုး၊ အိပ်မက်ပုံစံမျိုးနဲ့ယောင်ယမ်းတာမျိုးဖြစ်တဲ့အတွက် ကြောက်စရာဖြစ်နေပါလိမ့်မယ်။ ဒီလိုဖြစ်ရခြင်းက ဖိအားတွေ၊ ဒေါသတွေနဲ့ အိပ်စက်ခြင်းကိုအနှောက်အယှက်ပေးခံရချိန်တွေမှာဖြစ်တတ်တာပါ။ နာကိုလပ်စီ (Narcolepsy) ဆိုတဲ့ ရုတ်တရက်အိပ်ပျော်ခြင်း ရောဂါနဲ့လည်းဆက်စပ်နိုင်ပါတယ်။

ဘယ်လိုလူတွေမှာ ပိုအဖြစ်များလဲဆိုတော့ အိပ်ရေးပျက်သူများ၊ ပက်လက်အိပ်တတ်သူများ၊ အရက် အလွန်အကျွံသောက်သူများ၊ စိတ်ဖိစီးမှုများသူများ၊ မူးယစ်ဆေးသုံးသူများမှာ ပိုအဖြစ်များပါတယ်။

ဘီလူးစီးခြင်းအတွက် အထူးတလည်ကုသမှုမလိုအပ်သော်လည်း ကြိမ်ဖန်များစွာဖြစ်လာပြီဆိုရင်တော့ နားလည် တတ်ကျွမ်းတဲ့ဆရာဝန်ထံမှာ ဆွေးနွေးပြီးကုသမှုခံယူသင့်ပါတယ်။ narcolepsy ကဲ့သို့သော ရောဂါအခံရှိနေပါက ထိုရောဂါအခံကို ကုသခြင်းဖြင့် သက်သာနိုင်ပါတယ်။

ဒီလိုဘီလူးစီးခြင်းကိုကာကွယ်ဖိုဆိုရင်တော့ အိပ်ချိန်မှန်မှန်ထားခြင်း နှင့် စိတ်ဖိအားတွေကို လျှော့ချဖို့ လိုအပ်ပါတယ်ရှင်။

#myDoctor #telemedicine #SleepParalysis

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…

Leave a Reply

Your email address will not be published. Required fields are marked *