dry-skin
All Articlesနေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အသားပတ်တာတွေကြောင့် အမြင်မလှဖြစ်နေပြီလား…

1 Mins read

အသားပတ်တာတွေကြောင့် အမြင်မလှဖြစ်နေပြီလား…

ဆောင်းတွင်းဝင်နေပြီဆိုတာနဲ့ အသားတွေပတ်ပြီး အရေခွံတွေကွာလာမယ်။ ရာသီအလိုက်ဖြစ်တယ်ဆိုပေမယ့် သေချာမထိန်းသိမ်းရင် အမြင်တော့လှမနေပါဘူး။ ဒါ့ကြောင့် ဆောင်းတွင်းအသားပတ်တာတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာလေးပြောပြပေးချင်ပါတယ်…။

ရေများများသောက်ရပါမယ်။ နွေရာသီပူပြင်းတဲ့အချိန်မှာ ရေဆာတာမျိုးခဏခဏဖြစ်တတ်ပေမယ့် ဆောင်းရာသီမှာတော့ အပြင်မှာအေးနေတာပဲဆိုပြီး ရေသောက်ဖို့ကို သိပ်သတိမရတတ်ကြပါဘူး။ အသားအရေ ရေဓာတ်ခမ်းခြောက်ရင် အသားပတ်တာတွေပိုဆိုးနိုင်လို့ အနည်းဆုံး တစ်နေ့ ၈ ခွက်လောက်တော့ ရေကိုသောက်ပါ။ ဒါမှ သင့်အသားအရေက ကြည်လင်ပြီး အသားပတ်တာတွေလျော့နည်းလာမှာပါ။

မျက်နှာသစ် Cleanser ကောင်းကောင်းရွေးချယ်ပါ။ Alcohol ပါတဲ့၊ အမွှေးနံ့တွေပါတဲ့Cleanser တွေဟာ မျက်နှာအသားအရေမှာရှိတဲ့သဘာဝအဆီတွေကိုပါ ဖယ်ရှားပစ်လိုက်တဲ့အတွက် အသားပတ်တာအတွက်ကောင်းကျိုးမရှိစေပါဘူး။ Cream-based Cleanser လေးတွေရွေးချယ်ပေးတာက အသားအရေအစိုဓာတ်ကို ကောင်းကောင်းထိန်းထားပေးနိုင်လို့ အသားပတ်တာသက်သာစေပါတယ်။

Moisturizer နဲ့ Lotion တွေအသုံးပြုပေးပါ။
မျက်နှာသစ်ပြီးတဲ့အခါ Moisturizer အသုံးပြုတာ၊ ခန္တာကိုယ် ခြေထောက်တွေ လက်တွေကို Lotion လိမ်းပေးတာမျိုးတွေပြုလုပ်ပေးပါ။ ဒါတွေက အသားအရေအစိုဓာတ်ကိုထိန်းပေးပြီးအသားပတ်တာသက်သာစေပါလိမ့်မယ်။

ရေချိုးတဲ့အခါ အကြာကြီးချိုးတာရှောင်ပါ။
ဆောင်းတွင်းမှာဆိုရင် တချို့က ရေချိုးတဲ့အခါ ရေပူလေးဖွင့်ပြီး ဇိမ်ဆွဲချိုးတတ်ကြပါတယ်။ ဒီလိုအချိန်ကြာကြာချိုးတာဟာ ခန္တာကိုယ်က သဘာဝအဆီတွေကိုဖယ်ရှားလိုက်သလိုဖြစ်စေလို့ အသားပတ်တာပိုဆိုးစေပါတယ်။

ဆောင်းတွင်းမှာ လက်ဖဝါးတွေ အရေခွံကွာတာအပြင် နှုတ်ခမ်းမှာ အဖတ်တွေကွာတာတွေလည်းဖြစ်ကြပါတယ်။ ဒါတွေသက်သာအောင်
နှုတ်ခမ်းထိန်းသိမ်းတဲ့အဆီတွေ၊ Lip balm တွေလိမ်းလို့ရပါတယ်။

