Simethicone
စားသောက်မှုပုံစံအထွေထွေရောဂါများ

အစာအိမ်သမားများ သိထားသင့်တဲ့ Simethicone

1 Mins read

လေနိုင်ဆေး၊ လေအောင့်သက်သာဆေး တစ်မျိုး ဖြစ်တဲ့ Simethicone ဟာ အစာအိမ်သမားများ၊ ဗိုက်နာဗိုက်အောင့်လေ့ ရှိသူများ၊ အပူအစပ်ကြိုက်တတ်သူများ အတွက် မရှိမဖြစ် ဆောင်ထားလေ့ရှိကြတဲ့ ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ Simethicone ဆိုတဲ့ နာမည်ကိုတော့ တိုက်ရိုက် ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မယ်။ အစာအိမ်ဆေး လေဆေးတွေမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး အခြားအမျိုးအနွယ်များနှင့် အတူ အစာအိမ်ကြောင့်ဖြစ်တတ်တဲ့ လေပူထခြင်း၊ လေအောင့်ခြင်း၊ လေမလည်ခြင်း စတာတွေကို ဖြေရှင်းပေးနိုင်တဲ့ ဆေး တစ်မျိုးပဲဖြစ်ပါတယ်။

သူ့ရဲ့ အလုပ်လုပ်ပုံကတော့ အစာအိမ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေကို (make small air bubbles  to bigger ones)သွားပေါင်းပြီး လေချဉ်တက်စေခြင်း၊ လေလည်ခြင်းတို့ကို ဖြစ်စေကာ လေမြန်မြန် ထွက်စေခြင်း နည်းအားဖြင့် သက်သာအောင် ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။

ဝါးစားပြီး 30min (နာရီဝက်) အကြာမှာ အစွမ်းပြပါတယ်။

လေကို လျော့ထုတ်စေတဲ့ အစွမ်းတော့ သူ့မှာ မရှိပါဘူး။

Simethicone သောက်ဖို့ အသင့်တော်‌ဆုံး ၂ ချိန် ရှိပါတယ်။

အဲ့တာကတော့ 

၁၊ အစာစားပြီးချိန်

၂၊ အိပ်ရာဝင်ချိန် နှစ်မျိုးပဲဖြစ်ပါတယ်။

ဝါးစားလို့ရတဲ့ Chewable tablets ပုံစံနဲ့ ရှိတတ်သလို တစ်ချို့ အရည်ပုံစံနဲ့လည်း လာတတ်ပါတယ်။

ဆေးတိုင်းမှာ side effect ရှိသလိုပါပဲ Simethicone မှာလည်း အနည်းငယ်သော ဘေးထွက်ဆိုးကျိုး ရှိပါတယ်။

တစ်ချို့ လုံးဝမသောက်နိုင်သူတွေကိုလည်း တွေ့ဖူးပါတယ်။ သူ့ရဲ့ side effects တွေကတော့

-အန်ချင်တာ

-ဝမ်းသွားတာ

-ဝမ်းချုပ်တာ

-ခေါင်းကိုက်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ဆေးသောက်ရမယ့် ပုံစံကတော့ အစာစားပြီးတိုင်း ၁လုံး မှ ၂လုံး ကို တစ်ရက်ကို ၃ကြိမ်မှ ၄ကြိမ် အထိ သောက်ပေးနိုင်ပါတယ်။

အဓိက သက်သာစေတဲ့ ရောဂါတွေကတော့

-အစာမကြေ၊ ရင်ပြည့်ရင်ကယ်

-အပူအစပ်များ စားခြင်းကြောင့် အက်ဆစ်ထွက်များပြီး ဗိုက်အောင့် ဗိုက်နာခြင်း

-အစာအိမ် အချဉ်ဖောက်ခြင်း နှင့်

-လေထိုး လေအောင့်ခြင်းများကို လျင်မြန်စွာ သက်သာပျောက်ကင်းစေပါတယ်။

#Antigas
#DKSH
#myDoctor

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…