strengthen the lungs
All Articlesနေထိုင်မှုပုံစံအခြားရောဂါများအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အဆုတ်အားကောင်းစေဖို့သဘာ၀နည်းနဲ့မြှင့်တင်ခြင်း

1 Mins read

အဆုတ်အားကောင်းစေဖို့သဘာ၀နည်းနဲ့မြှင့်တင်ခြင်း

ဒီနေ့ခေတ်လို အဆုတ်ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ပိုမိုလိုအပ်လာတဲ့ကာလမှာ ငွေကုန်ကြေးကျလည်း သက်သာသလို လိုက်နာနိုင်ရင်လည်း လိုက်နာနိုင်သလောက် အကျိုးရှိစေမယ့် အဆုတ်အားကောင်း‌ စေမယ့် သဘာ၀နည်းလမ်းအချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။အသက်ပြင်းပြင်းရှူခြင်း
အသက်ပြင်းပြင်းရှူပေးခြင်းက အဆုတ်အားကောင်းစေမယ့် နည်းလမ်းတွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။ မနက်စောစောလမ်းလျှောက်ပေးပြီးလတ်ဆတ်တဲ့ လေကိုတ၀ကြီးရှူရှိုက်ပေးခြင်းက အဆုတ်ကို သန့်စင်စေပါတယ်။
၂။ ရေ‌သောက်သုံးပေးခြင်း ‌
ရေများများသောက်သုံးပေးခြင်းဖြင့် အဆုတ်တွင်းကိုလေ၀င်ဖို့ရာလုပ်ဆောင်ချက်တွေကို တိုးတက်‌ ကောင်းမွန် စေပါတယ်။
၃။ အားကစားလုပ်ဆောင်ခြင်း
မနက်ခင်းလမ်းလျှောက်ခြင်းအပြင် ရေကူးခြင်း၊ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းတွေလို အားကစားလုပ်ဆောင်ခြင်းက အဆုတ်ကျန်းမာရေးကို ထိရောက်စွာကောင်းမွန်စေပါတယ်
၄။ ကြက်သွန်ဖြူစားပေးခြင်း
ကြက်သွန်ဖြူကတော့အသက်ရှူလမ်းကြောင်းကိုကောင်းမွန်စေပြီး ယောင်ရမ်းမှုများကိုလျော့ကျစေကာ သန့်စင်ပေးနိုင်ပါတယ်။
၅။ ဗီတာမင်စီ ပါ၀င်သောသီးနှံများစားပေးခြင်း လိမ္မော်သီး၊ ရှောက်ချိုသီးလိုသီးနှံများက အဆုတ် အားကောင်းဖို့ရာ ကူညီပံ့ပိုးပေးနိုင်ပြီး ကူးစက်ရောဂါတွေကို လျော့ချပေးနိုင်ပါတယ်။
၆။ ရီရီမောမောနေထိုင်ခြင်း
မကြာခနရီရီမောမောနေထိုင်ခြင်း ဟာ ၀မ်းဗိုက်ကြွက်သားအလုပ်လုပ်မှုနဲ့ အဆုတ်ရဲ့ ကြွက်သား လုပ်ဆောင်မှု စွမ်းရည်ကို တိုးတက်စေပါတယ်
၇။ပေါ့ပါးသွက်လက်စွာနေထိုင်ခြင်း
နေ့စဉ်နေ့တိုင်း လှုပ်ရှားဆောင်ရွက်မှုတွေကို တိုးမြှင့်ပြီးစိတ်ရောကိုယ်ပါပေါ့ပါးသွက်လက်စွာ နေထိုင်ခြင်းက ကျန်းမာတဲ့ အဆုတ်နဲ့ ကျန်းမာတဲ့ နှလုံးကိုပိုင်ဆိုင် စေပါတယ်
၈။ ဆေးလိပ် ဖြတ်ခြင်း
ဆေးလိပ်သောက်ခြင်းကတော့ အဆုတ်ကို အဓိကထိခိုက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပြီးတော့ ဆေးလိပ်သောက်ခြင်း/ဆေးလိပ်ငွေ့ရှူရှိုက်ခြင်း အားလုံးကိုရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါဘယတစ်ခုခုရှိနေပြီဆိုတာကိုသိနိုင်မယ့် အကြောင်းတွေအနေနဲ့
-ပုံမှန်အလုပ်တွေလုပ်ရင်းကနအသက်ရှူကျပ်ခြင်း
-အသက်ရှူတဲ့အခါ နာကြင်ခံစားရခြင်း
-လှုပ်ရှားမှုတစ်ခုပြောင်းလဲတဲ့အခါ မူးဝေတတ်ခြင်း
-ချောင်းဆိုးခြင်း
-လေရှူသွင်းရာလမ်းကြောင်းမှာ နာကြင်မှုခံစားရခြင်း စတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေခံစားရမယ် ဆိုရင်တော့ သက်ဆိုင်ရာဆရာ၀န်နဲ့ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်

ဒေါက်တာနိုင်း (ဆေး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…