ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read

သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia) ၊ ပြန်ရည်ကြောအကျိတ်ကင်ဆာ (lymphoma) နှင့် ရိုးတွင်းခြင်ဆီသွေးကင်ဆာ (myeloma)  ဆိုပြီး အဓိက အမျိုးအစား သုံးမျိုးရှိပါတယ်။ အမျိုးအစားတစ်ခုစီမှာ အမျိုးအစားခွဲများနှင့် ကွဲပြားမှုများရှိပါတယ်။

သွေးကင်ဆာတို့ရဲ့ သဘောသဘာဝနှင့် လက္ခဏာများ ကတော့-

(၁) သွေးဖြူဥကင်ဆာ (Leukemia)

သွေးဖြူဥကင်ဆာ (Leukemia) ဟာ  ရိုးတွင်းခြင်ဆီမှာ စတင်ဖြစ်ပွားပြီး သွေးနှင့် သွေးကို ဖွဲ့စည်းတည်ဆောက် ပေးတဲ့တစ်သျှူးများကို ထိခိုက်စေတဲ့ ကင်ဆာဖြစ်ပါတယ်။ သွေးဖြူဥကင်ဆာ (Leukemia) ဖြစ်ရင် ခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဖြူဥများ လျင်မြန်စွာ ထုတ်လုပ်ပါတယ်။ သွေးဖြူဥကင်ဆာ (Leukemia) ရဲ့ အဓိက အမျိုးအစား လေးမျိုး ရှိပါတယ်။ Acute myeloid leukemia (AML)၊ Chronic myeloid leukemia (CML)၊ Acute lymphoblastic leukemia (ALL) နှင့် Chronic lymphocytic leukemia (CLL) တို့ဖြစ်ပါတယ်။

သွေးဖြူဥကင်ဆာ (Leukemia) ရောဂါလက္ခဏာများ

–      ပင်ပန်းနွမ်းနယ်ခြင်းနှင့်အားနည်းခြင်း

–      မကြာခဏ ပိုးဝင်ခြင်း

–      သွေးခြေဥလွယ်ခြင်းနှင့် သွေးထွက်လွယ်ခြင်း

–      သွေးအားနည်းခြင်း (သွေးနီဥအရေအတွက်နည်းခြင်း)

–      ဖြူဖျော့ခြင်း

–      ပြန်ရည်ကျိတ် (lymph nodes) များ ရောင်ရမ်းခြင်း

–      အရိုးနာကျင်ခြင်း

–      ကိုယ်အလေးချိန်ကျခြင်း

–      ညဘက် ဇောချွေးပြန်ခြင်း

–      ဖျားခြင်း၊ ကိုယ်ပူခြင်း

(၂) ပြန်ရည်ကြောအကျိတ်ကင်ဆာ (lymphoma)

Lymphoma ဟာ ခုခံအားစနစ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပြန်ရည်ကြောစနစ်မှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာဖြစ်ပါ တယ်။ Lymphoma မှာ ပုံမှန်မဟုတ်တဲ့ lymphocytes (သွေးဖြူဆဲလ်အမျိုးအစား) ကြီးထွားမှုနှင့် ပြန်ရည်ကျိတ် များ နှင့် အခြားသော lymphoid တစ်သျှူးများတွင် အကျိတ်များဖြစ်ခြင်းတို့ ပါဝင်ပါတယ်။

ပြန်ရည်ကြောအကျိတ်ကင်ဆာ (lymphoma) ရဲ့ ရောဂါလက္ခဏာများ

–      ပြန်ရည်ကျိတ်များ နာကျင်မှုမရှိဘဲ မကြာခဏ ရောင်ရမ်းခြင်း

–      အဖျားတက်နှင့် ချမ်းတုန်ခြင်း

–      အကြောင်းအရင်းရှင်းပြလို့မရဘဲ ကိုယ်အလေးချိန်ကျခြင်း

–      ပင်ပန်းနွမ်းနယ်ခြင်း

–      ညဘက် ဇောချွေးပြန်ခြင်း

–      အရေပြားယားယံခြင်း

–      ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်ထဲတင်းကျပ်ကျပ်ဖြစ်ခြင်း (ရင်ခေါင်းထဲမှာရှိတဲ့ ပြန်ရည်ကျိတ် မှာ ဖြစ်တဲ့ကင်ဆာဆိုရင်)

