Monkey Pox
Uncategorizedကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

အခုဖြစ်နေတဲ့ ကူးစက်ရောဂါ Monkeypox (မျောက်ကျောက်ရောဂါ)

1 Mins read

Monkeypox

Monkeypox (မျောက်ကျောက်‌‌ရောဂါ)ကို ဘယ်လိုစတွေ့ခဲ့လဲ?
Monkeypox (မျောက်ကျောက်) ဆိုတာ Poxviridae မျိုးရိုးရှိ Orthopoxvirus genus ၏အဖွဲ့ဝင်ဖြစ်တဲ့ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။ 1958 ခုနစ်မှာ မျောက်မှာ စတွေ့တဲ့အတွက် မျောက်ကျောက်ရောဂါလို့ခေါ်တွင်ခဲ့ပါတယ်။ လူတွေမှာဖြစ်ပွားတာတော့ 1970 ခုနစ်မှာ အာဖရိကနိုင်ငံတွေ့မှာ စတင်တွေ့ရှိခဲ့ပါတယ်။

👉အခု လက်ရှိမှာ Monkeypox ဘယ်လောက်ဖြစ်နေပြီလဲ?
Monkeypox ကို အာဖရိက၊အမေရိကန်၊ သြစတြေးလျ၊ ယူကေစတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ လူပေါင်း ၉၂ ယောက် ကူးစက်ခံထားရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက May 21မှာ ထုတ်ပြန်ထားပါတယ်။


👉Monkeypox က ဘယ်လောက်ပြင်းတဲ့ကူးစက်ရောဂါလဲ?
Virusတစ်ခု outbreak ဖြစ်လာဖို့ Virus က မျိုးရိုးဗီဇပြောင်းနိုင်ရမယ်၊ အကြာကြီးရှင်သန်နိုင်ရမယ်၊ ကူးစက်မြန်ရပါမယ်။ Monkeypox ကတော့ DNA virus ဖြစ်တဲ့အတွက် covid လို မျိုးရိုးဗီဇမြန်မြန်မပြောင်းနိုင်ပါဘူး။ ဒါအပြင် Monkeypox ကအချိန်အကြာကြီး ထိတွေ့မှ ကူးစက်နိုင်တဲ့အပြင် ရောဂါလက္ခဏာတွေကလည်း မပြင်းထန်တာများပါတယ်။


👉ဘယ်လိုကူးစက်နိုင်လဲ?

●ရောဂါပိုးရှိတဲ့သူနဲ့ အနီးကပ်ထိတွေ့ခြင်းရှိတဲ့သူတွေမှာ ကူးစက်နိုင်ပါတယ်။ virus က မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ ခန္ဓာကိုယ်မှထွက်တဲ့အရည်၊ တံတွေးနဲ့အသက်ရှုလမ်းကြောင်းမှထွက်တဲ့ အမှုန်အမွှား၊ပြဲနေတဲ့အရေပြားကနေတစ်ဆင့် ကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။
●လိင်မှတစ်ဆင့် ကူးစက်နိုင်တယ်လို့မဖော်ပြထားသော်လည်း လိင်ဆက်ဆံစဥ် တိုက်ရိုက်ထိတွေ့ခြင်းမှကူးစက်နိုင်ပါတယ်။
●တိရစ္ဆာန်တွေကလည်း ရောဂါပိုးသယ်ဆောင်နိုင်တဲ့အတွက် မျောက်၊ ကြွက်စတဲ့ တိရစ္ဆာန်တွေကနေ အကုတ်ခံရတာ၊ အကိုက်ခံရကနေကူးစက်နိုင်ပါတယ်။ ●virus ပိုးရှိတဲ့ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေ တိုက်ရိုက်ထိတွေ့ရာကနေလည်း ကူးစက်နိုင်ပါတယ်။

👉ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ?ရောဂါလက္ခဏာတွေကို ကူးစက်ခံရပြီး ၅ရက်ကနေ၂၁ရက်အတွင်း တွေ့ရပါတယ်။ လက္ခဏာတွေကတော့
●ဖျားခြင်း
●ခေါင်းကိုက်ခြင်း
●ကြွက်သားများနာကျင်ကိုက်ခဲခြင်း
●ပင်ပန်းနွမ်းနယ်ခြင်း
●ပြန်ရည်အိတ်များယောင်ခြင်း ဖျားပြီး ၁ရက် ၃ရက်အတွင်း မျက်နှာပေါ်မှာ အနီစက်အဖုအဖိမ့်များပေါ်လာပါတယ်။ မျက်နှာကနေ တစ်ကိုယ်လုံးပျံ့နှံ့သွားနိုင်တယ်ဆိုပေမယ့် လက်နဲ့ခြေထောက်တွေမှာ ပျံ့နှံ့တာပိုတွေ့ရပါတယ်။အနီစက်တွေမှာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။ အနီစက်တွေက တစ်ခုနဲ့တစ်ခုပေါင်းစပ်သွားပြီး နောက်ဆုံးမှာတော့ အနာဖေးအဖြစ်ကျန်ခဲ့ပါတယ်။

👉Monkeypox ရောဂါက စိုးရိမ်ရလား?Monkeypox ရောဂါက များသောအားဖြင့် သာမန် လက္ခဏာတွေပဲတွေ့ရပြီး 2ပတ် 4ပတ်လောက်ကြာရင် သူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ ကလေးတွေနဲ့ ကိုယ်ခံအားကျဆင်းနေတဲ့သူတွေမှာတော့ ရောဂါအခြေအနေဆိုးနိုင်ပါတယ်။

🔕🔕ရောဂါရဲ့နောက်ဆက်တွဲတွေကတော့
– သွေးဆိပ်တက်ခြင်း
-ဉီးနှောက်ရောင်ခြင်း
– မျက်ကြည်လွှာပိုးဝင်ခြင်း
– အဆုတ်ရောင်ခြင်းစတာတွေတွေ့ရပါတယ်။
ရောဂါရဲ့သေဆုံးနှုန်းက 3- 6%ထိရှိနိုင်တယ်လို့ WHO ကထုတ်ပြန်ထားတဲ့အတွက် ရောဂါမကူးစက်အောင် ဂရုစိုက်ဖို့တော့လိုပါတယ်။ Monkeypox(မျောက်ကျောက်) ရောဂါနဲ့ပတ်သက်ပြီးထပ်သိချင်တာပဲဖြစ်ဖြစ် တစ်ခြား ကျန်းမာရေးကိစ္စတွေဖြစ်ဖြစ် ဆွေးနွေးချင်တယ်ဆိုရင် myDoctor မှာ လာရောက်တိုင်ပင်ဆွေးနွေးလိုက်ပါ။

“တိုင်ပင်ဆွေးနွေးကျန်းမာရေး myDoctorနှင့်ဆက်သွယ်ပေး”
#monkeypox #မျောက်ကျောက်
#myDoctor #Telemedicine

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

1 Comment

Comments are closed.