Uncategorized

အစာအိမ်ရောဂါ ကိုလက်ယပ်ခေါ်နေသောအပြုအမူများ ( Gastritis)

1 Mins read

ကိုယ့်ရဲ့နေထိုင်မှုပုံစံဟာ အစာအိမ်ရောဂါ ကိုဦးတည်နေလားတိုက်စစ်ကြည့်ရအောင်။

(၁) ကျန်းမာရေးနှင့်မညီညွတ်သောစားသောက်ပုံ

အစားစားချိန်မမှန်ခြင်းဟာလည်း အစာခြေအက်ဆစ်များက အစာအိမ်နံရံကို ပြန်လည်ထိခိုက်စေပါတယ်။

အသင့်စား/ပြုပြင်ထားတဲ့အစားအစာ ၊ ပြည့်ဝဆီများတဲ့အစားအစာ ၊ အချိုဓာတ်လွန်ကဲတဲ့အစားအစာ၊ အပူအစပ်များတဲ့အစားအစာ စတာတွေကို အလွန်အကျွံဆက်တိုက်စားမိလာတဲ့အခါ အစာအိမ်ရောဂါဖြစ်စေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ပါတဲ့အစားအစာတွေကို အစားနည်းခြင်းကလည်း ဝမ်းချုပ်ခြင်းနှင့်

အူနံရံအသားပိုထွက်ခြင်း (Divertiulitis) တို့ကိုဖြစ်စေပါတယ်။

(၂) လှုပ်ရှားမှုမရှိသောနေထိုင်ပုံ

ကိုယ်လက်လှုပ်ရှားမှုအားနည်းပြီး အထိုင်များခြင်းဟာ အစာခြေစနစ်ကိုနှေးကွေးစေပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကိုဖြစ်စေပါတယ်။

ဒါကြောင့် ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

(၃) အရက်အလွန်အကျွံသောက်သုံးခြင်း

အရက်အလွန်အကျွံသောက်သုံးခြင်းဟာလည်း အစာအိမ်ရဲ့ပုံမှန်လုပ်ဆောင်ချက်ကိုထိခိုက်စေပြီး အစာအိမ်ရောဂါဖြစ်စေပါတယ်။

(၄) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်း ဟာလည်း အစာအိမ်ရောဂါအပြင် အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်ကင်ဆာများကိုဖြစ်စေပါတယ်။

ဒါ့အပြင် ဆေးလိပ်သောက်ခြင်းက အစာအိမ်အတွင်းမှ အက်ဆစ်များ လည်မျိုသို့ပြန်တက်မလာစေအောင်ထိန်းပေးတဲ့ ကြွက်သား (lower esophageal sphincter)ကို

အားနည်းစေလို့ စားချဉ့်ပြန်ရောဂါကိုလည်းဖြစ်စေပါတယ်။

(၅) ရေရှည်စိတ်ဖိစီးမှု

အလုပ်ဖိအား၊ မိသားစုဖိအား နဲ့ လူမှုဆက်ဆံရေးဖိအားတွေဟာ ရေရှည်ဖြစ်လာတဲ့အခါမှာ အစာအိမ်ရဲ့ ပုံမှန်လုပ်ဆောင်မှုကိုအနှောက်အယှက်ဖြစ်စေပြီး

အစာအိမ်ရောဂါနဲ့ ဝမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

(၆) အလွန်အကျွံစားခြင်း

အစားအသောက်ကို ဗိုက်ပြည့်ပြီးတာတောင် ထပ်ခါထပ်ခါစားခြင်း၊ အလွန်အကျွံစားခြင်းကလည်း အစာအိမ်ကိုထိခိုက်စေပါတယ်။