နှုတ်ခမ်းကိုလျှာနဲ့ခဏခဏသပ်တာမျိုးမပြုလုပ်ပါနဲ့။ အဲ့လိုလုပ်တဲ့အခါမှာ နှုတ်ခမ်းကသဘာဝအဆီတွေကိုပါဖယ်ရှားလိုက်သလိုဖြစ်စေလို့ နှုတ်ခမ်းခြောက်တာ၊အဖတ်ကွာတာတွေကိုပိုဆိုးစေပါတယ်။

အသားအရေကို Scrub ပြုလုပ်တာလုပ်ပေးပါ။ ဒီလိုပြုလုပ်တာဟာ အရေပြားက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေကိုဖြစ်ပေါ်စေတဲ့အတွက် အသားပတ်တာတွေအတွက်လည်းကောင်းစေပါတယ်။

ဒါတွေကတော့ ဆောင်းရာသီအသားပတ်တာတွေသက်သာစေမယ့်နည်းလမ်းလေးတွေပါပဲ…။

ဒေါက်တာမြူနှင်း

MyDoctor Telemedicine Application
Related posts
Uncategorizedအခြားရောဂါများအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

World Sight Day

1 Mins read
အခုဒီစာကို ဖတ်နေချိန်မှာ သင်ဟာ ကံကောင်းခြင်းလက်ဆောင် ကိုရရှိထားတယ်ဆိုတာကို သိထားပေးပါ။ အခုအချိန် မှာသင်ကဒီစာကို ရှင်းရှင်းလင်းလင်း ဖတ်လို့ရနေပေမယ့် ကမ္ဘာကြီးပေါ်က လူတချို့တွေမှာ အဲ့လိုဖတ်ဖို့ အခွင့်အရေး မရကြပါဘူး။ ကျွန်မမှာ ငယ်စဉ်ဘဝထဲက လက်ဆောင်ရထားတဲ့ Myopia ဆိုတဲ့ အဝေးမှုန်ခြင်း အမြင်ပြဿနာနဲ့ …
Covid - 19ကူးစက်တတ်သောရောဂါများနေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

WizAct 24 နဲ့ အိမ်မှာရှိတဲ့ အခန်းတစ်ခန်းချင်းစီကို ဘယ်လို ပိုးသတ်သန့်ရှင်းကြမလဲ

1 Mins read
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေအရ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ အိမ်ထဲက မကြာခဏ ထိတွေ့နေရတဲ့ မျက်နှာပြင်တွေကို ပိုးသတ်သန့်ရှင်းပေးဖို့ အရေးကြီးပါတယ်။ နေ့တိုင်း တစ်အိမ်လုံးက ရှိသမျှနေရာတွေကို သန့်ရှင်းရေး လုပ်စရာ မလိုပါဘူး။ ပိုးမွှားတွေ ရှိနေတတ်တဲ့…
Covid - 19ကူးစက်တတ်သောရောဂါများနေထိုင်မှုပုံစံ

ကိုယ်နဲ့ အခြားသူတွေ အားလုံး ဘေးကင်းစေဖို့ ပုံမှန် ပိုးသတ်ပေးသင့်တဲ့ အိမ်အပြင်က နေရာတွေ

1 Mins read
ကိုဗစ်-၁၉ ဆိုတဲ့ ရောဂါက လွန်ခဲ့တဲ့ နှစ်တွေတုန်းက စိတ်ကူးနဲ့တောင် မတွေးဖူးတဲ့ ပုံစံမျိုးနဲ့ လူသားတွေရဲ့ ဘဝကို ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်စေခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ကထွက်တဲ့ သေးငယ်တဲ့ အမှုန်အမွှားလေးတွေ၊ လေထုထဲကနေ၊ ပိုးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်ပါတယ်။ သတိထားရမှာက…

Leave a Reply

Your email address will not be published. Required fields are marked *