Iv noraml saline

အလုံးကြီးချိတ်ပြီး အဆုံးကြီး မဆုံးစေလို 👨🏻‍⚕️👨🏻‍⚕️

“ဆရာ.. ဆရာ .. ဆေးခန်းထဲသို့ တကျော်ကျော်ခေတ်ခေါ် လို့ လူလတ်ပိုင်းတစ်ယောက် ချိနဲ့နဲ့ အဘတစ်ယောက်ကို လက်ကို ဆွဲပြီး ဝင်လာသည်။ ဆရာရယ် အဖေက မောမော နေလို့ အားမရှိဘူးနဲ့ တူတယ် ဆရာ”။ ရောက်လျှင်ရောက်ချင်း သားဖြစ်သူက သူထင်ရာ မြင်ရာကို ပြောချလိုက်သည်။ လူနာက အသက် ၇၀ ကျော်ရှိပြီ၊ လမ်းလျှောက်တိုင်းမောသည်၊ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်ခဲ့သူဖြစ်သည်။ ဆရာ ကျွန်တော့် အဖေကို အလုံးကြီးချိတ်ချင်တယ်ဆရာ၊ တစ်ခါ အလုံးကြီး ချိတ်လိုက်ရင် နေရော.. ဘာမှ မဖြစ်တော့ဘူးဆရာ…. ကျုပ်တို့ မြန်မာလူမျိးတွေ သိပ်ကြိုက်တဲ့ အလုံးကြီး.. အချို့က အလုံးကြီးချိတ်တယ်ပြောတယ်၊ အချို့ကျ ဆလိုင်းတဲ့၊ အချို့ကျ ဂလူးကိုး အစသဖြင့် နေရာ ဒေသနဲ့ လိုက်ပြီး ခေါ်ကြပါတယ်။ အင်္ဂလိပ်ဆေးပညာအရ အလုံးကြီးကို ဘာသာပြန်ရမယ်ဆိုရင်တော့ Bot ပေ့ါလေ။

Bot လို့ပြောတဲ့အချိန်မှာ ပါဝင်တဲ့ အရည်တွေဟာ အမျိုးမျိုးရှိတယ်၊ ဥပမာ ဆလိုင်းလို့ခေါ်ကြတဲ့ Normal Saline / ဂလူးကို့စ် (Glucose) မှာတောင်မှ 5% / 10% စသဖြင့် ကွဲသေးတယ်၊ Ringer Lactate, Dextrose Saline စသဖြင့် အမျိုးအစားများစွာရှိသလို တစ်ခုချင်းဆီရဲ့ အသုံးဝင်မှုကလည်း အတော်လေး ကွာခြားလှတယ်။ ဥပမာအားဖြင့် ဝမ်းပျက်ဝမ်းလျောဖြစ်နေပြီး ရေဓာတ်ဆုံးရှုံးနေတဲ့ သူတစ်ယောက်အတွက် ဆလိုင်းလို့ခေါ်တဲ့ Normal Saline က အတိုင်းအတာ တစ်ခုထိလိုအပ်ပေမယ့် သွေးတိုးနေတဲ့ သူတစ်ယောက် အတွက်ဆို Normal Saline က အန္တရာယ်ကြီးတယ်။ ဆားရည်ဖြစ်တာကြောင့် သွေးပေါင်ကို တတ်သွား စေနိုင်တယ်။ နောက်တစ်ခု အားနည်း၊ အားပျက်နေတဲ့သူအတွက် ဂလူးကို့စ်က ကောင်းပေးမယ့် အဲ့လူမှာ ဆီးချို ရှိမရှိ မသိထားပဲ ဆီးချိုရှိတဲ့သူကို သွင်းမိရင်တော့ ဆီးချိုစောင့်တတ်သွားနိုင်တယ်။ ဒီလိုအချက်တွေက သေချာစဉ်းစားရမယ့် အချက်တွေ ဖြစ်တယ်။ ဒါပေမယ့်လူအများစုက အလုံးကြီး အရမ်းချိတ်ချင်ကြတဲ့ အခါ ဆရာဝန်တွေလဲ ပြောမရတော့တဲ့အခါ လူနာသဘောကျ လုပ်ပေးကြတာတွေ များလာတယ်။

