All Articlesဆီးချိုရောဂါအထွေထွေရောဂါများ

အနာကျက်နှေးခြင်းနဲ့ ဆီးချိုရဲ့ပြဿနာ…

1 Mins read

အနာကျက်နှေးခြင်းနဲ့ ဆီးချိုရဲ့ပြဿနာ…

ဆီးချိုရောဂါဆိုတာ ခန္တာကိုယ်က ဆီးချိုကိုထိန်းညှိပေးမယ့် Insulin ဟော်မုန်းကိုမထုတ်နိုင်လို့ (သို့) ထုတ်ပေမယ့်လည်း မသုံးနိုင်လို့ ဖြစ်နေတဲ့ရောဂါတစ်ခုပါ။ ဆီးချိုရောဂါမှာ အနာဖြစ်ပြီဆိုရင် တော်တော်နဲ့ ပျောက်ဖို့ခက်တာ လူတော်တော်များများသိကြပါတယ်။ ဒါဆို ဘာလို့
ဒီလို ဆီးချိုရောဂါသမားတွေမှာ အနာကျက်တာနှေးရတာလဲ….

1) သွေးတွင်းသကြားဓာတ်များတာကြောင့်
သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက်များနေတဲ့အခါမှာ ကိုယ်ခံအားစနစ်ကိုကောင်း
ကောင်းအလုပ်မလုပ်နိုင်စေသလို ခန္တာကိုယ်တွင်းဆဲလ်တွေရောင်ရမ်းမှုကိုလည်းဖြစ်စေလို့
အနာကျက်တာနှေးတာပါ။ သွေးတွင်းသကြားဓာတ်တက်နေလို့ အောက်စီဂျင်နဲ့ အစာအာစာရတွေမရနိုင်တာကလည်း အနာကျက်တာနှေးစေတဲ့အကြောင်းအရာတစ်ခုပါပဲ။

2) အာရုံကြောတွေထိခိုက်ကုန်လို့
ဆီးချိုသမားတွေဟာ ခြေတွေ လက်တွေထုံကျင်တတ်တာကို တော်တော်များများသိကြပါတယ်။ ဘာလို့လဲဆိုရင် ဆီးချိုသမားတွေမှာ
အာရုံကြောတွေထိခိုက်ပျက်စီးသွားလို့ အာရုံခံစားမှုတွေကိုသိပ်မသိတော့ပါဘူး။ အများအားဖြင့် အာရုံခံစားမှုမသိတော့တာတွေဟာ လက်တွေ၊ ခြေဖဝါးတွေမှာ အဖြစ်များတတ်ကြတယ်။ အာရုံခံစားမှုမသိတော့ ခြေဖဝါးအနာဖြစ်နေရင်တောင် နာမှန်းမသိကြပါဘူး။

3) သွေးလည်ပတ်မှုမကောင်းလို့
ဆီးချိုရောဂါသည်တွေမှာ သွေးကြောပြသနာတွေရှိတဲ့အတွက် ခြေထောက်မှာရှိတဲ့သွေးကြောတွေကျဥ်းပြီး သွေးစီးဆင်းမှုသိပ်မကောင်းတတ်ပါဘူး။ သွေးတွင်းသကြားဓာတ်များတာကလည်း သွေးကြောနံရံပိုထူလာတာကို
ဖြစ်စေတဲ့အတွက် သွေးလည်ပတ်မှုကောင်းဖို့ပိုခက်လာပါတယ်။ ဒီလိုသွေးလည်ပတ်မှုမကောင်းလို့ လမ်းခဏလျှောက်ပြီးတဲ့အခါ ခြေ
သလုံးကြွက်သားတွေနာကျင်တာ၊ သွေးမစီးဆင်းတော့တဲ့အခါ အနာဖြစ်စေနိုင်ပြီး သွေးမစီးဆင်းလို့ပဲ အနာကျက်တာနှေးတတ်ပါတယ်။ သွေးစီးဆင်းမှုလုံးဝမရှိရင်တော့ ပုပ်သွားတာတောင်ဖြစ်နိုင်ပါတယ်။

4) ကိုယ်ခံအားမကောင်းလို့
ဆီးချိုသမားတွေက ကိုယ်ခံအားမကောင်းတတ်လို့ ရောဂါပိုးတွေကူးစက်လွယ်တာကိုတော့
တော်တော်များများ သိကြပါတယ်။ ဒီကိုယ်ခံအားဆဲလ်တွေဟာ အနာကျက်စေတဲ့ဖြစ်စဥ်မှာလည်းပါဝင်နေတတ်ပါတယ်။ ကိုယ်ခံအားဆဲလ်တွေနည်းနေရင် အနာကျက်တာမြန်မှာမဟုတ်ပါဘူး။

5) ရောဂါပိုးဝင်လို့
ဆီးချိုမှာ သွေးတွင်းသကြားဓာတ်များတာက ရောဂါပိုးတွေဝင်ရောက်ဖို့ကိုလမ်းစပြုနေတာပါ။ သွေးတွင်းသကြားဓာတ်များတာဟာ ကိုယ်ခံအားဆဲလ်တွေဝင်လာတဲ့ရောဂါပိုးကို မတိုက်နိုင်အောင်လည်းပြုလုပ်နေပါတယ်။ဒီရောဂါပိုးတွေသာ ခန္တာကိုယ်ထဲမှာ မကုသပဲ ဒီတိုင်းထားလိုက်ရင် အနာဖြစ်တာ၊ ပုပ်တာ၊ သွေးဆိပ်တက်တာ စတာတွေကိုဖြစ်လာစေပါတယ်။ ကိုယ်ခံအားဆဲလ်တွေကလည်း အနာကျက်အောင် ဒီအခြေအနေမှာမကူညီပေးနိုင်ပါဘူး။

ဒေါက်တာမိုးမခ(ဆေး ၂)

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…