နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အသဲကွဲခြင်း ရဲ့ ကျန်းမာရေးဆိုးကျိုးများ

1 Mins read

အသဲကွဲခြင်း ကြုံရတဲ့အခါ ကမ္ဘာကြီးအဆုံးသတ်သွားသလို ခံစားချက်မျိုး ခံစားရတယ်ဆိုတာကို အသဲကွဲဖူးသူတိုင်း သိကြ ပါတယ်။ အသဲကွဲလို့ ခံစားရတဲ့ နာကျင်မှုဟာ ဖော်မပြနိုင်လောက်အောင် မချိမဆံ့ခံရတဲ့ဝေဒနာဖြစ်ပြီး ဘယ်အရာ ကိုမှ အာရုံစူးစိုက်လို့မရနိုင်တော့လောက်တဲ့ထိကို ခံစားရတတ်ကြပါတယ်။

လမ်းခွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်ခြင်းများကို တွေ့ကြုံခံစားရခြင်းဟာ ခန္ဓာကိုယ်ကိုပါ ထိခိုက်စေနိုင် တယ်လို့ ပညာရှင်များက ဆိုထားကြပါတယ်။ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရခြင်း၊ ငြင်းပယ်ခံလိုက်ရတဲ့ ခံစားချက်၊ လမ်းခွဲလိုက်ရခြင်းတို့ကြောင့် စိတ်သောကရောက်ရခြင်းဟာ ကျန်းမာရေးအပေါ်မှာ အကျိုး သက်ရောက်မှုများစွာ ရှိနိုင်ပါတယ်။

(၁) စိတ်သောကရောက်ခြင်း

ကြေကွဲနေတဲ့ နှလုံးသားဟာ ဝမ်းနည်းမှု၊ ပူဆွေးမှု၊ ဒေါသနှင့် ပူပင်သောကများကဲ့သို့သော ပြင်းထန်သော ခံစားချက်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသဲကွဲခြင်း ဟာ ကြာရှည်စွာ စိတ်သောကရောက်ခြင်းဟာ စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန် ရောဂါများကဲ့သို့ စိတ်ကျန်းမာရေးအခြေအနေများကို ဖြစ်စေနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုပါ  ထိခိုက်စေနိုင်ပါတယ်။

(၂) အိပ်ရေးပျက်ခြင်း

အသဲကွဲနေတဲ့ ဝေဒနာရှင်များစွာဟာ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း သို့မဟုတ် ညဘက် မကြာခဏ နိုးခြင်းတို့ အဖြစ်များပြီး အိပ်ရေးဝဖို့ အခက်အခဲများ ကြုံတွေ့ရပါတယ်။ အိပ်ရေးပျက်ခြင်းဟာ သင့်ရဲ့ စိတ်ခံစားချက်၊ စွမ်းအင်ပမာဏနှင့် အလုံးစုံကျန်းမာရေးတို့အပေါ် အကျိုးသက်ရောက်မှုများ ရှိနိုင်ပါတယ်။

(၃) အစာစားချင်စိတ် အပြောင်းအလဲများ

အသဲကွဲတဲ့အခါ အစာစားချင်စိတ် အပြောင်းအလဲများ ကြုံတွေ့ရနိုင်ပါတယ်။ တချို့တွေက အစာစားချင်စိတ် လုံးဝမရှိတော့တဲ့အတွက် အစားမစားဘဲနေပြီး ကိုယ်အလေးချိန် ကျသွားခြင်းကိုခံစားရနိုင်ပြီး  တချို့တွေကတော့ စိတ်ညစ်ညစ်နဲ့ အစားတွေ အများကြီးစားတဲ့အတွက် ကိုယ်အလေးချိန်တက်လာခြင်းကို ခံစားရနိုင်ပါတယ်။ ထိုကဲ့သို့သော စားသောက်မှု ပြောင်းလဲသွားခြင်းဟာ အာဟာရမျှတမှုနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက် စေနိုင်ပါတယ်။

(၄) ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ

အသဲကွဲလို့ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုဟာ တစ်ခါတစ်ရံမှာ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုအဖြစ်ပါ ခံစားရနိုင်ပါ တယ်။ ရင်ဘတ်ထဲမှာ လေးလံခြင်း၊ တင်းကျပ်ခြင်း (သို့) နှလုံးနာခြင်းလို့တင်စားလို့ရတဲ့ နာကျင်ခြင်းတို့ကို ခံစားရ နိုင်တဲ့အပြင်  ခေါင်းကိုက်ခြင်း၊ ကြွက်သားများ တင်းမာခြင်းနှင့် ခန္ဓာကိုယ်အနှံ့နာကျင် ကိုက်ခဲခြင်းများကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

(၅) ကိုယ်ခံအားစနစ် အားနည်းခြင်း

အသဲကွဲခြင်းကြောင့်ဖြစ်တဲ့ ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး သာမန်အအေးမိ၊ တုပ်ကွေးဖျားနာမှုများကို ပိုမိုခံရနိုင်စေပါတယ်။ ဒီအချိန်မှာ သင့်ခန္ဓာကိုယ်က ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်း ကျဆင်းသွားနိုင်ပါတယ်။

(၆) ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားမရှိခြင်း

စိတ်သောကများကိုခံစားနေရခြင်းဟာ လူကို ပင်ပန်းနွမ်းနယ်စေပြီး အားမရှိခြင်းကို ခံစားရစေနိုင်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် သို့မဟုတ် အလုပ်များကိုအာရုံစိုက်ရန် စိန်ခေါ်မှုများ ရှိလာပြီး သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဘဝအရည်အသွေးကိုပါ ထိခိုက်စေပါတယ်။

(၇) စိတ်ဖိစီးမှုများခြင်း

အသဲကွဲခြင်းကြောင့်ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှုများဟာ ခန္ဓာကိုယ်အတွင်း နာတာရှည် စိတ်ဖိစီး မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ သွေးတိုးခြင်း၊ နှလုံးရောဂါနှင့် စိတ်ကျန်းမာရေးကို ထိခိုက် စေခြင်းအပါအဝင် ကျန်းမာရေးပြဿနာများစွာကို ခံစားရစေနိုင်ပါတယ်။

(၈) အန္တရာယ်ဖြစ်စေသောအပြုအမူများ

အသဲကွဲနေတဲ့ လူတချို့ဟာ အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် မဆင်မခြင် လုပ်ဆောင်မှုများကဲ့သို့သော အန္တရာယ်ရှိသောအပြုအမူများလုပ်ဆောင်မိတတ်ကြပါတယ်။ ဒီအပြုအမူတွေက  ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် အသဲကွဲနေတဲ့ကာလအတွင်း  တစ်ယောက်တည်းကျိတ်ခံစားမနေဘဲ သူငယ်ချင်းများ၊ မိသားစု (သို့) ကျွမ်းကျင်ပညာရှင်များထံမှ အကူအညီ ရယူရန် အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု အလေ့အထကို ထိန်းသိမ်းပြီး အခြားသူများနှင့်  ထိတွေ့ဆက်ဆံခြင်းဖြင့် အထက်ပါအန္တရာယ်တွေကို လျှော့ချပေး နိုင်မှာဖြစ်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#Dr.Shoon(ဆေး-၁)

#myDoctor

#teleMedicine

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *