Fatty liver
စားသောက်မှုပုံစံအခြားရောဂါများအထွေထွေရောဂါများ

အရက်သောက်မှ အသည်း အဆီဖုံးတာလား?

1 Mins read

အရက်သောက်မှ အသည်း အဆီဖုံးတာလား?

ကမ္ဘာပေါ်တွင် အသည်းအဆီဖုံးနေတဲ့ လူဦးရေမှာ လူသုံးယောက်မှာတစ်ယောက်ခန့်တွေ့ရတတ်တဲ့ အခြေအနေမျိုးဖြစ်ပြီးအရက်သောက်သုံးသူများတွင်တွေ့ရသော အသည်းအဆီဖုံးခြင်း(Fatty Livers)သာမက အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း(Non-Alcoholic Fatty Liver Disease/NAFLD)ဆိုပြီးတွေရတတ်ပါတယ်။
အသည်းအဆီဖုံးခြင်းဆိုသည်မှာ အသည်းဆဲလ်ထဲရှိအဆီပမာဏမှာ ရှိသင့်ရှိထိုက်သည်ထက်ပိုမိုများပြားနေခြင်းဖြစ်ပါတယ်။

အသည်းအဆီဖုံးခြင်းမှတစ်ဆင့် အသည်းရောင်ခြင်း အသည်ခြောက်ခြင်းနှင့် အသည်းကင်ဆာအထိ ဆက်ဖြစ်လာနိုင်ပါတယ်။

အသည်းအဆီဖုံးရခြင်းအကြောင်းများ———
အားလုံးသိထားတဲ့အတိုင်း အရက် အလွန်အကျွံ့ သောက်သုံးခြင်း(အရက်သောက်သူများရဲ့ 50-90 %)တွင်တွေ့ရတတ်ပါတယ်။သောက်သုံးလိုက်တဲ့ အရက်တွေကိုအသည်းကချေဖျက်ပေးရတယ်။ အဲလိုချေဖျက်တိုင်း အဆိပ်အတောက်ဓာတ်များကို အသည်းကနေ ထွက်ပေါ်စေတာကြောင့် အသည်းပျက်စီးရပါတယ်။

အရက်ကြောင့်မဟုတ်တဲ့အကြောင်းအရာတွေကတော့———
အဝလွန်သူ(အဝလွန်ရောဂါ(Obesity))ဆီးချိုရောဂါ၊ အစာအိမ်မူလမ်းကြောင်းနှင့် ပန်ကရိယပ်ရောဂါများ၊ မွေးရာပါ အစာချေ အင်ဇိုင်းများ ချိုတဲ့မူ စတဲ့ရောဂါတွေမှာလည်းအသည်းအဆီဖုံးနိုင်ပါတယ်။ အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးသူ ရာခိုင်နှုန်းမှာ ကမ္ဘာပေါ်တွင် 25% ရှိပါတယ်။

အသည်း အဆီးဖုံးနေကြောင်း ဘယ်လိုသနိုင်မလဲ?
မိမိတို့၏မိသားစုဆရာဝန်(သို့)အထူးကုသမားတော်များနှင့် ဆွေးနွေးတိုင်ပင်ပြီး အသည်လုပ်ဆောင်ချက်များ(Liver Function Test)စစ်ဆေးခြင်း၊
အာထာရာဆောင်း(Ultrasound)ရိုက်ခြင်းတို့မှ ကနဦးသိရှိနိုင်ပါတယ်။ ထိုစစ်ဆေးချက်များတွင် အသည်းအဆီဖုံးကြောင်း တွေ့ရှိပါက ဆရာဝန်၏ ညွှန်းကြားချက်ဖြင့် ခေတ်မှီနည်းပညာများဖြစ်သော Fibroscan ၊ CT Scan စတဲ့ အသည်းအတွင်းပိုင်းကို အသေးစိတ် စစ်ဆေးမူများ ပြုလုပ်နိုင်ပါတယ်။

ဘယ်လိုလက္ခဏတွေ ခံစားရတတ်လဲ?
အသည်းအဆီဖုံးရုံနဲ့ များသောအားဖြင့် ဘာရောဂါလက္ခဏမှ မပြတတ်ပါ။ညာဖက်ဝမ်းဗိုက်နှင့် ရင်ခေါင်းစပ်ကြားနေရာ မအီမသာဖြစ်ခြင်း၊တင်းကျပ်ခြင်း၊အားနည်းနုံးချိခြင်း၊အစားအသောက် ပျက်ခြင်း စသည့်တို့ကတော့ ရံဖန်ရံခါဖြစ်နိုင်ပါတယ်။ အသည်းခြောက်သွားတဲ့ အခြေအနေ ရောက်သွားရင်တော့ အရေပြားပေါ်တွင် အနီစက်များပေါ်လာခြင်း။ရေပျဉ်းဆွဲခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊မျက်လုံးနှင့် အသားများဝါလာခြင်း စသည့် လက္ခဏပေါ်လာတတ်ပါတယ်။

အသည်း အဆီမဖုံးအောင် ဘယ်လိုကာကွယ်နိုင်မလဲ? ဘာတွေစားသုံးသင့်သလဲ?
အဆီဖုံးခြင်းဆိုတဲ့ စကားအတိုင်းအဆီမဖုံးအောင်အဆီပါတဲ့ အစားအစာများလျော့စားပါ။အထူသဖြင့် ဆီကြော်များ၊အမဲဆီ၊ဝက်ဆီတို့ကိုရှောင်ပါ။အရက်ကြောင့်အဆီစဖုံးနေပြီဆိုရင်တော့ အရက်ကိုလုံးဝမသောက်သင့်တော့ပါ။

” အသည်းအဆီဖုံးခြင်းကို တတ်နိုင်သလောက် လျော့ချလိုက်ကြရအောင် “
#myDoctor

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…