လူနာကဆရာဝန်ကို ဖျက်သလို ဆရာဝန်ကလည်း လူနာကို ဖျက်တဲ့သဘောဖြစ်လာတယ်။ သက်ကြီးရွယ်အိုတွေကို အလုံးကြီး မချိတ်ကြပါနဲ့….. ကျွန်တော်ပြောချင်တဲ့ အဓိကအပိုင်းရောက်လာပါပြီ။ ဒီလိုပြောလို့ လိုအပ်လို့ ဆရာဝန်က ခိုင်းတဲ့ အခါ တော့ မလွဲမသွေလုပ်ရမှာပါ။ ဒါပေမယ့် နယ်တွေမှာ Cannula ထိုးတတ်ရုံနဲ့ လုပ်စားသူတွေများလာတဲ့အခါ၊ လူတွေကလည်း အလုပ်ကြီး ချိတ်ချင်လာတဲ့ အခါ ဘုမသိ၊ဘမသိ ချိတ်ပေးးပြီးမှာ ဒုက္ခ္မများမှာ ဆိုးလို့ပါ။ အသက် ၆၀ ကျော်လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ နှလုံးဟာ တဖြည်းဖြည်း လုပ်ဆောင်ရည် ကျဆင်းလာပါတယ်။ အရင်ကလောက် ကိုယ်ခန္ဒာအနှံ့အပြားကိုရောက်အောင် သွေးကို မညှစ်ထုတ်နိုင်တော့ ပါဘူး။ ဒါ့အပြင် ဖြတ်သန်းနေထိုင်လာတဲ့ ဘဝပုံစံတွေမှာ ဆီးချို၊သွေးတိုး၊ ဆေးလိပ်၊ အရက်၊ အဝလွန် စတဲ့အရာတွေ ကျွန်တော်တို့ရဲ့ နှလုံးကို လိုအပ်တာထက် ပိုပြီး အိုမင်းစေပါတယ်။

နဂိုထဲကမှ ကိုယ်ခန္ဒာထဲမှာ ရှိနေတဲ့ သွေးတွေကိုတောင် သူ့အနိုင်နိုင် လှည့်ပတ်အောင် ပြုလုပ်နေရင်း ပင်ပန်းနေတဲ့ နှလုံးကို ကျွန်တော်တို့ အပြင်ကနေပြီး ရေသန့်ဘူးတစ်ဝက်လောက်ရှိတဲ့ ရေထည့်လိုက်တဲ့ အခါ နှလုံးဟာ သာမန်ထက် အလုပ်အများကြီးပိုလုပ်ရပါတော့တယ်။ ဒီလိုမှာမှ Heart Failure လို့ခေါ်တဲ့ နှလုံးပျက်စီးနေတဲ့ သူတွေမှာဆိုရင် fluid overload ဖြစ်ပြီး အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ နယ်ကလူတော်တော်များများ သုံးတာ ဆလိုင်းလို့ခေါ်တဲ့ Normal Saline ပါ။ ဆားရည်ဖြစ်တဲ့အတွက် ကိုယ်ခန္ဒာရဲ့ ဖိအားသဘောတရားအရ ရေကိုပိုမိုထိန်းသိမ်းပြီး နှလုံးအား ရေဖြင့် ဝန်ပိစေခြင်း (Fluid Overload) ကို ဖြစ်စေပါတဲ့ အပြင် သွေးတိုးကိုလည်း တက်စေနိုင်တာကြောင့် အကြောင်းအရင်း သေချာမသိပဲ မသုံးသင့်ကြောင်းပြောချင်ပါတယ်။ကိုယ်ကတော့ ကောင်းစေချင်လို့ပါပဲ.ဒါပေမယ့် အလုံးကြီးကြောင့် အဆုံးကြီးမဆုံးစေဖို့အသုံးလွဲရင် သွားမှာမို့ နှလုံးသားထဲ မှတ်ထားစေချင်သည်။

Dr.Zaw Htet Aung( I am your doctor)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…