–      ဝမ်းဗိုက်နာခြင်း သို့မဟုတ် ရောင်ရမ်းခြင်း (ဝမ်းဗိုက်အတွင်း ပြန်ရည်ကျိတ်မှာ ဖြစ်တဲ့ကင်ဆာဆိုရင်)၊

–      အသက်ရှူရခက်ခဲခြင်း သို့မဟုတ် ချောင်းဆိုးခြင်း (ရင်ဘတ်ကိုထိခိုက်စေသော ပြန်ရည်ကျိတ်ကင်ဆာ ဆိုရင်)

(၃)  ရိုးတွင်းခြင်ဆီသွေးကင်ဆာ (myeloma)  

Multiple myeloma ဟုလည်းလူသိများသော ရိုးတွင်းခြင်ဆီသွေးကင်ဆာ (myeloma) ဟာ ပဋိပစ္စည်း ထုတ်လုပ် ပေးတဲ့ သွေးဖြူဥ အမျိုးအစားဖြစ်တဲ့ သွေးရည်ကြည် (plasma) ဆဲလ်များမှာအစပြုသော သွေးကင်ဆာ တစ်မျိုး ဖြစ်ပါတယ်။ Myeloma ဆဲလ်များဟာ ရိုးတွင်းခြင်ဆီမှာ စုပုံပြီး အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျိတ်များဖြစ်သည်။

ရိုးတွင်းခြင်ဆီသွေးကင်ဆာ (myeloma)  ရဲ့ ရောဂါလက္ခဏာများ

–      ကျောရိုး သို့မဟုတ် နံရိုးများတွင် မကြာခဏ နာကျင်ခြင်း

–      အရိုးကျိုးခြင်း (အရိုးအားနည်းခြင်းကြောင့်)၊

–      ပင်ပန်းနွမ်းနယ်ခြင်း

–      အားနည်းခြင်း

–      သွေးအားနည်းခြင်း

–      ကျောက်ကပ်ပြဿနာများ

–      မကြာခဏ ရောဂါပိုးဝင်ခြင်း

–      ပျို့အန်ခြင်း

–      ရေငတ်ခြင်းနှင့် ဆီးသွားခြင်း (ကျောက်ကပ်ဆိုင်ရာ ပြဿနာများကြောင့်)

သွေးကင်ဆာရဲ့ လက္ခဏာများဟာ ကင်ဆာအမျိုးအစားနှင့် အဆင့်ပေါ်မူတည်၍ ကျယ်ပြန့်စွာ ကွဲပြားနိုင်ကြောင်း သတိပြုရန် အရေးကြီးပါတယ်။ အချို့သောရောဂါလက္ခဏာများဟာ  အခြားရောဂါအခြေအနေများနှင့် ဆင်တူနေ နိုင် တဲ့အတွက် ရောဂါရှာဖွေရာမှာ စိန်ခေါ်မှုဖြစ်စေနိုင်ပါတယ်။ သင် သို့မဟုတ် သင်သိသူတစ်ဦးဦးဟာ မရှင်းပြ နိုင်သော ရောဂါလက္ခဏာများ အထူးသဖြင့် အထက်တွင်ဖော်ပြခဲ့သော ရောဂါလက္ခဏာများ ဆက်တိုက် ဖြစ်ပေါ် နေပါက၊ ရောဂါရှာဖွေရန်နှင့် လိုအပ်တဲ့ ဆေးကုသမှုခံယူရန် အရေးကြီးပါတယ်။ ရောဂါကို စောစီးစွာ ရှာဖွေ တွေ့ရှိခြင်းနှင့် ကုသခြင်းဟာ သွေးကင်ဆာရောဂါအတွက် ရလဒ်များကို သိသိသာသာ တိုးတက်စေနိုင်ပါ တယ်။

ယခုလိုဗဟုသုတရစရာအကြောင်းအရာတွေကို https://www.facebook.com/myDoctorMyanmar facebook channel နှင့် www.mydoctor.com.mm မှာအမြဲမပြတ်ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

#DrShoon(ဆေး-၁)

#myDoctor

#Telemedicine

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…

Leave a Reply

Your email address will not be published. Required fields are marked *