Summer
စားသောက်မှုပုံစံနေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အပူကြောင့် ပင်ပန်းနွမ်းနယ်တယ်ဆိုတာ

1 Mins read

အပူကြောင့်ပင်ပန်းနွမ်းနယ်တယ်ဆိုတာ


🌬️ ဟူး ….. တစ်နေ့တစ်နေ့မြင့်တက်လာလိုက်တဲ့ အပူချိန်။ ဒီနွေအပူချိန်မှာ အပူကြောင့်ပင်ပန်းနွမ်းနယ်တယ်ဆိုတာ လူတော်တော်များများခံစားနေရမယ်လို့ ထင်ပါတယ်နော်။
အပူကြောင့် ပင်ပန်း နွမ်းနယ်တယ်ဆိုတာ ရာသီဥတုအစ ပတ်ဝန်းကျင်မှာ အပူချိန်မြင့်တက် လာတဲ့အခါ စိုထိုင်းမှုမြင့်တက်လာတဲ့အခါဖြစ်တတ်ပါတယ်။
ဒီလို ဖြစ်လာမယ်ဆိုရင် ချွေးထွက်တွေအရမ်းများလာမယ်။ ချွေးထွက်ပြီးတဲ့အခါ ကိုယ်လက်တွေမလှုပ်ချင်တာ၊ညောင်းတာတွေအပြင် တစ်ခါတစ်ခါ ကြွက်တက်တာ၊ သတိလစ်တာတွေအထိဖြစ်နိုင်ပါတယ်။

ဒါဟာ ချွေးထွက်တဲ့အချိန်ပါသွားတဲ့ ရေဓာတ်တွေ၊ သက်စောင့်ဓာတ်တွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အပူဓာတ်ခံနိုင်ဖို့ အပူကြောင့် ပင်ပန်းနွယ်နယ်တာတွေမဖြစ်စေဖို့ဆိုရင် အောက်ကအချက်လေးတွေကို လုပ်ဆောင်နိုင်ပါတယ်။
👉၁) မနက် အပြင်စထွက်ကထဲက ပေါ့ပါးပြီး ချွေးစုတ်တဲ့ အကျီၤ ဝတ်ဆင်သွားပါ။ ထီးဦးထုတ်တို့ကို ယူဆောင်သွားပါ။ချွေးစုတ်တဲ့ချည်သား အကျီၤ၊ အရောင်ဖျော့တဲ့အကျီၤ ပွပွလေးတွေဝတ်ဆင်မယ်ဆိုရင် လေဝင်လေထွက်လည်း ကောင်းမယ် ။ နွေရာသီ ဖက်ရှင်လည်း ဖြစ်နေမှာပါ။ထီး ယူတဲ့နေရာမှာလည်း နေရောင်ကာ ( UV protection) ပါဝင်တဲ့ ထီးမျိုးက ပိုပြီး အဆင်ပြေပါတယ်။


👉၂) သတိရတိုင်း ရေသောက်ပေးပါ။ အရက်၊ ကော်ဖီ အလွန်အကျွံမသောက်ပါနှင့်။နွေရဲ့ အပူချိန်က ခန္တာကိုယ်က ရေဓာတ်တွေကို ချွေးအဖြစ်ပြောင်းလဲလိုက်ပါတယ်။ ဒီထွက်လာတဲ့ချွေးကို ပြန်လည် ဖြည့်ပေးဖို့ဆိုရင် ရေများများသောက်ဖို့လိုပါတယ်။ တကယ်လို့ရေ ပြန်မသောက်ဖူးဆိုရင် ချွေးထွက်စရာ ရေဓာတ်မရှိဘဲ ချွေးခြောက်ပြီး ကိုယ်အပူချိန် တွေမြင့်လာနိုင်ပါတယ်။ ရေအပြင် ချွေးထွက်များရင်များသလို ဓာတ်ဆားလည်းသောက်ပေးနိုင်ပါတယ်။ အရက်၊ကော်ဖီစတာတွေက ကိုယ်တွင်းရေဓာတ်ကိုခန်းခြောက်စေပါတယ်။ ပူတဲ့ရာသီမှာတော့ အရက်၊ ကော်ဖီကိုရှောင်နိုင်ရင်ပိုကောင်းပါတယ်။

👉၃) နေ့လည် အရမ်းပူချိန်မှာ အပြင်းအထန်ကိုယ်လက်လှုပ်ရှားရှောင်ပါ။ အရိပ်ထဲတွင်နေပါ။တစ်နေ့တာရဲ့ အပူဆုံးအချိန်ဖြစ်တဲ့ နေ့လည် ၁၂နာရီ မှ ၃နာရီလောက်အတွင်းကို ပင်ပန်းတဲ့ ပြင်းထန်လှုပ်ရှားမှုမျိုး မလုပ်တာ ပိုကောင်းပါတယ်။ အဲ့ဒီအချိန်တွေမှာဆို ချွေးအရမ်းထွက်နိုင်ပြီး ချွေးထွက်ပြီးတာနဲ့ ဘာမှမလုပ်ချင်လောက်အောင်နှုန်းသွားတတ်လို့ပါ။ အပူဆုံးအချိန်တွေအတွင်းမှာ အရိပ်ရပြီး လေဝင်လေထွက်များတဲ့ နေရာမှာ နားသင့်ပါတယ်။


👉၄) နေရောင်ကာလိမ်းဆေး ( Sunscreen) လိမ်းဖို့မမေ့ပါနဲ့။ပူပြင်းလွန်းတဲ့နေရောင်မှာ အရေပြားကိုလောင်စေတဲ့ ကင်ဆာဖြစ်စေတဲ့ UV A, UV B တွေပါတာမို့ Sunscreen လိမ်းပေးခြင်းဖြင့်ကာကွယ်ပေးပါ။


👉၅) မိမိသောက်နေသောဆေးများကို ပြန်ဆန်းစစ်ကြည့်ပါ။အချို့သောဆေးတွေ( ဥပမာ_ နှလုံးဆေးအချို့၊ နှာဆေးပျောက်ဆေး၊ စိတ်ငြိမ်ဆေးအချို့) ဟာ ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် ဒီဆေးအမျိုးအစားတွေသောက်နေမယ်ဆိုရင် ဆရာဝန်ကို ဆောင်ရန်ရှောင်ရန်တွေ မေးထားသင့်ပါတယ်။


👉၆) မိမိဟာ ဝသူ( ကိုယ်အလေးချိန်များသူ) ဖြစ်ပါက ပိုသတိထားပါ။ဝတဲ့လူတွေက ပိုပူတတ်သလို ချွေူးပိုထွက်တတ်တာမို့ အပူဒဏ်ကို ပိုပြီး သတိထားသင့်ပါတယ်။


ဒီဆောင်းပါးလေးဖတ်ပြီး လူတိုင်းနွေရာသီကို အေးချမ်းစွာ ကျော်လွန်ဖြတ်သန်းနိုင်ကြပါစေ။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”

#မယ်တင်( ဆေး ၁)

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…
ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read
ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။ ကောင်းကျိုးများကတော့… (၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ (၂)အဆီပါဝင်မှုနည်းပါးခြင်း ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို…