အလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း (Grey Hair)

1 Mins read

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ဟာ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တစ်ခုပါ။ သာမန်အားဖြင့် ဆံပင်မှာ Melanin လို့ခေါ်တဲ့ ရောင်ခြယ်ဓာတ်များတည်ရှိနေပါတယ်။ Melanocyte လို့ခေါ်တဲ့ ဆဲလ်မှ Melanin ရောင်ခြယ်ကိုအဓိကထုတ်ပေးတာဖြစ်ပါတယ်။

၎င်းဆဲလ်ဟာ အသက်အရွယ်ကြီးရင်လာတာနဲ့အမျှ ရောင်ခြယ်ထုတ်လုပ်မှုအားနည်းလာတဲ့အတွက် အိုမင်းလာလေ ဆံပင်ဖြူလာလေဖြစ်လာပါတယ်။

အကယ်၍အရွယ်မတိုင်ခင်ဆံပင်ဖြူနေပြီဆိုရင်တော့ အောက်ပါအကြောင်းအရင်းများကြောင့်ဖြစ်နိုင်ပါတယ်။

(၁) မျိုးရိုးလိုက်ခြင်း

မိဘ၊ အဘိုးအဘွားတွေမှာ ငယ်ရွယ်စဉ် ဆံပင်ဖြူခြင်း ဖြစ်စဉ်မျိုးရှိခဲ့တယ်ဆိုလျှင်လည်း မျိုးရိုးလိုက်ပြီး အိုမင်းမလာခင်ဆံပင်ဖြူလာလေ့ရှိပါတယ်။

(၂) စိတ်ဖိစီးမှုများခြင်း

သာမန်ထက်ပိုတဲ့ စိတ်ဖိစီးမှုကြီးကြီးမားမားကို ထမ်းပိုးထားရတဲ့အခါမှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်း မျိုးကြုံတွေ့ရနိုင်ပါတယ်။

(၃) အချို့သောကျန်းမာရေးအခြေအနေရဲ့အကျိုးဆက်များကိုခံစားရခြင်း

သမင်ဖြူ၊ သိုင်းရွိုက်ဟော်မုန်းမူမမှန်ခြင်း နှင့် Autoimmune လို့ခေါ်တဲ့ခုခံအားမူမမှန်တဲ့ရောဂါ စတဲ့ကျန်းမာရေးအခြေအနေများကြောင့်လည်း ရောင်ခြယ်ထုတ်လုပ်မှုကိုလျော့နည်းစေပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူ စေပါတယ်။

(၄) မှားယွင်းတဲ့နေထိုင်စားသောက်မှုပုံစံရှိနေခြင်း

အာဟာရလုံလောက်စွာမစားရခြင်း၊ အထူးသဖြင့် ဗီတာမင် B12 ကဲ့သို့သော ဗီတာမင်ဓာတ်ချို့တဲ့ခြင်း၊ ဆေးလိပ်ကိုစွဲလမ်းစွာသောက်သုံးခြင်းကဲ့သို့သော အလေ့အကျင့်များ စတဲ့ပုံစံများကြောင့်လည်း မအိုမင်းလာခင် ဆံပင်ဖြူလာခြင်းဖြစ်စေပါတယ်။

(၅) ဆိုးရွားသောပတ်ဝန်းကျင်အခြေအနေရဲ့သက်ရောက်မှုကိုခံစားရခြင်း

မိမိတို့ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှု၊ ဓာတုဓာတ်ပစ္စည်းများနဲ့မကြာခဏထိတွေ့နေရမှု နဲ့ အဆိပ်အတောက်များကလည်း အရွယ်မတိုင်ခင်မှာ ဆံပင်ဖြူခြင်းကိုဖြစ်ပေါ်စေပါတယ်။

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ဟာ ကျန်းမာရေးရှုထောင့်အရကြည့်လျှင် ဆိုးရွားသောအခြေအနေတစ်ခုမဟုတ်သော်လည်း အထက်ပါအချက်များကိုသတိပြုဆင်ခြင်ပြီး စိတ်ဖိစီးမှုများကိုထိန်းချုပ်ကာ ကျန်းမာသောနေထိုင်စားသောက်ခြင်းဖြင့်ကာကွယ်/သက်သာစေနိုင်ပါတယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#myDoctor

#teleMedicine

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…

Leave a Reply

Your email address will not be published. Required fields are marked *