အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read

လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။

ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။

ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။

အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒါကြောင့် လိင်တံထိပ်ဖူးငုံနေသူများဟာ ကျွမ်းကျင်ဆရာဝန်များနှင့်တိုင်ပင်ပြီး အရေပြားထိပ်ကိုဖြတ်သင့်လျှင်ဖြတ်ရပါမယ်။

အကယ်၍ လိင်တံအရေပြားထိပ်ဖြတ်မယ်ဆိုရင်တော့ အောက်ပါ အချက်တွေကိုသတိပြုသင့်ပါတယ်။

– လိင်ဆက်ဆံရာတွင်ခံစားမှုလျော့နည်းသွားခြင်း

– ဖြတ်ထုတ်မှုများလျှင်လိင်တံထောင်မတ်တဲ့အခါနာကျင်မှုခံစားရခြင်း

– ဆီးပြွန်ဝရောင်ရမ်းမှုဖြစ်ပေါ်စေနိုင်ခြင်း

ဖြတ်ထုတ်ပြီးပြီးခြင်း ဖြစ်ပေါ်တတ်သည့်အချက်များ

– သွေးထွက်ခြင်း

– အနာပိုးဝင်ခြင်း

– မေ့ဆေး/ထုံဆေးနှင့်ဓာတ်မတည့်ခြင်း

– ဂလင်းများထိခိုက်ပျက်စီးခြင်း

– ခွဲစိတ်မှုလက်ရာကြောင့် အဖုအကျိတ်အပြစ်အနာအဆာများဖြစ်ပေါ်နိုင်ခြင်း

လိင်တံအရေပြားဖြတ်ထုတ်ထားပြီးသူများလိုက်နာသင့်သည့်အချက်များ

– ရေချိုးတိုင်း လိင်တံကို ဆပ်ပြာ/ရေတို့ဖြင့်ဆေးကြောပါ။

– လိင်တံကိုပေါင်ဒါ ခရမ်များလိမ်းခြင်းမပြုပါနှင့်

လိင်တံအရေပြားဖြတ်ခြင်းကို မွေးဖွားအပြီး (၁)ရက်(၂)ရက်အကြာမှာကတည်းကလုပ်ဆောင်နိုင်ပေမယ့် လစေ့ပေါင်မပြည့်သော ကလေးငယ်များအားမလုပ်ပေးသင့်ပါ။

ဒါကြောင့် လိင်တံအရေပြားကို ဖုံးအုပ်နေတယ်ဆိုရင် ကျွမ်းကျင်ဆရာဝန်များထံမှာ သွားရောက်ဆွေးနွေးအကြံဉာဏ်တောင်းခံသင့်ပါကြောင်းအကြံပြုပါရစေ။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#myDoctor

#Telemedicine

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
နေထိုင်မှုပုံစံအခြားရောဂါများအထွေထွေရောဂါများအမျိုးသား ကျန်းမာရေး

Fistula-In-Ano

1 Mins read
ဂရင်ဂျီနာဆိုသည်မှာ Fistula-In-Ano (FIA)ဆိုတဲ့ရောဂါအခြေအနေဟာ လူတွေကို စိတ်ကသိကအောက်အလွန်ဖြစ်စေတဲ့ရောဂါပါ။ အများကတော့ ဂရင်ဂျီနာလို့ ခေါ်ကြပါတယ်။ FIA ဆိုတာဘာလဲ? FIA ဆိုတာ နာတာရှည် ပုံမှန်မဟုတ်သော လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းရဲ့ အတွင်းဘက်အပေါက်က ဝမ်းသွားတဲ့ Anal Canal(စအိုအတွင်းလမ်း)မှာရှိပြီး အပြင်ဘက်အပေါက်ကတော့ စအိုပေါက်ပတ်ဝန်းကျင်က…

Leave a Reply

Your email address will not be published. Required fields are marked *