(၇) အကိုက်အခဲပျောက်ဆေးသောက်ခြင်း

အကိုက်အခဲပျောက်ဆေးခဏခဏသောက်တဲ့အခါ အစာအိမ် ကိုထိခိုက်စေနိုင်ပါတယ်။

(၈) ရေသောက်နည်းခြင်း

ရေဟာ အစာခြေစနစ်မှာလည်း ကြီးမားတဲ့အကူအညီဖြစ်တဲ့အတွက် ရေသောက်နည်းတဲ့အခါ အစာအိမ်ရောဂါ ဖြစ်နိုင်ခြေကိုတိုးမြှင့်စေပြီး အစာအိမ် နဲ့ အူလမ်းကြောင်းရဲ့လုပ်ဆောင်ချက်ကိုထိခိုက်စေပါတယ်။

(၉) အိပ်ရေးပျက်ခြင်း

အအိပ်ပျက်အစားပျက်ဆိုတဲ့စကားအတိုင်း အိပ်ရေးပျက်ပါများတဲ့အခါ ဟော်မုန်းလည်ပတ်မှုကိုမညီမညွတ်ဖြစ်စေလို့ စိတ်ဖိစီးမှုဖြစ်ခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းတို့ရဲ့ပုံမှန်လုပ်ဆောင်ချက်ကိုထိခိုက်စေလို့ အစာအိမ်ရောဂါ ဖြစ်နိုင်ခြေကိုလည်းတိုးမြင့်စေပါတယ်။

(၁၀) တစ်ကိုယ်ရေသန့်ရှင်းမှု

အစာမစားခင်လက်ဆေးတာလိုမျိုး တစ်ကိုယ်ရေကျန်းမာရေးအလေ့အကျင့်ကောင်းတွေမရှိတဲ့ အခါ ဘက်တီးရီးယား တွေဝင်ရောက်ပြီးတော့လည်း အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ တွေက ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် ကိုယ့်ကိုကိုယ်ဆန်းစစ်ပြီး ရှောင်သင့်တာရှောင်ရင်း အမြဲကျန်းမာနိုင်ကြပါစေရှင်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

Related posts
Uncategorized

ရဲဆေး( အရက် ) တင်ထားမှ ကြာတယ်ဆိုတာဟုတ်လား?

1 Mins read
အရက် ဟာ လိင်မှုဆိုင်ရာကိစ္စရပ်များအပေါ် ရှုပ်ထွေးတဲ့ သက်ရောက်မှုရှိနိုင်ပြီး အကျိုးသက်ရောက်မှုဟာ လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့သူတွေမှာ အရက်ကို ပမာဏအသင့်အတင့်သောက်သုံးခြင်းဟာ စိတ်ကိုပြေလျော့စေပြီး ယုံကြည်မှုတိုးလာစေကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ အရက် သောက်ပြီး လိင်ဆက်ဆံခြင်းဟာ သုက်လွှတ်ခြင်းကို…
Uncategorized

လေလည်ခြင်း ဆိုတာ

1 Mins read
လေလည်ခြင်း ဆိုတာ အစာခြေမှု လုပ်ငန်းစဉ်အတွင်း ခန္ဓာကိုယ်မှ ပိုလျှံနေသော လေ (သို့) ဓာတ်ငွေ့များကို စွန့်ထုတ်ရန် လိုအပ်တဲ့အခါ ဖြစ်ပေါ်တဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လေလည်ခြင်း ဆိုတာ သင့်ရဲ့ အစာခြေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။…
Uncategorized

ဦးထုပ်မဆောင်းမိခဲ့လျှင်... ( ကွန်ဒုံး )

1 Mins read
ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ အဓိကအန္တရာယ် နှစ်ခုရှိပါတယ်။ (၁) လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကွန်ဒုံးဟာ ပါးစပ်၊ စအို သို့မဟုတ် မိန်းမအင်္ဂါဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်ကတစ်ဆင့်ကူးစက်သော ကူးစက် ရောဂါများကို တားဆီးရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး  ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်းဟာ လိင်က တစ်ဆင့်…

Leave a Reply

Your email address will not be published. Required fields are marked *